ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထား ကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။
ဒုသမ္မတအမည် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည်
ရန်ကုန်၊ သြဂုတ် ၁၄
လစ်လပ်နေသော ဒုတိယသမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို မနက်ဖြန် (သြဂုတ်လ ၁၅ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်
ယင်းနေ့တွင်ပင် အမည်စာရင်းတင်သွင်းခံရသော ပုဂ္ဂိုလ်က ဒုတိယသမ္မတ အဖြစ် ကတိသစ္စာပြုမည်ဖြစ်သည်။
စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး The Voice Weekly ကအတည်ပြုနိုင်ရေးကြိုးစားနေ
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။
The Voice Weekly

No comments :
Post a Comment