Thursday, 30 August 2012

မြန်မာ ပြည်သို့ သွားရောက်ဆွေးနွေးမည့် သတင်းထုတ်ပြန်ကြေညာချက်

လေးစားအပ်ပါသော ရဲဘော်များ မိတ်ဆွေများခင်ဗျား 

နှုတ်ခွန်းဆက်ပါတယ်။ စက်တင်ဘာ ၁ရက် ၊ နံနက် ၈ နာရီမှာ ကျနော်မင်္ဂလာဒုံလေဆိပ်ကိုရောက်ပါမယ်။ သမတဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများရဲ့ ဖိတ်ခေါ်ချက်အရ မြန်မာနိင်ငံ ငြိမ်ချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် ကျနော် မြန်မာ ပြည်ကို သွားပါမယ်။ 

ကျနော်နဲ့ အတူ ကိုထွန်းအောင်ကျော်၊ကိုကိုလေး၊ကိုမူးသာ၊ ကိုရင်အေး၊ကိုရွှေစင်၊ ကိုကိုအောင်
ကိုအေးမင်းတို့ ပါဝင်မှာဖြစ်ပါတယ်။ 

ကျနော်တို့ အဓိက ဆွေးနွေးမဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေး၊ နိင်ငံရေးအအရ အခြေခံကျသော  ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး ၊ ဆင်းရဲမှုတွေမှု၊အလုပ်လက်မဲ ပြသနာ၊ မြန်မာနိင်ငံသားတိုင်း မိမိနိင်ငံကို ပြန်လည် ထူထောင်ရေးမှာပါဝင်နိင်ရေး လုံခြုံစိတ်ချစွာ ပြန်နိင်ရေး စတာ တွေ ပါဝင်မှာဖြစ်ပါတယ်။ 

ဒီလိုဆွေးနွေးမှုတွေဟာ ကျနော်တို့ တိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ပါတယ်။ 
ကျနော်တို့ အစွမ်းကုန်ကြိးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။မိတ်ဆွေ တို့ ရဲ့ အားပေးကူညီမှု
များ အထူးလိုအပ်ပါတယ်။

မိတ်ဆွေတို့ ရဲ့ အကြံညာဏ်တွေကိုလိုပါတယ်။ ဒီမှာကွန်မင့်တွေရေးနိင်ပါတယ်။
ကျနော်တို့ အီမေလ်တွေက တဆင့်လည်း ဆက်သွယ်နိင်ပါတယ်။ 

မိုးသီးဇွန် 
moetheezun@hotmail.com
Peace Mission For Mother Land. 

14 comments :

Anonymous said...

ကိုမိုးသီးရေ
နယ်စပ်တလျှောက်မှာနေတဲ့ ၈၈ ကထွက်လာတဲ့ ဒီမိုကရေစီအင်အားစုတွေ အများကြီးရှိပါတယ်။ အမည်မဲ စာရင်းမှာလဲ အဖွဲ့ စုံရဲ့  ဦးဆောင်သူတွေက အများစုပါဝင်နေတာတွေ့ ရတယ်။ အစိုးရသစ်အနေနဲ့  စာရင်းအားလုံးကိုလဲ အတိအကျ မသိနိုင်ပါဘူး။ အားလုံး လွမ်းခြုံနိုင်မယ့် အစီအစဉ်ဖြစ်ရင် စာထဲမှာ ပြောထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့  အားလုံးလွမ်းခြုံနိုင်မယ့် အစီအစဉ်ဖြင့် အမိနိုင်ငံမှ ယုံကြည်ချက်ကြောင့် သဘောထားမတူဘဲ ပြည်ပ။ နယ်စပ် တလျှောက် ရပ်တည်နေသူတွေကို တပြေးညီအခွင့်အရေး ပေးသင့်ပါတယ်။ နယ်စပ်မှာ နေပြီး ဘာအထောက်အထားမှမရှိတဲ့ သူတွေက ဘယ်သံရုံးကို ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မသိတဲ့သူတွေ အများကြီးပါဘဲ။ ဥပမာ - မူဆယ်။ တာချီလိတ်။ မြ၀တီ။ ဘုရားသုံးဆူ။ ကော့သောင်း မောင်တော။ တမူး စတဲ့ နယ်စပ်မြို့ တွေမှာ ပြန်လည်လက်ခံရေးစခန်း ဖွင့်လှစ်တာမျိုး ဖြစ်စေချင်တယ်။ အဲ့ဒီ စခန်းကနေ တရားဝင် နိုင်ငံရေးစီစစ်ရေးကတ်။ ခရီးသွားလာရေး။ ရပ်တည်နေထိုင်ရေးကိုလည်း တစုံတရာ ကူညီ ဆောင်ရွက်ပေးရင်တော့ နိုင်ငံတော်အစိုးရကို မိဘပြည်သူတွေက ပိုမိုပြီး အမြင်ရှင်းယုံကြည်မှု ရရှိနိုင်ပါလိမ့်မယ်။ အစိုးရတာဝန်ရှိသူတွေကို ဆွေးနွေးပေးစေလိုပါတယ်။ တချို့ ဆိုရင် မိသားစုတစ်စုထဲမှာ အမည်မဲစာရင်းမှာ ပါတဲ့သူတွေ မပါတဲ့သူတွေရှိနေတာ တွေ့ ရတယ်။

Nyi Zaw said...

ကိုမိုးသီးဇွန်- မြန်မာနိင်ငံငြိမ်းချမ်းရေးနဲပြန်လည် ထူထောင်ရေးတွေလုပ်ဖို့ခင်ဗျား မြန်မာနိင်ငံသားဖြစ်မှ ပိုထိရောက်မယ်၊ ဒီအတွက် ခင်ဗျား အမေရိကန် နိင်ငံသားကိုစွန့် နိုင်ပါလား ?

Anonymous said...

"မြန်မာ ပြည်သို့ သွားရောက်ဆွေးနွေးမည့် သတင်းထုတ်ပြန်ကြေညာချက်"

BoTayza said...

"မြန်မာ ပြည်သို့ သွားရောက်ဆွေးနွေးမည့် သတင်းထုတ်ပြန်ကြေညာချက်"
"မြန်မာ ပြည်သို့ သွားရောက်ဆွေးနွေးမည့် သတင်းထုတ်ပြန်ကြေညာချက်"

Bo Tayza said...

"မြန်မာ ပြည်သို့ သွားရောက်ဆွေးနွေးမည့် သတင်းထုတ်ပြန်ကြေညာချက်"

Anonymous said...

ခင်ဗျားကို လေးစားရတဲ့ အချက်ထဲမှာ မြန်မာပြည်အတွက် အခွင့်ရေးရတာနဲ့  ပြန်လာပြီး လုပ်မယ်ဆိုတဲ့ ခံယူချက်ပဲ။ website ပေါ်မှာ ရေးချင်တာ တွေ ရေးနေပေမယ့် စေတနာပါတယ် ဆိုတာ ကို ပိုပြီး သိလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ်။

Anonymous said...

Website ပေါ်မှာပေါက်ကရတွေ ရေးတတ်ပေမယ့် စေတနာ ပါတယ် ဆို တာကို သဘောပေါက်ပါတယ်။ ခင်ဗျား ကိုလေးစားရတာကလည်း မြန်မာပြည်အတွက် အခွင့် အရေးရတာနဲ့ ပြန်ပြီး လုပ်မယ်ဆိုတဲ့  စိတ်ဓာတ် ပါပဲ။
ကျေးဇူးတင်ပါတယ်။
Have a safe sweet home.

Than said...

အားပေးပါတယ်။

Anonymous said...

ရှစ်ဆယ့်ရှစ်အားလုံး တစုတစည်းတည်းဖြင့် မြင်တွေ့ချင်ပါသည်။ ၈၈ ကဲ့သို့ တသားတည်းဖြင့် နိုင်ငံပြောင်းလဲမှုတခုကို စတင်ခဲ့သလို ယခုလည်းနိုင်ငံတိုးတက်အောင်ဆောင်ရွက်မှူတွင် ယခင် ၈၈ ကဲ့သို့ပင်ဖြစ်သင့်ပါကြောင်း.....သို့မှသာ စည်းလုံးမှုအင်အားသည် ထိရောက်မှုပိုမိုရှိမည်ဖြစ်ကြောင်း တထောင့်တနေရာမှ ၈၈၈၈ ခေါင်းဆောင်အားလုံးသို့ .................

Anonymous said...

Moe thee zun will be arch rival to daw su kyi, he is more educated than Min Ko naing, he can speak english very well which is very important value for relation with western power.

I won't be surprise if you contest for presidential election in 2015.