Saturday, 7 July 2012

သိမှီလိုက်သော (၇) ဇူလိုင်


သိမှီလိုက်သော (၇) ဇူလိုင်


ကိုကျော်စွာမိုး
ဧရာဝတီအယ်ဒီတာ
                    

            DVB
မှထုတ်လွှင့်သွားသော ကျောင်းသားခေါင်းဆောင်ဦးလှရွှေနှင့်ဆွေးနွေးခန်းကို ကြည့်မိရာမှကျွန်တော်
သိမှီလိုက်သော(၇) ရက်ဇူလိုင်ဖြစ်ရပ်အချို့ ကို ဖြည့်စွက်ပေးလိုစိတ်ပေါ်ပေါက်လာပါ၍ အောက်ပါအကြောင်းအရာ
များကိုရေးသားပေးပို့ လိုက်ခြင်းဖြစ်ပါသည်။


ဇူလိုင်(၇) ရက် စနေနေ့ ၁၉၆၂
        
          
ကျွန်တော်သည်ထိုစဉ်က (၆)တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကင်းထောက်လူငယ်(Boy Scout) တစ်ဦး
လည်းဖြစ်ပါသည်။ ကျွန်တော်တို့ ၏ ကျောင်းမှ (ယခု အ.ထ.က (၄) အလုံ) ကင်းထောက်လူငယ်အဖွဲ့ သည် ထိုနေ့ 
နံနက်(၇) နာရီတွင် ညော့င်တန်းသင်္ဘောဆိပ်တွင်စုဝေးကြပြီး သံလျင်ဆိပ်ကမ်းမှတဆင့် ကျိုက်ခေါက်စေတီတော်သို့  ခြေလျင်အသွားအပြန် (Hiking) ခရီးနှင်ချီတက်ကြမှဖြစ်ပြီး စေတီတော်နှင့်အနီးရှိနတ်သျှင်နောင်ဂူဝန်ကြီးပဒေသရာဇာ
ဂူတို့ ကို သန့် ရှင်းရေး ချုံနွယ်ပိတ်ပေါင်းရှင်းလင်းရေးလုပ်ဆောင်ကြမှာဖြစ်၍ ကျွန်တော်၏ဖခင်သည်နံနက်စောစော
မှာပင်ညောင်တန်းဆိပ်သို့  လိုက်လံပို့ ဆောင်ပေးခဲ့ပါသည်။ ကျွန်တော်သည်ထိုစဉ်ကာလက ရန်ကုန်တက္ကသိုလ်ဝင်းရှိ တက္ကသိုလ်စာတိုက်နှင့်စာအုပ်ဆိုင်ရှိသောဘက် အခြမ်းရှိ တက္ကသိုလ်ဝန်ထမ်းအိမ်ယာ၌ မိဘများနှင့်အတူနေ
ထိုင်ခဲ့ပါသည်။ ကျွန်တော်၏အိမ်သည် အဓိပတိလမ်းမကြီး၏ မုဒ်ဦးဘက်ကို မျက်နှာမူမြင်တွေ့ ရသော မီတာ(၁၀၀) ခန့် အကွာဝေးတွင် တည်ရှိပါသည်။ ကျွန်တော်တို့ မျက်နှာချင်းဆိုင်ဝန်ထမ်းအိမ်တွင် ကမ္ဘာသာသနာပြုဆရာတော်
 ဦးသေဌိလ (ထိုစဉ်က ပါဠိပါမ္ကောခ) သီတင်းသုံးနေထိုင်ပါသည်။ ကျွန်တော်ဖခင်၏နောက်အိမ်ထောင်သည်
တက္ကသိုလ်ဝင်စာစစ်အဖွဲ့ တွင်ဝန်ထမ်းဖြစ်၍ တက္ကသိုလ်မှနေထိုင်ခွင့်ပေးထားသောအိမ်ဖြစ်ပါသည်။

          
ထိုနေ့ ကကျွှန်တော်တို့ ကင်းထောက်အဖွဲ့ သည် ကျိုက်ခေါက်စေတီတော်တွင်တစ်နေကုန်ရှိနေပြီး ရန်ကုန်
ဘက်သို့  ညနေ(၆) နာရီကျော်တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။ ညောင်တန်းဆိပ်တွင် အားလုံး၏အိမ်မှလူကြီးများ စိုးရိမ်ပူပန်သောအသွင်ပြင်များနှင့် လာရောက်စောင့်ကြိုနေသည်ကို သတိပြုမိကြပါသည်။ ကျွန်တော်ဖခင်သည် ကျွန်တော်အားလာရောက်ခေါ်ဆောင်ပြီး ရန်ကုန်မြို့ လယ်ယခင်(ဘားလမ်း)ဘုရင့်ရုံနှင့်မျက်စောင်းထိုးတွင်ရှိသော ကျွန်တော်၏အဘိုး၊အဘွား၊ဦးလေး၊အဒေါ်များနေထိုင်သော တိုက်ခန်းသို့ ခေါ်ဆောင်လာခဲ့ပါသည်။ထိုညအဖို့ 
ကျွန်တော်အားအဘိုး၊အဘွားတို့ တိုက်ခန်းတွင် နေခဲ့ရန် အပ်နှံခဲ့ပြီး တက္ကသိုလ်ဝင်းအိမ်သို့ ဝင်ရောက်နိုင်အောင် ကြိုးစားကြည့်မည်ဟုပြောပြီးပြန်ထွက်သွားခဲ့ပါသည်။ အဘိုး၊အဘွားအိမ်တွင်လူကြီးများ ပြောဆိုနေတာကို
နားထောင်ရာမှ တက္ကသိုလ်တွင် ကျောင်းသားဆန္ဒပြမှုကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းသည့်သတင်းကိုသိရှိခဲ့ပါသည်။ ထိုအကြောင်းခြင်းရာကြောင့်လူအများအထိတ်တလှန့် ဖြစ်နေကြခြင်းကိုသဘောပေါက်နားလည်ခဲ့ပါသည်။
          
          
           ည(၁၁) နာရီခန့် အချိန်တွင် ကျွန်တော်ဘိုးဘွားတိုက်ခန်း၌   ပြင်းထန်သောတံခါးခေါက်သံများကြောင့်
အားလုံးနိုးကြပြီး တံခါးဖွင့်လိုက်ရာစစ်ယူနီဖောင်းနှင့်ပုဂ္ဂိုလ်များဖြစ်နေကြောင်းတွေ့ လိုက်ရပါသည်။ ထိုသူတို့ သည်
ကျွန်တော်အဒေါ်အငယ်ဆုံးနှင့်အိမ်ထောင်ကြပြီးခါစ ဗိုလ်ကြီးကျော်ဇံ(ကွယ်လွန်) BEME လျှပ်/စက်အင်ဂျင်နီယာ
တပ်ကို လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပါသည်။ ကျွန်တော်၏ဖခင်သည်လည်းပြန်မပေါ်လာ\အင်ဂျင်နီယာစစ်ဗိုလ်
ဦးလေးကိုလည်း ညကြီးမင်းကြီးလာရောက်ခေါ်ဆောင်သွား၍ အိမ်သားအားလုံးပိုမိုတုန်လှုပ်ကုန်ကြပါသည်။

ဇူလိုင်(၈) ရက် တနင်္ဂနွေနေ့ 
         
          
နံနက် (၇) နာရီကျော်ခန့် တွင် ညကလာရောက်ခေါ်ဆောင်သွားသောစစ်ဗိုလ်ဦးလေးပြန်ရောက်လာခဲ့ပြီး အိမ်သားများကို ညကသူကြုံတွေ့ လုပ်ဆောင်ခဲ့ရတာတွေကို ရှင်းပြနေတာကို ကြားနေခဲ့ရပါသည်။ တကသ အဆောက်
အဦးကြီးကို သူနှင့်အတူBEME တပ်ဖွဲ့ ဝင်များ ယမ်းပျော့(TNT ကိုဆိုလိုသည်ထင်ပါသည်။) ကိုအသုံးပြုပြီး မည်သို့ 
မည်ပုံဖြိုချဖျက်ဆီင်္းခဲ့သည်ကို ပြောပြနေပါသည်။သမဂ္ဂဆောက်အဦးဝန်းကျင်တွင်တက္ကသိုလ်ဆေးရုံ၊တက္ကသိုလ်ဆရာနှင့်
ဝန်ထမ်းများအိမ်ရာ၊ကျောင်းသားဆောင်များနှင့်အခြားအဆောက်အဦးများ ရှိနေ၍ ဖောက်ခွဲမှုမှ အပိုင်းအစများ အပြင်
သို့ လွှင့်စင်ခြင်း၊ (Explosion) မဖြစ်အောင် / အပိုင်းအစများပုံကျသွားစေသည့် (Implosion) ဖြစ်အောင်လုပ်ဆောင်ရ
ပုံကို အဘိုးကိုပြောပြနေတာကို ကျွန်တော်သည်ဘေးကနားထောင်ရင်း ကျွန်တော်ထိုစဉ်ကသွားရောက်ဆံပင်ညှပ်ခံ
လေ့ရှိသည့် အဆောက်အဦးကြီး ပြိုကျပျက်စီးသွားပြီကိုသိရှိလိုက်ပါသည်
(သမဂ္ဂအဆောက်အဦးတွင်ဆံသဆိုင်ရှိပါသည်။)
          
        
နံနက်(၁၀)နာရီခန့် တွင် ကျွန်တော်ဖခင်သည်ဘားလမ်းတိုက်ခန်းသို့ ရောက်ရှိလာပြီး ကျွန်တော်အားပြန်လာ
ခေါ်ပါသည်။ စစ်ဗိုလ်ဦးလေးနှင့်လည်းညကကိစ္စများကိုပြောဆိုကြပြီး တကသ အဆောက်အအုံဖြိုချမှုကြောင့်
တုန်ခါမှုများဖြစ်ပြီး အိမ်မှမျက်နှကျက်ကျောက်ပြားများပြိုကျကုန်ကြောင်းဦးလေးကိုပြောပြပါသည်။ ကျွန်တော်ကို
အိမ်သို့ ပြန်ခေါ်လာရာတွင် ယခုပညာရေးတက္ကသိုလ်ဂိတ်တံခါးမှဝင်ရပါသည်။ အိမ်ပြန်ရောက်သောအခါ မျက်နှ
ကျက်ကျောက်ပြားများ ပြိုကျထားတာကိုတွေ့ ရပါသည်။ ကျွန်တော်၏အိမ်သူအိမ်သားအားလုံးကထိုနေ့ ကကျွန်တော်
သန်လျင်ကိုရောက်နေတာအလွန်ကံကြီးသည်လို့ ပြောပြကြပါသည်။ (၇) ရက်ဇူလိုင်ပစ်ခတ်စဉ်အချိန်က ကျွန်တော်၏
အိမ်နီးချင်းကစားဖော် (၇) တန်းကျောင်းသားဖိုးတေ(ခ) သိန်းထွန်းသည် ကျွန်တော်တို့ အိမ်တွင်ရောက်ရှိနေခဲ့ပါသည်။ ကျွန်တော်ရှိမည်ထင်ပြီးဆော့ကစားရန်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ပစ်ခတ်မှုစတင်ဖြစ်ပွားစဉ်သူသည် ကျွန်တော်
တို့ အိမ်၏ တံခါးဝဆနွင်းမကင်းကွက်ရှေ့ တွင် ရပ်ပြီးအဓိပတိလမ်းမမုဒ်ဦးဘက်ကိုလှမ်းကြည့်နေခဲ့ပါသည်။ ထိုစဉ်
ပစ်ခတ်လိုက်သောကျည်ဆံတစ်တောင့်သည် ကျွန်တော်၏အိမ်ထဲဆီသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာပြီး ဖိုးတေ၏ညာဘက်ပခုံးကို ထိမှန်ပြီး အိမ်ထဲမှာပင်လှဲကျသွားစေခဲ့ပါသည်။ ကံကောင်းထောက်မမှုမှာ ထိုကျည်ဆံသည် ဖိုးတေကိုတိုက်ရိုက်မထိမှန်ခင်မှာ အရှေ့ အိမ် ဆရာတော်ဦးသေဌိလ၏ ခြံဝင်းသစ်သားတံခါးတိုင်ကိုရှပ်ထိခဲ့၍
အရှိန်လျော့ပြီးခါမှ ဖိုးတေကိုထိမှန်ခဲ့သဖြင့် ဒဏ်ရာမှာအတော်အတန်သက်သာခွင့် ရခဲ့ပါသည်။တက္ကသိုလ်ဆေးရုံ
တွင်(၁) လခန့် ကုသမှုခံယူခဲ့ရပါသည်။
         
          
ထိုနေ့ ကစနေနေ့ ဖြစ်၍ တက္ကသိုလ်ဝန်ထမ်းများနေ့ ဝက်အလုပ်ဆင်းရပါသည်။ ကျွန်တော်၏မိထွေးမိခင်သည် ဘွဲ့ နှင်းသဘင်ခန်းမရုံးခန်းတွင်ရှိနေခဲ့ပြီး ရုံးမဆင်းမှီအချိန်အနည်းငယ်စောပြီး ရုံးလုလင်ကိုစိုးသန်း(အမည်ကိုသေချာ
စွာမမှတ်မိတော့ပါ) အသက်(၂၀) ခန့် လူငယ်၊ တက္ကသိုလ်အမှုထမ်းအိမ်ရာ(လိုင်းပေါက်)တွင် နေထိုင်ပြီးမျက်မမြင်
မိခင်အိုကြီးကိုလုပ်ကျွေးနေသူကို အိမ်ဘက်သို့ အခြေအနေသွားကြည့်ဖို့ စေလွှတ်ခဲ့ပါသည်။

          ထိုရုံးလုလင်သည်ပင်မတက္ကသိုလ်ဝင်းမှ စက်ဘီးနှင့်ထွက်လာပြီးတက္ကသိုလ်ဆေးရုံနှင့်စာအုပ်ဆိုင်အနောက်ရှိ
ကျွန်တော်တို့ အိမ်သို့  ရောက်လာခဲ့ပါသည်။အိမ်မှာစက်ဘီးကိုထားခဲ့ပြီး ကျွန်တော်မိထွေး၏ မိခင်အသက်(၇၀) ကျော်
အဘွားကြီးအား ကျွန်တော်ကိုလူအုပ်ထဲမှာသွားရှာကြည့်အုံးမည်ဟုပြောဆိုပြီးတက္ကသိုလ်စာတိုက်ဘက်သို့ ထွက်သွား
ခဲ့ပါသည်။ ထိုရုံးလုလင်သည်၎င်း၊ကျွန်တော်အိမ်မှအဘွားသည်၎င်း၊ကျွန်တော်သန်လျင်သွားနေသည်ကိုမသိရှိကြပါ။
ကျွန်တော်ကိုသွားရှာခဲ့သောရုံးလုလင်သည် ထိုနေ့ ညနေတွင်တက္ကသိုလ်ဓမ္မရုံရှေ့ ရှိ ကန့် ကော်ပင်အောက်တွင် ဂျီသရီး
သေနတ်ထိမှန်သေဆုံးခဲ့ပါသည်။ စစ်အစိုးရ၏တရားဝင်ထုတ်ပြန်ကြေငြာသောစာရင်းတွင် သူအမည်ပါခဲ့ပါသည်။
        
           
ကျွန်တော်တို့ အိမ်၏အနောက်ဘက်အိမ်မှထိုစဉ်က တက္ကသိုလ်ကျောင်းသားတစ်ဦးသည်(နောင်တွင်ဘူမိဗေဒ
ပါမ္ကောခဖြစ်လာသူ-ယခုကွယ်လွန်)ပေါင်နှင်ခြေထောက်အောက်ပိုင်းတွင်သေနတ်ဒဏ်ရာများနှင့် လှဲကျနေသည်ကိုကယ်
တင်လာသူများက ဒရွှတ်ဆွဲပြီး ကျွန်တော်တို့ အိမ်သို့ လာပို့ သွားခဲ့ရာ တက္ကသိုလ်ဆေးရုံ ထိုမှတဆင့်ဆေးရုံကြီးသို့ 
ဆက်လက်ပို့ ဆောင်ပေးခဲ့ရကြောင်းကြားသိခဲ့ရပါသည်။ (၈) ရက်နေ့ ညနေ(၆) နာရီတွင် တက္ကသိုလ်အမှုထမ်းအိမ်ရာ၊
ဝန်ထမ်းအိမ်ရာများအတွင်းသို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့်စစ်သားများဝင်ရောက်နေရာယူပြီး တစ်အိမ်ရှေ့ တစ်
ယောက်စောင့်ကြပ်နေကြပါသည်။ ကျွန်တော်၏တစ်သက်တာတွင်ကြုံတွေ့ ဖူးသော Curfew အမိန့် များအနက်မှ
အတင်းကြပ်ဆုံးတစ်ခု ဖြစ်ပါသည်။
        
          
အချုပ်ဆိုရသော်(၇)ရက်ဇူလိုင်ပစ်ခတ်နှမ်နင်းမှုတွင်ကျွန်တော်၏အိမ်ထဲမှာပင်ကျွန်တော်၏သူငယ်ချင်း(၇)တန်းကျောင်းသားတစ်ယောက်ဂျီးသရီးသေနတ်ကျည်သင့်ခဲ့ပါသည်။အခင်းဖြစ်ပွားရာနေရာတွင်ကျွန်တော်ရှိနေမည်ထင်ပြီးသွားရှာခဲ့သောရုံးလုလင်သည် အသက်ဆုံးခဲ့ရပါသည်။အိမ်ချင်းကပ်လျှက်ကျောင်းသားတစ်ဦးသည်လည်းပြင်းထန်စွာ
ဒဏ်ရာရရှိခဲ့ပါသည်။ 

တကသအဆောက်အဦးကိစ္စအဓိကတရားခံ
          
                
နောက်နောင်ကျွန်တော်အရွယ်ရောက်လာပြီးသိရှိထားသောအချက်အလက်များအရတကသအဆောက်အအုံကို ဖြိုဖျက်ရန်အမိန့် ပေးသူမှာ ဦးနေ၀င်းသာဖြစ်ပါသည်။ ၁၉၈၈ခုနှစ် နှစ်လည်ပိုင်းမဆလအစိုးရအုပ်ချုပ်ရေးပြို
ကွဲခါနီးတွင် ဦးနေ၀င်းကတိုင်းပြည်သို့ ထုတ်လွှင့်သောသူ၏မိန့် ခွန်းတွင် သူအမိန့် ပေးခဲ့သည်မှာတကသအဆောက်
အအုံကို(Recoil-less Gun ) နှင့်ပစ်ခိုင်းခဲ့ခြင်းသာဖြစ်ပြီး ဗိုလ်အောင်ကြီးမှဖောက်ခွဲဖြိုချခဲ့ခြင်းဖြစ်သည်ဟု ပြောဆို
ခဲ့ပါသည်။

                   Recoil-less Gun
ဆိုသည်မှာသေနတ်မဟုတ်ပါ။ အမေရိကန်လုပ်အလွန်အင်အားပြင်းပြီး သယ်ယူပစ်
ခတ်ရန်လွယ်ကူသော ဖြိုခွင်းရေးအမြောက်ဖြစ်ပါသည်။ ဦးနေ၀င်း၏အမိန့် အတိုင်းလိုက်နာပြီးပစ်ခတ်လျှင် ပတ်ဝန်းကျင်
တစ်ခုလုံးမွစာကြဲပြီး တက္ကသိုလ်ဆေးရုံ၊တက္ကသိုလ်အိမ်ရာ၊ တက္ကသိုလ်အဆောင်နှင့်အခြားအဆောက်အဦးများတွင် ရှိနေကြသော လူများအန္တရာယ်ဖြစ်မည့်အရေးကိုတွက်ဆပြီးဗိုလ်အောင်ကြီး၊ဗိုလ်ကျော်စိုး၊ဗိုလ်သန်းစိန် အစရှိသူတို့ က
သူတို့ ၏အကြီးအကဲ ဗိုလ်နေ၀င်း၏အမိန့် ကို အကောင်းဆုံးဖြစ်အောင် သင့်တော်သည့်နည်းလမ်းရှာပြီးလိုက်နာဆောင်
ရွက်ခဲ့ကြခြင်းသာဖြစ်ပါသည်။


ဇော်ဝင်း (နိုင်ငံရေးအကျဉ်းသားဟောင်း)

2 comments :

Anonymous said...

Thank you for detailing some more new facts regarding the 7th July case. Ne Win is such a reckless, mindless creature that his reign for 26 years was a major disaster for Burma.

Anonymous said...

The First Hand Teacher who teached his assitants to kill the thousands of citizens for 50 years is......

The most evil gangster,JUNTA, NE WIN