Tuesday 17 July 2012

ကျောင်းသားတပ်မတော် တပ်ထောက် ရဲဘော် ကိုရွှေသွေး ကွယ်လွန် ရှာ ပြီ

''  တိုင်းပြည်အတွက် တကယ်အသက်ပေး ထမ်းဆောင်ခဲ့တုံးက မကျဆုံး နားနားနေနေ နေရမယ်ကြံခါမှ ငှက်ဖျားဆေး ၊အသဲဆေး၊ တီဘီဆေး၊ ကာကွယ်ဆေး ရောဂါပျောံဆေးဒါဏ်တွေက အသဲကိုဒုက္ခပေးသွားပါပြီးကော ရဲဘော်ကြီး ကိုရွှေသွေး''   လို့   ကိုအောင်ထွန်းက သူရဲ့  အင်တာနက်စာမျက်နှာမှာရေးသားထားတဲ့ မှတ်ချက်ပါ။

ကျနော်တို့  ကျောင်းသားတပ်မတော် က ဒီမိုကရေစီရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူမသိသူမသိ အသက်ပေးခဲ့ကြတာ 
၃၀၀ ကျော်သွားပါပြီ။  တောထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲ မသန့် ရှင်းတဲ့ အစားသောက်နဲ့ 
ရေများကြောင့် အသည်းရောဂါ ကို အများစုခံစားနေကြရပေမဲ့ အသည်းထဲက ယုံကြည်ချက်
တွေက တော့ ကျမ္မာသန်စွမ်းလျက်ရှိကြပါတယ်။

 ကိုရွှေသွေး။ ဆုံးသွားရှာပြီ။ သူဟာ ကျောင်းသား တပ်မတော် တပ်ရင်း ၁၀၂ မှာတာဝန်ထမ်းဆောင်ခဲ့တယ်။ တပ်ထောက်တာဝန်ယူခဲ့တယ်။  ၈၈ လူထု လှုပ်ရှားမှုကြီးပါဝင်ခဲ့တယ်။ သူဟာ ဂျီတီအိုင်ကျောင်းသား တဦး။  
သူဟာ တာဝန်ကျေပြွန်တဲ့ရဲဘော်တဦးဖြစ်တယ်။ ရိုးသားတယ်ကြိုးစားတယ်။ ရေး မြို့ နယ်နဲ့  ဘုရားသုံးဆူ ဒေသ တိုက်ပွဲတွေမှာ သူ ပါဝင်တိုက်ခိုက်ခဲ့တယ်။ ရဲဘော်ကောင်းတဦး ဆုံး
ရှုံးသွားရပြန်ပြီပေါ ဗျာ လို့  တပ်ရင်းမှုး ဟောင်း တဦး ဖြစ်ခဲ့ တဲ့ ဘစောက ဆိုတယ်။  
သူကွယ်လွန် တဲ့အချိန်မှာ နော်ဝေးနိင်ငံ အော်စလိုမြို့ မှာ နေထိုင်ခဲ့တယ်။ သူဘ၀ တခုလုံး
တော်လှန်ရေးထဲမှာ နှစ်မြုပ်လုပ်ကိုင်ခဲ့တယ်။  အော်စလိုကိုရောက်တာ နစ်ပိုင်းပဲရှိပါသေးတယ်။မိသားစုနဲ့ ပြန်ဆုံဆည်းကြပြီးမှာသူဆုံးရှာတယ်။ ကွယ်လွန်ချိန်မှာ သမီးလေးတဦး ကျန်ရစ်ခဲ့တယ်။

 ကိုရွှေသွေး ကောင်းရာသုဂတိသို့ လားပါစေ။ ကျောင်းသားတပ်မတော်က ခင်ဗျားနဲ့ ပတ်သက်
လို့ အမြဲံတမ်းဂုဏ်ယူနေမယ်။



Photo: ကိုရွှေသွေးစီးရမဲ့ နိဗ္ဗန်ယဉ်






ထက်အောင်ကျော်ရေးတဲ့ ကိုရွှေ သွေး အကြောင်းကို ဒီလင့်မှာ ဖတ်ရှု့ နိင်ပါတယ်။

http://www.colourparliament.com/2012/07/facebook-akershus-absdf-facebook.html

1 comment :

Anonymous said...

လေးစားဂုဏ်ယူမိပါတယ်.. ပြည်သူ့ အတွက် စွန့် လွှတ်ခဲ့မှု့ တွေအတွက် ကောင်းရာဘုံကို ရောက်မှာပါ။ အမျှ အမျှ အမျှ...