Wednesday 25 July 2012

ကိုမိုးသီး နှင့် ကိုယ်စားလှယ်အဖွဲ့  ပြည်တွင်း သို့ သွားရောက် ဆွေးနွေးမည်။



ကိုမိုးသီးအပါအ၀င် ပြည်ပရောက် ၈၈ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သောခေါင်းဆောင် ၁၁ ဦးကို 
ဦးသိန်းစိန် အစိုးရ က မြန်မာပြည်သို့  ပြန်လာဆွေးနွေး ရန် သဘောတူညီမှုရရှိခဲ့ပါတယ်။ 
သို့ ရာတွင် သွားရောက်ဆွေးနွေးမည့် ကိုယ်စားလှယ် အဖွဲ့ မှာ ၆ ဦးဖြစ်ပါတယ်။  အပြီး ပြန်ခြင်း
မဟုတ်ပါ။ အလည်သွားခြင်းလဲမဟုတ်ပါ။ နိင်ငံရေး ပြသနာများကို သွားရောက်ဆွေးနွေး ခြင်းသာ ဖြစ်ပါတယ်။ 


အဓိကဆွေးနွေးမည့် ခေါင်းစဉ်များမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ဒီမိုကရေစီနှင့်လူအခွင့်အရေး 
စီးပွားရေး ဖွင့်ဖြိုးရေး၊ လူမှုကယ်ဆယ်ရေး ကျန်ရှိနေသောနိင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊  မြန်မာနိင်ငံသားများ 
အမိမြေသို့ လွတ်လပ်စွာ ပြန်ခွင့်ရှိရေး၊ နိင်ငံခြားသို့ လွတ်လပ်စွာ သွားနိင်ခွင့်ရှိရေး။ 

လက်ရှိနိင်ငံရေးပြသနာများပေါ် ကိုမိုးသီးနှင့်ဦးအောင်မင်း ဘန်ကောက်မြို့တွင်တွေ့ ဆုံဆွေးနွေး
ခဲ့ပါတယ်။  မည်သည့်ကြိုတင်သဘောတူညီချက်များမရရှိသော်လည်း ဆွေးနွေးမှုက တိုးတက်
မှုရှိခဲ့တယ်လို့  ကိုမိုးသီးက ဆိုပါတယ်။  

ကိုမိုးသီးနှင့်အဖွဲ့  က အစိုးရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များ။
၈၈ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် အခြား ဒီမိုကရေစီပါတီအသီးသီးက 
ခေါင်းဆောင်များနှင့်လည်း တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြမယ်လို့ သိရပါတယ်။

အသေးစိတ် ကို ဦးကိုကိုလေး   415 203 0541 သို့ မေးမြန်းနိင်ပါတယ်။

4 comments :

Anonymous said...

How many people behind each person?

Anonymous said...

Green green grass of Home.
good speed.

Anonymous said...

Well, hard to get donation cuz people r getting educated these days.

Anonymous said...

အနှစ် နှစ်ဆယ်လုံးအပြင်မှာ ဘာမှမလုပ်နိုင်ခဲ့တဲ့သူတွေ သွားဆွေးနွေးတော့ ဘာအဖြေထွက်လာမှာလဲ..ဘာများလုပ်ပေးနိုင်မှာလဲ..