Sunday 1 July 2012

မြေချပါမစ် အလိမ်ခံရသူတဦး

ကိုမိုးသီးဇွန် ခင်ဗျား



ဒါလေးတချက်လောက် သိအောင် ကူညီပေးပါအုံး လွန်ခဲ့သော ၂၀၀၃ ခုနှစ်ခန့်က လှိုင်သာယာမြို့ နယ် ရွှေလင်ဗန်း ကျေးရွာအား မြို့ကွက်သစ်ဖော်ထုတ်ခဲ့ရာ တာဝန်ရှိသူများမှ မြေကွက်များ မဲနှိုက်ချထားပေးခဲ့ပါသည်။ ထိုသို့ ချထားပေးရာတွင် မြေကွက်များအား တာဝန်ရှိသူ ရယက ဦးဇော်မင်းလွင်၊ ရ၀တ ဦးကြည်စိုး (ခ)၀ဲကျော် တို့မှာ အမည်တူများကို မရိုးမဖြောင့်သော သဘောဖြင့်
လုပ်ကိုင်ခွင့်ကို အလွှဲသုံးစားပြုလုပ်ပြီး မြေချပါမစ်များအား လိမ်လည်ထုတ်ယူခဲ့သဖြင့် ၂၀၁၂ခုနှစ် ဇွန်လပိုင်းဆန်းက လှိုင်သာယာတရားရုံးမှ ပြစ်မှုကြီးအမှတ် - ၁၉၉၉/၂၀၁၁ ပုဒ်မ ၄၂၀ / ၄၀၆ / ၁၀၉ အရ  ရ၀တ ဦးကြည်စိုး(ခ)၀ဲကျော်၊ ရယက ဦးဇော်မင်းလွင်၊ နိုင်ဦး တို့အား အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တိတိကျကျ စစ်ဆေးပြီး လှိုင်သာယာတရားရုံးမှ ထောင်ဒဏ် သုံးနှစ်စီ ပြစ်ဒဏ်ပေးခဲ့ကြောင်း
သိရှိရပါသည်။
        ထို့အတူ ကျွန်တော်၏ မြေကွက်အမှတ် ၁၀၈ အား ကျွန်တော်မှ သွားေ၇ာက် ထုတ်ယူရာ
ကျွန်တော်၏ မြေချပါမစ်မှာ လိမ်လည်ထုတ်ယူသွားခဲ့သည်ဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းကဲ့သို့  တိတိကျကျ စစ်ဆေးပေးပါရန် တာဝန်ရှိသူများအား သိစေရန် We Fight We Win  မှတဆင့်
သတင်းထုတ်လွှင့်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။


မြေကွက်ဆုံးရှုံးသူ
ခင်မောင်အေး

No comments :