Monday 16 July 2012

မြင့် ဆွေ ဒုသမတရာထူးနဲ့ မထိုက်တန် ပါ ( အောင်သာနီ)


ဦးမြင့်ဆွေ က ခုတော့ နိုင်ငံခြားသားအဖေဖြစ်လို့  ရာထူးနဲ့  လွဲပြီ
၈ လုံး ဒုတိယသမ္မတ တင်အောင်မြင့်ဦးက နုတ်ထွက်ပြီးနောက် ပြည်သူ့ လွှတ်တော်မှာ နေရာလပ်ဖြစ်နေလို့  အဲဒီနေရာကို ဘယ်သူ့ ရွေးချယ်ရမယ်ဆိုတာ စစ်တပ်က ပုဂ္ဂိုလ်တွေ - ကြံ့ဖွံ့က ကိုယ်စားလှယ်တွေ အလုပ်များကြရတယ် ။ တခြား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ ရဲ့  ဒုတိယသမ္မတကို ရွေးချယ် မဲပေးပိုင်ခွင့်မရှိဘူး ။ သူတို့ ကိုယ်တိုင်လဲဘဲ ၀င်ရောက် အမည်စာရင်း တင်သွင်းခွင့်မရပါဘူး ။ ဒီတော့ -၂၀၀၈- နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေစာအုပ်ကို မလေ့လာဘဲ မဖတ်ဘဲနဲ့  ဒုတိယသမ္မတအဖြစ် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်းတင်သွင်းဖြစ်ကြတယ် ။ သဘောကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  အလိုတော်ကျအတိုင်းပါဘဲ ။။
    ကံအားလျှော်စွာ ဒေါ်အောင်ဆန်းစုကြည်ကို အကွက်ချပြီး ရေးဆွဲထားတဲ့  -၂၀၀၈- ဖွဲ့ စည်းပုံဟာ သူတို့  တင်ချင်တဲ့  ဦးမြင့်ဆွေကို နောက်ကြောကနေ ဒါးနဲ  ထိုးသလို မဖြစ်ဘဲ ရင်ဝကနေ ဆောင့်ကန်ထိုးချသလို ဖြစ်သွားကြရပါပြီ ။ ၀န်ကြီးချုပ် ဟောင်းဦးခင်ညွန့် ဟာ သူ့ ရဲ့ သားက စင်ကာပူသူနဲ့  အိမ်ထောင်ပြုထားလို့  သားအဖြစ်ကတောင်စွန့် ပစ်ခဲ့ ရပါသေးတယ် ။ ဒါပေမဲ့ သားဟာ ရင်ဝယ်ဖြစ်တဲ့ သားမို့  ထောင်ထဲကို သားအဖတတွေ စုပြုံခံစားခဲ့ ရ  စံမြန်းခဲ့ ရပါတယ် ။
     အခုလဲဘဲ ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့  သားဖြစ်သူ ဒေါက်တာတာရာမြင့်ဆွေဟာ သြစတေးလီးယားသူနဲ့  အိမ်ထောင်ကျနေပြီး ဆစ်ဒနီမြို့ မှာ သူလဲဘဲ သြစတေးလီယားနိုင်ငံသားအဖြစ် ဖခင်ရဲ့ အရှိန်နဲ့  နေထိုင်နေသူုဖြစ်ကြောင်း သိရပါပြီ ။ ဒီတော့ ကြံ့ဖွံပါတီနဲ့  စစ်တပ်က ဗိုလ်ချုပ်တွေအဖို့  -၂၀၀၈- နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်မလား ဒါမှမဟုတ် မပြင်ဆင်ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဒုတိယသမ္မတရာထူးကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို အပ်နှင်းလေမလား ဆိုတာ ပြည်သူ့ လွှတ်တော်မှာ အရည်အချင်းစိစစ်ရေးကော်မီတီက တင်ပြရပါတော့မယ် ။
အောင်သာနီ

No comments :