Tuesday 10 July 2012
အရည်အချင်း ကင်းမဲ့ လွန်းတဲ့ ဒုသမတ ( ခိုင်အောင်ကျော်)
ဒုသမ္မတ မခန့် ခင် အရည်အချင်း စည်းကမ်းကို ပြင်ဆင်ရန်လိုအပ်သည်                                    
စင်စစ်အားဖြင့် လွှတ်တော်မှာ အဓိကပြသနာက ဖွဲ့ စည်းပုံဥပဒေ ရေးဆွဲထားတာကို ပြောင်းလဲရေးလို့  သာမန်လူတွေတောင် နားလည်သော နိုင်ငံရေးမှာ မြန်မာနိုင်ငံရေးဖြစ်သည် ။
 ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ရာ လူထုလူတန်းစားအသီးသီးက မဲအပြတ်အသတ်ပေးခဲ့ ကြသည် ။ ပြည်သူတွေက တော်တော် စိတ်ပင်ပမ်းညောင်းညာနေကြပြီ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သာ လွှတ်တော်ထဲဝင်သွားပြီ ဆိုလျှင် ဖွဲ့ စည်းပုံဥပဒေတွေပြန်လည်ပြင်ဆင်
နိုင်မည် ။ ဒေါ်အောင်ဆန်းစုကြည်သည်  မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သစ်ဆီသို့  ရွေ့ လျှားသွားစေနိုင်သည်ဟု ထင်မှတ်ထားကြသည် ။ ထင်လည်း ထင်နိုင်စရာပါတည်း ။  ကြားဖြတ်ရွေးကောက်ပွဲပြီးသည်နှင့် ဥရောပနိုင်ငံများသို့  ခရီးရှည်ထွက်တော့ ပြည်သူတွေအားရ၀မ်းသာ ရှိခဲ့ ကြသည် ။
            အကယ်၍ ဇူလိုင်လ-၄-ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ့ လွှတ်တော်သို့  တက်ရောက်ခဲ့ လျှင် ယခုလို ဒုသမ္မတနေရာတွင် လစ်လပ်နေခြင်းကို မည်သို့ မည်ပုံ ခန့် ထားရေးအတွက် အကြံညာဏ်တွေ ပေးနိုင်လိမ့်မည်ထင်ရသည် ။ မည်သို့ ပင်ဆိုစေ ဇူလိုင်လ-၉-ရက်နေ့ တွင် တက်ရောက်လာသောအခါ လွှတ်တော်ကိုယ်စားလှယ်များတွေပင် အားရ၀မ်းသာ ရှိကြသည် ။ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းကအစ ကြံဖွံ့ ပါတီ ဦးဋ္ဌေးဦးတို့ အထိ နုတ်ဆက်ကြ မေးမြန်းကြနှင့် တပျော်တပါး ရှိခဲ့ ကြသေးသည် ။ ဇူလိုင်-၁၀-ရက်နေ့ တွင်မူကား ဒုသမ္မတ ရာထူးကို တပ်မတော်ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းလိုက်ပြီဟု သတင်းတွေ ထွက်ပေါ်လာသည် ။
       လစ်လပ်နေသော ရာထူးအတွက်  အစားထိုး ခန့် အပ်ခြင်းသည် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏ စည်းမျှဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ခြင်းဆိုပါက ဒုသမ္မတ ရာထူးအတွက် အခုလို အစားထိုးခန့် အပ်ခြင်းမှာ လွန်စွာသင့်မြတ်သည်ဟု ပြောရပေတော့မည် ။ သဘာဝလည်းကျလှပါသည် ။ ယခုလို မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာများမှာ လိပ်ခဲတည်းလည်းဖြစ်နေမှုများ ၊ သဟဇါတ မကျ ဖြစ်နေမှုများ ၊ တိုင်းရင်းသားလူမျိုးများ ဒေသ၌ မငြိမ်းချမ်းမှုများကို  အမြန်ဆုံးးဖြေရှင်းကြရန်လိုအပ်ေ
နသည် ။ ပြည်သူ့ လွှတ်တော်ညီလာခံ ကျင်းပနေရာ လွှတ်တော်အတွင်းနိုင်ငံရေး လှုပ်ရှားမှုများကို ပီပီပြင်ပြင် ထိရောက်အောင် ဆောင်ရွက်ကြဖို့ လိုသည် ။  ပြည်သူ့ လွှတ်တော်သည် မည်သည်ကို ကျင်းပနေသည်မှန်း မသိသော်လည်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် လွှတ်တော်မှ မည်သည့်နည်းနှင့်မျှ မထိမ်းသိမ်းနိုင်မှန်း သိသာနိုင်သည် ။
         တချိန်တည်းမှာပင် ယင်းဖွဲ့ စည်းပုံကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်း စိတ်တိုင်းကျ ပြုပြင်မွမ်းမံထားရာ ၄င်းဖွဲ့ စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်မှာ ရာထူးတာဝန် လက်ခံရန် အတော် ဂွကျနေပါသည် ။ သို့ သော် ယခုအချိန်ကား ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့ လွှတ်တော်ခန်းမ
ထဲတွင် တက်ရောက်နေပြီဖြစ်သည် ။ သည်လိုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တို့  ပြန်လည်ပြင်ဆင်လိုသော နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်စေရန် အချိန်ကာလတခု သတ်မှတ်ပေးရန်လိုအပ်သည် ။ ခုတော့ ထိုင်ခုံမှာ ဖင်တောင်မပူရသေးချေ ။ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လစ်လပ်နေသော ဒုသမ္မတရာထူး နေရာအတွက် ဘာကိုမျှ ၀င်ရောက်ပြောဆိုနိုင်ခြင်းမရရှိ
တော့ ။ ပြည်သူလူထုတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အထူးအားကိုးကြသည် ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အထူးအားကိုး မျှော်လင့် ယုံကြည်ကြသည်။
         မျှော်လင့်ထားသလို ဘာတခုမျှ ဖြစ်မလာသော အခြေအနေကို ပြည်သူတို့  မြင်တွေ့ ကြရပါပြီ ။ ဥရောပနိုင်ငံခရီးစဉ် သို့  သွားခဲ့ သော ဒေါ်အောင်ဆန်းစုကြည်မှာ ကမ္ဘာ့ခေါင်းဆောင် တဦးအဖြစ် သတ်မှတ်ခံရသည် ။ ခုတော့ မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ မည်သို့ မျှ နေရာမပေးဘဲ လုပ်လိုက်သည်ကိုတော့ လက်မခံချင် ။ ပြည်သူ့ လွှတ်တော်တွင် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခွင့် ရှိသည်ဟု အစိုးရက တရားဝင်ပြဋ္ဌန်းထားသည် ။ ဖွဲ့ စည်းအုပ်ချုပ်ပုံ၏ အားနည်းသောအချက်အလက်များကိုလည်း ဖြည့်စွက် ပြင်ဆင်နေကြသည်များလည်း ရှိသည် ။ သို့ ဖြစ်၍ ယခုဒုသမ္မတ ရာထူးလစ်လပ်နေခြင်းကို  ချက်ချင်း အမည်စာရင်းတင်သွင်းပြီး ခန့် အပ်ရန် ကြိုးစားနေကြခြင်းမှာ မရိုးသားမှုဖြစ်နေသည်ကို တွေ့ ရသည် ။
       အဘယ့်ကြောင့်ဆိုသော် ဒုသမ္မတ ရာထူးတာဝန်ကို ခန့် အပ်ရန်အတွပ် လစ်လပ်နေသည်ဆိုလျှင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအားလံ
ုးက ရွေးချယ်နိုင်ရန် အခွင့်အလမ်းရှိရမည်ဖြစ်သည် ။ ဗြောင်မဲ ဆန္ဒနှင့်သော်၎င်း လျှို့ ဝှက်မဲဆန္ဒနှင့်သော်၎င်း သဘောထားကောက်ယူရမည်ဖြစ်သည် ။  တချိန်တည်းမှာပင် လစ်လပ်နေသော ဒုသမ္မတရာထူးကို မည်သူမဆို ယဉ်ပြိုင်ပါဝင်နိုင်ရန် အရည်အချင်းသတ်မှတ်ထားချက်ကို ပြန်လည်ပြင်ဆင်ပေးရမည်ဖြစ်သည် ။ ၄င်းပြသနာမှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုပြီး အားကြိုးမန်တက် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးအင်အား
စုတို့ ၏ အန္တိမရည်မှန်းချက်ဖြစ်သည် ။
       တိကျစွာပြောရလျှင် သမ္မတ အရည်အချင်းဆိုသည်မှာ ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသော အချက်အလက်များဖြစ်သည် ။ စည်းကမ်းစဉ်းမျှဉ်းများဖြစ်သည် ။ ယင်းအချက်အလက်များသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို ရည်ရွယ်ပြီး ရေးဆွဲ ပေးထားသော အချက်အလက်ဖြစ်သည် ။ ယင်းနိုင်ငံတော် သမ္မတ အရည်အချင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြရမည်ဖြစ်သည် ။ အခြားတဖက်မှာ သမ္မတအရည်အချင်းနှင့် ပါတ်သက်၍ ပြန်လည်ပြင်ဆင်ရန် လွှတ်တော်တွင် ဆွေးနွေးမည်ဟုဆိုပါက ယခုအမည်စာရင်းတင်သွင်းနေခြင်းမျ
ားကို ပြည်သူ့ လွှတ်တော်မှ လက်မခံသင့်သေး ။  စစ်ရေးအကူအညီ ရှိရမည်ဆိုသော ၊  နိုင်ငံခြားမှ အထောက်အပံ့ မခံရသော ဆိုသော ဥပဒေရပ်များသည် စင်စစ်အားဖြင့် သမ္မတတယောက်၏ အရည်အချင်းလည်းမဟုတ် ။ ဘယ်လိုနည်းဖြင့်လည်း မဆိုင် ။
     သမ္မတ တယောက်၏ အရည်အချင်းမှာ မျိုးချစ်စိတ်ရှိပြီး နိုင်ငံတော်ကို တိုးတက်ဖွံ့ ဖြိုးသာယာစေလိုသော အမြင်ရှိသော သူများသာ ဖြစ်သင့်သည် ။ ယခုရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်မှ  ဒုသမ္မတအဖြစ် အမည်စာရင်း တသွင်းထားရာ ဒီပဲယင်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသူအဖြစ် အမည်ကြော်ကြားသူဖြစ်နေသည် ။  သတင်းစာ ဆရာများ ၊ စာနယ်ဇင်းများနှင့် ပဏာမစားသော သူတဦးလည်းဖြစ်နေသာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေအစား ဒေါ်အောင်ဆန်းစုကြည်ကို ခန့် အပ်မည်ဆိုပါက မြန်မာနိုင်ငံအတွက် မည်မျှ ကောင်းကျိုး ရှိလေမည်လဲ ဆိုသည်ကို တွက်ချက်ကြည့်ရန်လိုသည် ။ ဥပမာအားဖြင့် ဦးမြင့်ဆွေမျက်နှာကို မျှော်ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုင်ကြည့်နေရမည်ဆိုလျှင် လွှတ်တော်အနေအထားမှာ ပုံလှမည်မထင်ရပေ ။ နိုင်ငံတကာမှ မြင်ကွင်းမှာလည်း အကြည့်ရ သက်သာလှမည် မထင် ။ ထို့ ကြောင့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်လာကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် သမ္မတရာထူး အရည်အချင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးရန် အဆိုပြုချက် အဖြစ် စောစောတင်သွင်းသင့်သည်ဟု ထင်မြင်ယူဆမိသည် ။  ဒု သမ္မတရာထူးကို မခန့် ဖြစ်သေးရန် တားဆီးရန်လိုသည် ။ သို့ မှသာ ဒူးနေရာဒူး တော်နေရာ တော် ဖြစ်နေမည် ။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
2 comments :
Anonymous said...
MYINT SWE,
Your idea, style, practice and moral are exactly same as your FIRST HAND TEACHER, EVIL JUNTA,NE WIN who set up all the wrong systems for 50 years putting our country into the poorest in the world/committing uncountable criminals to the ciizens.
NE WIN, you are the evil famous teacher in Burmese History.
Because the lessons (you gave to ALL MILITARY GANGSTERS) is still keep burning our country
with great acceleration and momentum.
Anonymous said...
သွားပြီ ကိုခိုင်အောင်ကျော်ရေ။ ခင်ဗျားကို တော်တော်သနားတယ်ဗျာ။ ခင်ဗျား နယူးယောက်မှာနေပြီး ခင်ဗျား ဖြစ်ချင်တာတွေဘဲ ထိုင်ပြောနေတယ်။ ခင်ဗျား ဗဟုသုတ မရှိဘူး၊ စာမဖတ်ဘူး ဆိုတာ ခင်ဗျားရေးထားတာတွေက ၀န်ခံနေတယ်။ ခင်ဗျား မပြောနဲ့ ခင်ဗျားတို့ ဆရာမကြီးတောင် သွားဖြဲပြီး လွတ်တော်ထဲမှာ ဘာမှ့ လုပ်မရဘဲ ထိုင်နေတာသာကြည့်တော့။ ဒါဆို ခင်ဗျား သဘောပေါက်။