Tuesday 24 July 2012

အမျိုးသား ဒီမိုကရေစီအင် စု သတင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
လှုပ်ရှားမှုသတင်းများ ဇူုလိုင်လ ၂၄ ရက်၊ ၂၀၁၂

၂၄-၇-၂၀၁၂ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် ပြည်ထောင်စုကော်မရှင်၏
ဖိတ်ခေါ်ချက်အရ  ရွေးကောက်ပွဲစနစ် ပြုပြင်ရေးအချိုးကျကိုယ်စားပြုစနစ်အကြောင်
း ကြိုတင်ညှိနှိုင်းအစည်းအဝေးကိုအမျိုးသားဒီမိုကရေစီအင်အားစု ပါတီဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သည်။

ထိုကြိုတင်ညှိနှိုင်းပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါ
တီခေါင်းဆောင်ဒေါက်တာသန်းငြိမ်း၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဌ ဦးသုဝေ၊ ရှမ်းတိုင်းရင်းသားများ  ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်
ဦးစောသန်းမြင့်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုံးလွင်နှင့်  
အထွေထွေအတွင်းရေးမှူး ဦးထွန်းရွှေ၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ  ဥက္ကဌ ဦးအောင်သန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ
ဦးနိုင်ခင်မောင်၊ ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူးဦးဆလိုင်းကျဲအိုဘစ်ခ်ထောင်
 တို့ တက်ရောက်ဆွေးနွေးကြသည်။

        ပြည်ထောင်စုကော်မရှင်တွင် တင်ပြဆွေးနွေးမည့် အကြောင်းအချက်များကို
ပါတီတစ်ခုချင်းအလိုက် ဆွေးနွေးကြပြီး နေပြည်တော်သို့သွားရောက်ကြမည့်ခရီးစဉ်အတွက် သွားရောက်မည့်ပုဂ္ဂိုလ်များနှင့်စုပေါင်းသွား ရောက်ကြရန်ကိစ္စတို့ကို ဆွေးနွေးပါသည်။

        အမျိုးသားဒီးမိုကရေစီအင်အားစုပါ
တီမှ ဒေါက်တာသန်းငြိမ်းနှင့်ဦးကြည်သန်းတို့ တက်ရောက်ကြမည် ဖြစ်သည်။အခြားပါတီများကသက်ဆိုင်ရာပါတီအဖွဲ့အစည်းများသို့ ဆက်လက်တင်ပြပြီးမည်သူသွားရောက်မည်ကို ဆုံးဖြတ်ကြမည် ဖြစ်သည်။

No comments :