Tuesday 17 July 2012

မတရားအသင်းကြေညာထားမှုများ ပယ်ဖျက်ပေးရန် ဦးသိန်းညွန့် တောင်းဆို


  1. ဗြိတိသျှကိုလိုနီအစိုးရက ၁၉၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မတရားအသင်းပုဒ်မကို
    ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီသစ် ပါတီ သင်္ကန်းကျွန်းမြို့နယ်
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီးဌာနက ပယ်ဖျက်ဖို့ အထိ သဘောမတူဘူး လို့ ငြင်းဆိုလိုက်ပေမယ့် ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က လက်ခံလိုက်ကြောင်း သိရပါတယ်။

    လက်ရှိအစိုးရက သွားနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပိုပြီး
    အကျိုးဖြစ်ထွန်းအောင်လို့ မတရားအသင်းပုဒ်မ ပယ်ဖျက်ပေးရေးအဆိုကို
    တင်သွင်းရတာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

    ဒါ့အပြင် ပုဒ်မ(၅-ည)တခုလုံးကို မပယ်ဖျက်ပေးနိုင်ရင်တောင် ပုဒ်မ(၅-င) ကို ပယ်ဖျယ်ပေးဖို့ လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်း ခဲ့ကြောင်း
    ဒီအဆိုကိုလည်း ပြည်ထဲရေး ဒုဝန်ကြီးက ပယ်ချခဲ့ပေမယ့် ဆက်လက်ဆွေးနွေး သွားဖို့ သဘောတူကြောင်းဦးသိန်းညွန့်က ပြောပါတယ်။

    ပုဒ်မ(၅-ည)ဟာ နိုင်ငံရေးလှုပ်ရှားသူတွေပေါ် စွဲဆိုလေ့ရှိတဲ့ ထင်ရှားတဲ့
    ပုဒ်မတခုလည်းဖြစ်ပါတယ်။ RFA

No comments :