Monday 16 July 2012

တရုပ်မိုင်းတူး ကုမ္ဗဏီများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက် နေခြင်း

   တရုပ်မိုင်း တွင်းတွေက မိုင်းခွဲပြီး ဓါတ်သတ္တု တွေတူးဖေါ်နေကြတယ်။ ဇူလိုင် ၁၆ ရက်နေ့  က မိုင်းတွေကြောင့် မုံရွာမြို့ကတန်ခိုးကြီးဘုးရားများပင် သိမ့်သိမ့်တုန်သွားတယ်လို့ သိရပါတယ်။
 
(၁၆-၇-၂၀၁၂)တနင်္လာနေ့ နေ့လည်(၁၂)နာရီအချိန့်က မုံရွာမြို့ရဲ့တစ်ဖက်
ကမ်းမှာရှိတဲ့ လက်ပန်းတောင်းတောင်က တရုတ်တွေရဲ့တောင်ဖြိုမိုင်းခွဲမှု
တွေကြောင့် မုံရွာမြို့ရှိတန်ခိုးကြီးဘုရားများဖြစ်ကြသော-ဆုတောင်းပြည့်
ရွှေစည်းခုံဘုရားများမှာ သိမ့်သိမ့်သွားခဲ့တယ်လို့ ဘုရားဂေါပကအဖွဲမှ -Than
LarWaddy Times သို့တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။
မဟာဗောဓိတစ်ထောင်သို့-ThanLarWaddy Times မှ၎င်းကိစ္စကိုတယ်လီ
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ အသံက(၂)ခါဆက်တိုက်ဖြစ်ကြောင်းတုန်ခါမှု
အလွန်ပြင်းထန်ကြောင်း၊အလံ(၁၀၀)ဘုရားနှင့် ကမ္ဘာအကြီးဆုံးလေးကျွန်း
စင်္ကြာရပ်တော်မူဘုရားကြီးများတုန်ခါသွားခဲ့ကြောင်းပြောကြားခဲ့သည်။
" ဒီလိုသာ ခဏ ခဏဖြစ်နေရင်တော့ ရပ်တော်မူဘုရားကြီးလည်းသိပ်မကြာ
ခင်မှာပြိုကျပျက်စီးမှာသေချာတယ် ဒကာ၊ ဘုန်းကြီးတို့တိုင်းပြည်ကလည်းမ
လွယ်တော့ဘူးထင်တယ်။ဒီတရုတ်ကောင်တွေ နှိပ်စက်သမျှကိုဒီအတိုင်းခံနေ
ရတော့မှာလားမသိဘူး"ဟုဆိုတယ်
ဆန္ဒပြမှုတွေကြောင့်ရပ်နားထားသည်ဟုဆိုသော်လည်းဒီနေ့အသံကဘာလုပ်
လို့အခုလိုထွက်ပေါ်လာတာလည်းဟုမုံရွာမြို့ကမ်းနာဆိပ်တွင်နေသူတစ်ဦးက
ဆိုတယ်။

1 comment :

Anonymous said...

This is not China problem.

You must know basis problem came from where?

This problem came from the mistakes of wrong system set up by FIRST HAND TEACHER,JUNTA,NE WIN and followed up by his new generation of MILITARY GANGSTERS since 1962.

These all gangsters do not know how to set up the right system for developing our country.

THAT WHY the courty became the poorest in the world for 50 years.