Thursday 5 July 2012

တနိင်ငံထဲ နိင်ငံသားအဆင့်အတန်း နှစ်မျိုး ဖြစ်လာရခြင်း



အပြစ်ရပ်ဒေသအတွင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ မှတ်ပုံတင်အ၀ါရောင်တွေကိုထုတ်ပေးနေပါတယ်။ နိင်ငံတခုထည်းမှာ မှတ်ပုံတင် နှစ်မျိုးဖြစ်နေတာမကောင်းပါ။ လူလူခြင်းခွဲခြားဆက်ဆံနေခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာ လဲ မှတ်ပုံတင်နှစ်ရောင်ရှိရမယ်လို့ မသတ်မှတ်ထားပါ။ 

တိုင်းရင်းသားများကို လူလို့  မသတ်မှတ်တဲ့သဘောဖြစ်နေပါတယ်။  လူမျိုးခြင်းခွဲခြားလိုက်တဲ့သဘောပဲနိင်ငံသားအဆင့်ကိုတဆင့်နိမ့်ထားတဲ့သဘြော့ဖစ်ပါတယ်။  ဗမာ လူမျိုးများက တိုင်းရင်းသားများကိုခွဲခြားဆက်ဆံနေတဲ့သဘောဖြစ်ပါတယ်။ သမိုင်းအထောက်အထားများအရ ပဲဖြစ်ဖြစ်၊ မနုသဗေဒ အထောက်အထားများအရပဲဖြစ်ဖြစ် နှစ်သန်းပေါင်းများစွာကတည်းက မြန်မာ နိင်ငံအတွင်းသို့ 
အခြေချနေထိုင်ခဲ့သူများမှာ တိုင်းရင်းသားများ သာဖြစ်တယ်။ ဗမာလူမျိုးများက နောက်ဆုံးမှ
ဝင်ရောက်လာသူများဖြစ်ပါတယ်။ 

 ထိုဗမာလူမျိုးများက တိုင်းရင်းသားများအား ဖိနိပ်ခွဲခြားဆက်ဆံခြင်း၊ ဂုတ်သွေးစုတ်ခြင်းများကို
နှစ်ပေါင်းထောင်နဲ့ ချီပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။  အခုလဲ မှတ်ပုံတင်ကို အရောင်နှစ်မျိုးသတ်မှတ်လိုက်ခြင်းဟာတိုင်းရင်းသားများ မှာ နိင်ငံသားဖြစ်ခွင့်မရှိတော့ဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်။ လူအခွင့်အရေးကို အကြီးမားဆုံး ချိုးဖေါက်လိုက်မှုဖြစ်ပါတယ်။ 


1 comment :

Anonymous said...

Immigration minister had told that yellow card is temporary as they don't have family registration. In the peace process and development to settle down, they will get the same ID like other people.So, take it easy and wait to change with new ID.