Friday, 8 June 2012

ထိုင်းနိုင်ငံအခြေစိုက် Thailand Burma Boder Consortium မှ အမျိုးသားဒိမိုကရေစီအင်အားစုပါ တီဌာနချုပ်တွင် ဒီမိုကရေစီမိတ် ဆွေပါတီများနှင့် တွေ့ဆုံ

NDF activities june 8, 2012 Friday
ထိုင်းနိုင်ငံအခြေစိုက် Thailand Burma Boder Consortium  မှ  Emergency
Response Dirctor Mr Ducan McArthur သည် ယနေ့နေ့လည် (၁း၀၀)နာရီက
အမျိုးသားဒိမိုကရေစီအင်အားစုပါ
တီဌာနချုပ်တွင် ဒီမိုကရေစီမိတ်
ဆွေပါတီများနှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံနယ်စပ်ရှိ
ဒုက္ခသည်စခန်းများ၏လက်ရှိအခြေအနေများကို ရှင်းလင်းဆွေးနွေး ပွဲ
ပြုလုပ်ပါသည်။
       ထိုဆွေးနွေးပွဲသို့ ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်ကြသော
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့်
ပါတီဥက္ကဌ ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဥက္ကဌ ဦးသုဝေ၊
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှန့်၊
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးးပါတီ မှ ဦးထွန်းရွှေ၊
ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအေးမောင်၊
ချင်းအမျိုးသားပါတီမှ ဥက္ကဌ ဦးဇိုဇမ် နှင့် အတွင်းရေးမှူး ဆလိုင်းငယ်ပီး
တို့ တက်ရောက်ကြပါသည်။
       ဆွေးနွေးပွဲတွင် အဓိကအားဖြင့် ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်များထံသို့
အကူအညီပေးနေမှုများ တစ်နေ့ တစ်ခြားလျှော့နည်းပါးလာသဖြင့်
ဒုက္ခသည်များအနေဖြင့် စားဝတ်နေရေးအခက်အခဲများ တွေ့ကြုံနေလာရခြင်း နှင့်
ထိုကိစ္စအပေါ် ကူညီဆောင်ရွက်ပေးရန် လိုအပ်နေမှုများ၊
အမျိုးသားပြန်လှယ်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးကို
အမြန်ဆုံးတည်ဆောက်နိုင်မှသာ ဒုက္ခသည်များအရေး ဖြေရှင်းနိုင်မည်ဖြစ်သဖြင့်
နိုင်ငံရေးပါတီများ အနေဖြင့်
ပြည်တွင်းငြိမ်းချမ်းရေးးအမြန်ဆုံးဖြစ်ပေါ်စေရန်အတွက်
ဝိုင်းဝန်ကူညီပံ့ပိုးကြရန် လိုအပ်နေကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြပါသည်။

No comments :