Sunday 8 July 2012

သားအဖ နှစ်ဦး အတိုင်အဖေါက်ညီ






            ကျွန်တော်တို့ မြန်မာတွေက အတုခိုးတာကတော့ အရမ်းမြန်တာပဲဗျာ . . . တီဗွီမှာ တရုတ် ဇာတ်ကားတွေလာတော့ ပိုင်ဟွေ့အင်္ကျီဆိုပြီးတော့ဝတ်လိုက်ကြတာ၊ နောက်ကိုရီးယားကားတွေ လာတော့ ကိုရီးယားခေါက်ဆွဲ၊ ကိုရီးယားကင်ချီ ဖြစ်ကြပြန်ရော။ အဝတ်အစားအသုံးအဆောင်တွေကအစ အတုခိုး လိုက်ကြတာ ကိုယ်နဲ့လိုက်မလိုက် မစဉ်းစားနိုင်ကြပါဘူး။ ဒီလိုပဲ အခုကျွန်တော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီစနစ်ကျင့်သုံးနေတာတောင်မှ မြောက်ကိုရီးယားရဲ့ မျိုးရိုးစဉ်ဆက် အာဏာဆက်ခံမှုမျိုးကို အားကျအတုခိုးပြီး အဖေကနေသား အာဏာဆက်ခံနိုင်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။ 
မြောက်ကိုရီးယားနိုင်ငံမှာနိုင်ငံအာဏာကိုဆွေစဉ် မျိုးဆက်ချုပ်ကိုင်ထားခဲ့ပါတယ်။ ၁၉၄၅ခုနှစ်မှ ၁၉၉၄ခုနှစ် အထိ နိုင်ငံတော်အာဏာကို Kimil Sung က ချုပ်ကိုင်ခဲ့ပြီး သားဖြစ်သူ Kim Jong-il ကို အာဏာလွှဲပေးခဲ့ပါတယ်။ Kim Jong-il သေဆုံးတော့ သားဖြစ်သူ Kim Jong un ကို အာဏာဆက်ပြီး လွှဲပေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို ဆွေစဉ်မျိုးဆက် ချုပ်ကိုင်ခဲ့ပါတယ်။
 မြန်မာနိုင်ငံမှာလည်း စစ်ဗိုလ် လူထွက်ကြီးက စစ်ဗိုလ် လူထွက်သားငယ်ကို သူသွားခဲ့ရင် သူ့နေရာပေးခဲ့ လေမလားဆိုတဲ့ လုပ်ဆောင်ချက်တွေကို တွေ့နေရပါတယ်။ စစ်ဗိုလ်ချုပ်ကြီး လူထွက် ဦးရွှေမန်းရဲ့ သားဖြစ်တဲ့ စစ်ဗိုလ် လူထွက်လေး တိုးနိုင်မန်းကို လွှတ်တော်အတွင်းမှာ နေရာပေးပြီး နိုင်ငံရေးလောကမှာ နေရာပေးခဲ့ပါတယ်။
            ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တိုးနိုင်မန်းကို ထည့်သွင်းပေးထားပါတယ်။ ဒီ တိုးနိုင်မန်းလို ငယ်ရွယ်တဲ့လူငယ် တစ်ယောက်ကိုအဖေဖြစ်သူကဒီလိုရာထူးပေးထားတဲ့အတွက် လွှတ်တော်ထဲက ကျန်တဲ့လူတွေက မကျေနပ်ကြဘူးလို့ လွှတ်တော်အသိုင်းအ၀ိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တိုးနိုင်မန်းဟာ ဘယ်ပါတီပဲနေရာရရ သူ့အတွက် အခြေအနေ မပျက်ရအောင် NLD ပါတီကို နောက်ကွယ်ကနေ ကူညီပံ့ပိုး ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေဖို့ ဒက္ခိဏသီရိမှာ အိမ်ငှားပေးခဲ့တဲ့အပြင် ဒေါ် အောင်ဆန်း စုကြည်ရဲ့ ပုသိမ်ခရီးမှာလည်း နောက်ကွယ်ကနေ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ပုသိမ်ခရီးစဉ်မှာပါတဲ့ NLD ပါတီဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီကို မဲထည့်တဲ့လူတွေကို တိုးနိုင်မန်းက တစ်ယောက်ကို ၂၀၀၀ စီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
တိုးနိုင်မန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံရေးလောကမှာ နေရာတစ်ခု ရဖို့အတွက် NLD ပါတီနဲ့ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ ဦးရွှေမန်းကလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို ထိရောက်စွာအုပ်ချုပ်မှုမရှိခဲ့ပါဘူး။ သာမန်စည်းရုံးရေး လောက်ပဲ လုပ်စေခဲ့ပြီး လွှတ်တော်အတွင်းမှာ NLD ပါတီနေရာရလာအောင် တစ်ဖက်လှည့်နဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ သားကလည်း NLD ပါတီကို နောက်ကွယ်ကနေ ပံ့ပိုးပေးနဲ့ သားအဖနှစ်ယောက် အတိုင်အဖောက် ညီခဲ့ပါတယ်။
            တိုးနိုင်မန်းဟာ စစ်ဗိုလ်ဘဝမှာလည်း ၂၀၀၁ ခုနှစ် တပ်စုမှူးသင်တန်းတက်နေတဲ့ အချိန်မှာ ဒုသမ္မတ တင်အောင်မြင့်ဦးရဲ့သားနဲ့ ကားပြိုင်မောင်းခဲ့ရာက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုကျော်ပြီး အခြားလမ်းဘက်က သစ်ပင်ကိုတိုက်မိပြီး ကားပေါ်ပါလာတဲ့ အပတ်စဉ် ၄၂ က အရာရှိ ၂ဦး သေဆုံး ခဲ့ရပါတယ်။ ကားမောင်းတဲ့လူအဖြစ် သူတို့ရဲ့ယာဉ်မောင်းသူဖြစ်တဲ့ ဒုတပ်ကြပ်ကျော်ဝင်းကို အစားထိုးခဲ့လို့ ကားတိုက်မှုတရားခံ တိုးနိုင်မန်းကတော့ လွတ်မြောက်သွားပါတယ်။ အခုအချိန်ထိ ဒီဖြစ်ရပ်ကို ဗထူးနဲ့ ရပ်စောက်မြို့တွေမှာ သွားရောက်စုံစမ်းလို့ရပါသေးတယ်။ တကယ်တန်း ယောက်ျားပီသပြီး တာဝန်ယူ တတ်တဲ့ သူတစ်ယောက်ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ပါဘူး။
            ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့လို့ ကြံ့ခိုင်ရေးပါတီဝင် တော်တော်များများ အနားယူတော့မှာပါ။ ဒီလိုအချိန်မှာ ဦးရွှေမန်းက သူ့သား တိုးနိုင်မန်းကို သူ့လိုဖြစ်အောင် နိုင်ငံရေးလောကထဲ အစပျိုးဇာတ်သွင်းခဲ့တာလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ပြောဆိုနေကြပါတယ်။ ဒီလိုသာပေါင်းညာစား ယောက်ျားမပီသတဲ့ လူတစ်ယောက် ကို ၂၀၁၅ မှာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်ကို မရောက်ဖို့ ပြည်သူတွေမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်…. 

2 comments :

Anonymous said...

အဲလောက်ထိပူနေစရာမလိုပါဘူးဗျာ..မြန်မာပြည်နိုင်ငံရေးလောကမှာ ထောင်ကျဖူးမှ နိုင်ငံရေးသမားလုပ်လို့ရတယ်လို့ လက်ခံကြွေးကြော်နေတဲ့လူတွေရှိနေသရွေ့ တိုးနိုင်မန်းလို ထောင်ထွက်မဟုတ်တဲ့လူအတွက် နေရာမရနိုင်သေးပါဘူး။

Anonymous said...

Hi Moe Thee Zon,

I have some respect to all those who initiated the 8888 as students leaders. But there are limits always.
Do not try put fire simply to provoke the already-bad situation.

you should and am sure know that, this time, not only the government will fall, but also assk/nld will fall definitely altogether.

But, do not even expect for a second of your life the 88gs or exiles will profit the situation, because chances are so slim for them even if government+ASSK+NLD fall, they can rise up to become state leaders.



and USDP members (government+Hluttaw) do not dream like you and me. They know that their situation for 2015 is very very bad. But they are very much aware that in democracy, no one can stay in power for long.

one thing is sure, chance are so so slim, for the exiles/88gs simply because they do not know what they want clearly.

whatever you write/wish/provoke, things are not at all in favor of you men, sorry.

so:

If you want government falls, expect the down fall of ASSK/NLD altogether and even the 88gs.

if government will not fall, expect the down fall of ASSK/NLD

no other choice, just a question of time.

everything is totally too late for once and all.

ASSK does not possess at all ethnic support, military/USDP/NUP society suppor. she only has fake exiles and +/- 40 % of Burmese ethnic. More and more ordinary people are ware of ASSK/NLD gossips which is the fruits of freedom and democracy even if demo media try so hard to hide.