Wednesday 18 July 2012

Unpopular Chap လူကြိုက်နည်းတဲ့ကောင်

Written by မောင်ချောနွယ်/ဇေယျာလင်း   


ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၁ ရက်ထိ လန်ဒန်မြို့ Southbank Centre မှာကျင်းပတဲ့ ကမ္ဘာ့ ကဗျာပွဲတော်ကို မြန်မာနိုင်ငံက ခေတ်ပြိုင်ကဗျာဆရာ ဇေယျာလင်း တက်ရောက်ခဲ့ပါတယ်။ ဒီကဗျာပွဲတော်ကို နိုင်ငံတကာ ကဗျာဆရာပေါင်း ၃၀၀ တက်ရောက်ခဲ့ပြီး ယူကေနိုင်ငံသမိုင်းမှာ နိုင်ငံတကာ ကဗျာဆရာ အများဆုံး တက်ရောက်ခဲ့တဲ့ အကြီးဆုံး ကဗျာပွဲတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ အစီအစဉ်မှာ နိုင်ငံတကာ ကဗျာဆရာတွေနဲ့အတူ အက်လီဇဘက် ဘုရာမခမ်းမမှာ ကဗျာဆရာ ဇေယျာလင်းက သူ့ရဲ့ လက်ရွေးစင် ကဗျာတချို့ကို ရွတ်ဆိုသွားခဲ့ပြီး ကဗျာရွတ်ဆိုပွဲ အပြီးမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က ခေတ်ပြိုင် ကဗျာဆရာပေါင်း ၃၀၀ ကျော်တို့ရဲ့ ကဗျာပုဒ်ရေ တသိန်းကျော်ကို ကောင်းကင်ကနေ ဟယ်လီကော်ပတာနဲ့ နာရီဝက်ခန့်ကြာ ကဗျာမိုး ရွာချခဲ့ပြီး ကဗျာပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာ ယူကေအခြေစိုက် နာမည်ကျော် The Wolf ကဗျာမဂ္ဂဇင်းရဲ့ ဆယ်နှစ်မြောက်မွေးနေ့ အခမ်းအနားကို တက်ရောက်ပြီး မြန်မာခေတ်ပြိုင်ကဗျာ ရေစီးကြောင်း အကြောင်း ဆွေးနွေးတင်ပြ ခဲ့အပြီး ကဗျာဆရာ မောင်ချောနွယ်ရဲ့ နာမည်ကျော် လူကြိုနည်းတဲ့ကောင် ကဗျာ အင်္ဂလိပ်ဘာသာပြန်ကို ရွတ်ဆိုခဲ့ပါတယ်။

ကဗျာပွဲတော်မှာကဗျာဆရာ ဖေယျာလင်း ရဲ့ ကဗျာရွတ်ဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းများထဲမှ ပထမဦးဆုံး ကဗျာဆရာ မောင်ချောနွယ်ရဲ့ လူကြိုက်နည်းတဲ့ကောင် Unpopular Chap ကဗျာရွတ်ဆိုမှုကို ပထမဦးစွာ တင်ဆက်လိုက်ပါတယ်။


စာတည်း (http://www.kaungkin.com)


No comments :