Sunday, 24 June 2012

နိင်ငံရေး သူငယ်နာ မကင်းသူများ




ဆရာတော် ကြီး ဒလိုင်လားမား နယူးယောက်မြို့ကို ကြွလာတော့ နယူးယောက်မြို့က
မြို့ လုံကျွတ်လာကြတယ်။  နယူးယောက်မြို့ဗဟိုပန်းခြံကြီးမှာတရားပွဲကြီးလုပ်တယ်။
မြင်းစီးပုလိပ်တွေဖွေးဖွေးလှုပ်ချထားပေးတယ်။  ဗဟိုပန်းခြံက ရန်ကုန်မြို့လောက်ကိုရှိတာ
အရှေ့ ၊အနောက်၊တောင်၊မြောက် အပေါက် တွေက လာလိုက်တဲ့လူတွေ ဟာ ကြက်ပျံမကြ
ဖြစ်နေတယ်။ ဒေသဆိုင်ရာသတင်းစာတွေက လူ ၅သိန်းခန့် တက်ရောက်တဲ့အတွက် အမေရီကန် သမိုင်းမှာ အကြီးမားဆုံးသောလူထုစုရုံးပွဲကြီးလို့ မှတ်တမ်းတင်ခဲ့တယ်။
အမေရိကန်သမတတွေ အရွေးခံရလို့ မိန့် ခွန်းပြောတဲ့အထဲမှာ အိုဘားမားမိန့် ခွန်းပြောတဲ့ပွဲက
လူတသိန်းလာတဲ့အတွက်အများဆုံးလို့ မှတ်တမ်းတင်ထားတာနဲ့နိင်ယျဉ်ကြည့်လို့ ဒလိုင်လားမား သြဇာကဘယ်လောက်ကြီးသလဲဆိုတာကိုသိနိင်တယ်။

ဘုရားပွင့်ပြီဆိုတော့မဇီမတိုင်းတခုလုံးအုတ်အော်သောင်းနင်းဖြစ်ပြီးဘုရားပွင့်တဲ့အရပ်ကိုလူတွေသွားကြတယ်လို့ ကျနော်အဖိုးပြောပြဘူးတာသွားသတိရတယ်။ ဒါမျိုးနေမှာပဲလို့ စိတ်မှမအောင့်မေ့မိတယ်။ အမေရိကန်ရွေးကောက်ပွဲကလဲ နီးလာပြီဆိုတော့
သမတဂျော့ဘုတ်ရှ်ရဲ့  အောင်နိင်ရေးအဖွဲ့ တွေကရော၊ ပြိုင်ဖက်ဒီမိုကရက်ပါတီက ဂယ်ရီ အောင်ရမည်ဆိုတဲ့အဖွဲ့ တွေရော ဒလိုင်လားမားသြဇာကို ကပ်ပြီးအသုံးချကြရပါတယ်။ ဒလိုင်လားမားပရိတ်သပ်ကြီးကို သူတို့  ပါတီအာဘော်တွေကို ဝေကြခြင်းဖြင့် စည်းရုံးရေးဆင်းကြတယ်။  တခြား လူမှုရေးအသင်းအပင်းတွေကလဲ ဒလိုင်လားမားပရိတ်သပ်ကို အမှီပြုပြီးသူတို့ အသင်းအပင်းတွေရဲ့ အာဘော်တွေ ကိုဖြန့် ဝေကြတယ်။ တီရှပ်တွေကိုရောင်းကြတယ်။

ဒီလိုလုပ်လို့ ဒလိုင်လားမားကို တရားဟောဖို့ စီစဉ်တဲ့သူတွေက အမုန်းမပွားကြဘူး။ အပြုံးမပျက်ကြဘူး။  ပရိတ်သပ်ကလည်းသူတို့ ကို အားပေးမြဲအားပေးကြတယ်။
ကျနော်တို့ မြန်မာသူငယ်ချင်းမိတ်ဆွေတွေတစုလည်း အခွင့်အရေးရတုံး ဒေါ်အောင်ဆန်းစုကြည်နဲ့နိင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တီရှပ်တွေဆင်တူဝင်ထားခြင်းဖြင့် ကိုယ်နိင်ငံအခြေအနေကို အများသိအောင်လုပ်ခဲ့ကြပါသေးတယ်။ ဒီမိုကရေစီမှာဒါဟာ အပြန်အလှန်အမှီပြုကြရတဲ့ ဆက်ဆံရေး (Symbiosis Relation) ရှိမယ်။ ကိုယ် အရေးကိုအခွင့်သာတုံးတင်ပြကြရတာပါ။
ဒါကို အားပေးသင့်တယ်။ ချီးမြောက်သင့်တယ်။ မရှုတ်ချသင့်ဘူး။

         +
ဒေါ်အောင်ဆန်းစုကြည်လန်ဒန်လာတော့ ပရိတ်သပ်များတယ်။ မီဒီယာတွေအာရုံစိုက်ခံထားရတယ်။ ကချင် လူငယ်တွေဟာ ကချင်ပြည်နယ်မှာဖြစ်နေတဲ့
ပြည်တွင်းစစ်ပွဲအကြောင်း၊ လူအခွင့်အရေးဆုံးရှုံးမှုတွေအကြောင်းကို  တင်ပြကြတယ်။ လမ်းဘေးမှာ ပိုစတာတွေကိုင်ပြီး တင်ပြနေတာ ဘာမှ မမှားဘူးလို့ ကျနော်မြင်တယ်။ ဒီမိုကရေစီစနစ်မှာ ဒီလိုငြိမ်းချမ်းစွာတင်ပြမှု၊ထုတ်ဖေါ်မှုတွေကို အားပေးရမှာဖြစ်ပါတယ်။
ကချင်လူငယ်တွေ ဆန္ဒထုတ်ဖေါ်တယ်။ မေးခွန်းမေးကြတယ်။   သူတို့  ဆန္ဒထုတ်ဖေါ်နေတဲ့အချိန်မှာ သူတို့ ကိုအားပေးတာပူးပေါင်းတာတွေဟာလည်း လုပ်ရမှာဖြစ်တယ်။ သူတို့ ကိုမမေ့ဖို့ သူတို့ တင်ပြတာတရားမျှတမှုရှိတယ်။ မှန်တယ်။
သူတို့ ကိုဝေဖန်တဲ့သူတွေသာ နိင်ငံရေး သူငယ်နာမကင်းကြတဲ့သူတွေဖြစ်တယ်။ နိင်ငံရေးလေနာထနေသူတွေဖြစ်တယ်။  

No comments :