Friday 27 July 2012

ဟော ပြောပွဲ ဖိတ်ကြား စာ

အပြောင်းအလဲလိုလားသူ ညီအကိုမောင်နှမများခင်ဗျား

"အသင်းအဖွဲ့များ၏ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်" ဆိုတဲ့အပတ်စဉ်စကားဝိုင်းမှာ တတိယအပတ်အဖြစ်မနက်ဖန် ဇူလိုင် ၂၈ စနေနေ့ပင်တိုင် ဆွေးနွေးဟောပြောမယ့်သူကတော့ စာရေးဆရာမသန်းမြင့်အောင် ဖြစ်ပါတယ်။ ဆရာမ သန်းမြင့်အောင်ဟာ ရန်ကုန်နာရေးကူညီမှုအသင်းရဲ့ ဒုတိယဥက္ကဌဖြစ်ပြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာရှိတဲ့ သုခရိပ်မြုံဆိုတဲ့ (HIV Positive ကလေးငယ်များစောင့်ရှောက်ရေးဂေဟာ)နဲ့
ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာတို့ကိုလည်း ကိုယ်တိုင်တည်စတင်တည်ထောင်ကာ ဥက္ကဌအဖြစ်တာဝန်ယူ ဆောင်ရွက်နေသူတဦးလည်းဖြစ်ပါတယ်။ လာမယ့်စနေ့နေ့မှာတော့ ဆရာမ သန်းမြင့်အောင်ဟာ သူမရဲ့ ၁၅နှစ်ကျော်သက်တမ်းရှိတဲ့ လူမှုရေးလုပ်ငန်းများမှ အတွေ့အကြုံများကိုအခြေခံပြီး “ပရဟိတ နှင့် ငြိမ်းချမ်းရေး” ဆိုတဲ့ခေါင်းစဉ်တခုနဲ့
ဟောပြောဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲကျင်းပပြုလုပ်မယ့်အချိန်ကတော့ ။ နေ့လည် ၂း၀၀ နာရီ မှ ၄း၀၀ နာရီထိဖြစ်ပါတယ်

စကားဝိုင်းပြုလုပ်မယ့်နေရာကတော့ ။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီစားသောက်ဆိုင် မှာဖြစ်ပါတယ်။



နောက်လာမယ့် အပတ်တွေမှာပါဝင်ကြမယ့် စာရေးဆရာများ ကတော့
ဆရာ ဖေမြင့်၊ ဆရာ မောင်ဝံသ၊ ဆရာ သန်းစိုးနိုင်၊
 ဆရာ ဦးအေးကျော်(MHR)၊ ဆရာ ကိုတာ တို့နဲ့ အခြား ဆရာ ဆရာမများဖြစ်ပါတယ်။

စကားဝိုင်းနဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုတဲ့ အချက်များကို
အောက်ပါပုဂ္ဂိုလ်များဆီဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကိုရဲဇင် ၀၉-၇၃၂၅၀၉၅၀ (အလင်းသစ်ဦးတည်ရာ)
e-mail newlightdirection1@gmail.com
ကိုမောင်မောင်စိုး ၀၉- ၇၃၀၉၆၆၇၂ (အလင်းသစ်ဦးတည်ရာ)
ကိုကျော်ဇော ၀၉-၄၃၀၂၇၁၈၄ (Green Myanmar)
ကိုဘော်ဘီ ၀၉-၆၈၀၂၉၄၆ (Safety Net)
ကိုဦး (Safety Net)
ကိုဖိုးသား ၀၉-၇၃၀၁၈၉၄၂ (လူငယ်သွေးမေတ္တာအဖွဲ့)
ကိုဝင်းကျော့မှုး ၀၉-၈၆၃၃၇၈၂ wkm123@gmail.com
ကိုညီညီ ၀၉-၇၃၀၉၉၈၇၇
ကိုမိုဃ်းသွေး ၀၉-၄၂၁၀၈၇၉၉၃ (Generation Wave)

ကိုကျော်ကျော်ထွန်း ၀၉-၅၄၁၄၇၅၃ (ရန်ကုန်လူငယ်အစည်းအရုံး)
khitlunge2011@gmail.com
မဇင်မာအောင်        ၀၉-၇၃၀၃၁၉၅၆                  (CISC)
ကိုမျိုးအောင်ထွေး    ၀၉-၀၉၄၂၀၀၉၅၁၀၄            (CISC)
ကိုစိုးသူရ             ၀၉-၅၀၉၈၀၉၀                   (၀ိမုတ္တိ)
ကိုအောင်အောင်မိုး                                      (Safety Net)
ဒေါ်ဥမ္မာ                                                   (အလင်းစေတမန်)
ကိုရဲအောင်           ၀၉-၄၉၅၉၀၄၉၅                  (အ.စ.အ.စ ကွန်ယက်)

ကိုဆန်နီ              ၀၉-၇၃၁၆၆၈၀၅


E-mail နဲ့ဆက်သွယ် စုံစမ်းလိုပါက saturday.dialouge@gmail.com ကိုဆက်သွယ်ပေးပို့နိုင်ပြီး  facebook မှဆက်သွယ်လိုပါက ( အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့်အနာဂတ်မြန်မာနိုင်ငံ ) ဆိုသည့်စာမျက်နှာတွင် စုံစမ်းဆက်သွယ်နိုင်ပါသည်။

No comments :