Wednesday 11 July 2012

ကိုအောင်မျိုးမင်း လူအခွင့်အရေး နှင့် Gay Rirghts Activist ရန်ကုန် ပြန်ရောက်လည်ပတ်ခွင့်ရ

ကိုအောင်မျိုးမင်း မြန်မာပြည်ပြန်လည်ခွင့် ဗီဇာကို ရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့
လက သူနဲ့ ဦးအောင်မင်း ( မီးရထားဝန်ကြီး) တို့  ဆွေးနွေး အပြီးမှာ သူဟာ မြန်မာ ပြည်ကို 
ပြန်ရောက်လည်ပတ်ခွင့် ဗီဇာရရှိသွားတာဖြစ်ပါတယ်။  ကိုအောင်မျိုးမင်းဟာ

ထိုင်းနိင်ငံအခြေစိုက် ပြီး နယ်စပ်ဒေသတလျောက် ရှိ လူအခွင့်အရေး ချိုးဖေါက်ခံနေရမှုများကို 
ကြိုးပန်းဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။  သူရဲ့ အစီရင်ခံစာများ လှုပ်ရှားမှုများက နိင်ငံတကာ
သံတမန်များ  အန်ဂျီအိုများကြားမှာ ထိရောက်မှု ရှိ လှပါတယ်။ 
ကိုအောင်မျိုးမင်းဟာ အေဘီအက်စ်ဒီအက် ရဲဘော်ဟောင်းတဦးဖြစ်ပြီး  လိင်တူချစ်သူ ( Gay Rights)  အရေး အတွက် လည်း ကြိုးပန်းဆောင်ရွက်နေသူ တဦးဖြစ်ပါတယ်။  

ဓါတ်ပုံ - ကိုအောင်မျိုးမင်းနဲ့ ၂၄ နှစ်ကြာကွဲကွာနေသော မိခင် နှင့် ညီအကို မောင်နှမများ ကို ရန်ကုန်လေဆိပ်မှာတွေ့ ရပုံဖြစ်ပါတယ်။

No comments :