ဂျပန်နိုင်ငံအာဏာရ
ဒီမိုကရက်တစ်ပါတီနာယကတစ်ဦးဖြစ် သူ မစ္စတာ ၀ါတာနာဘေး ဦးဆောင်သော ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ဝင်
၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဌာနချုပ် သို့ နံနက်(၁၀း၀၀)နာရီတွင်
လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ပါသည်။
ထိုဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊
ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒု-ဥက္ကဌ များဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊
အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသက်ထွန်းမောင်တို့နှင့်
ဂျပန်သံ ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေးအခြေအနေ၊
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေးနှင့် နည်းပညာများ အကူအညီပေးရေး၊ ရင်းနှီးမြုတ်နှံမှုများဝင်ရောက် လာရေး၊မြန်မာနိုင်ငံဖက်မှ
လိုအပ်ချက်များစသည် တို့ကို ရင်းနှီးပွင့်လင်းစွာဖြင့် (၂)နာရီကြာ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲကို နေ့လည် ၁၂း၀၀နာရီတွင်ရုပ်သိမ်းခဲ့သည်။
No comments :
Post a Comment