RFA Burmese
ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့
ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က
ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး
ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒ
Photo - MC Rkhine
ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့
ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒ
ဏ်ရာရတာတော့
မရှိဘူးလို့ သိရပါတယ်။ အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ ည(၂)နာရီမှာ
ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့
ကုန်းပေါ်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ အတွက် အဲဒီစက်လှေကို ကုလားချောင်းကျေးရွာသားတွေက ဒီကနေ့မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသွားရောက်အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်းရဲစခန်းမှူး ဦးဝင်းသန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ်
ဘာသာနဲ့ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ်(၁)အုပ်၊ စက်လှေလိုင်စင်လို့ယူဆရတဲ့
စာအိတ်(၁)အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
Photo - MC Rkhine

1 comment :
သမတကြီးခင်ဗျား
အခု အင်တာဗျူးနဲ့တော့မဆိုင်ပါဘူး။ အရှေ့က ရိုဟင်ဂျာ အင်တာဗျူးနဲ့ ပါက်သက်လို့ ပြောလိုပါတယ်။ သမတကြီး ဒီ comment ကိုတွေ့ နိုင်သည်ဖြစ်စေ မတွေ့ နိုင်သည်ဖြစ်စေပေါ့။
ဒီ ဆော်ဒီ အခြေစိုက် OIC ဆိုတာဟာ အစ္စလာမ်ဘာသာ ပြန့်ပွားရေး အစ္စလာမ် နိုင်ငံ၊ အစ္စလာမ် ဒေသများ ပိုမို ကျယ်ပြန့်လာစေရေး အတွက် ဖွဲ့ထားတဲ့ အဖွဲ့သက်သက်မျှသာဖြစ်ပါတယ်။ ငွေကြေးတောင့်တင်းပါတယ်။ လူအခွင့်အရေးဆိုတာ ကို ခြုံပြီး အင်အားနည်းတဲ့ နိုင်ငံလေး များ ကို စိုးမိုးဖို့ ကြိုးစားလိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ အပေါ်ယံက တော့ သာမန် NATO လို ASEAN လို အဖွဲ့ မျိုးပုံစံ ယူထားပေမယ့် သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ အစ္စလာမ်နယ်မြေချဲ့ထွင်ရေးပါပဲ။ ဒါပေမယ့် ဒီအဖွဲ့က တာဝန်ရှိသူတွေဟာ မုတ်ဆိတ် တကားကားနဲ့ မဟုတ်ပါဘူး။ အနောက်တိုင်းဝတ်စုံ ဖြစ်ဖြစ် အာရပ်အဝတ်အစားဖြစ်ဖြစ် သပ်သပ်ရပ်ရပ်ဝတ်စားပါတယ်။ လူမြင်ကောင်းအောင်နေပါတယ်။ လူပိန်းကြိုက် သကာရည်ဖုံး အပြောလေးတွေလည်း ပြောတတ်ကြပါတယ်။ ပညာလည်းတတ်ကြပါတယ်။ ယနေ့ ကမ္ဘာမှာ အစ္စလာမ်ဘာသာကို ပြန့်ပွါးအောင်လုပ်နေကြရာမှာ အကြမ်းဖက်ဆိုသူတွေက လူတွေကို အကြောက်တရားနဲ့ လုပ်ပါတယ်။ ဗုံးခွဲတယ်၊ သတ်တယ်၊ ရုပ်ပျက်ဆင်းပျက်လုပ်တယ်။ အစ္စလာမ်ဘာသာဝင်တွေကို ကြောက်အောင်လုပ်တယ်။ ဒီ OIC ကတော့ ကောင်းကောင်းမွန်မွန်ဝတ်စားတယ်။ ငွေပုံအောသုံးတယ်၊ စကားလှလှ သုံးတယ်၊ အချိုသပ်တဲ့နည်း၊ ဖိအားပေးတဲ့နည်းသုံးတယ်။ တကယ်တမ်း လေ့လာကြည့်ရင် အားကြီးတဲ့ နိုင်ငံဆို သူတို့ သိပ်မလုပ်ရဲပါဘူး။ တရုတ်မှာ ဟန်တွေနဲ့ မွတ်စလင်မျိုးနွယ် Uyghur တွေနဲ့ ဖြစ်ကြတုံးက တရုတ်က ပြတ်ပြတ်သားသား ဟန်ဖက်က ရပ်တည်တယ်။ OIC ဘာသံမှ သိပ်မထွက်နိုင်ခဲ့ပါဘူး။ တရုတ်က စစ်ရေးကော၊ ဓန ပါတောင့်တယ်။ အခု မြန်မာပြည်ကို ကျတော့ UN မှာ တင်ဖို့လုပ်တယ်။ ဒါကိုကြည့်ချင်းအားဖြင့် မြန်မာပြည်ဟာသေးတယ်၊ ဓန မရှိဘူး ဆိုတာသိလို့ လုပ်တာဖြစ်နိုင်သလို၊ သမတကြီးတို့ ဘက်မှ သူတို့ ရဲ့ pressure ကို လိုသည်ထက်ပို ပြီး response လုပ်နေလို့လည်းဖြစ်နိုင်ပါတယ်။ သမတကြီးတို့ အနေနဲ့ တကယ် တမ်းယူရမည့်အားသည် ပြည်တွင်းအားသာဖြစ်ပါတယ်။ လူထုအားသာဖြစ်ပါတယ်။ သမတကြီးနှင့် ကြံ့ခိုင်ရေးပါတီ အပေါ် ယခင်က ပြည်သူများမှ မယုံ ကြည့် ခဲ့လင့်ကစား နိုင်ငံကိုထိပါးမည့် ကိစ္စများတွင် ပြည်သူစစ်စစ်များကတော့ သမတကြီး တို့ အစိုးရနှင့်တသားတည်းရပ်တည်ပါလိမ့်မယ်။ ငွေမျက်နှာကို ကြည့် ပြီး လူ့အခွင့်အရေး အရေခြုံ ကာ ရန်သူကို မျက်စ ပစ်ပြနေသူ အချို့ ကတော့ အမြဲတမ်း ရှိနေမှာ ဖြစ်ပေမယ့် မပြောပလောက်တဲ့ ပမာဏဖြစ်လို့ ထည့်တွက်စရာမလိုပါဘူး။ လူ့ အခွင့်အရေးဆိုတာ အလွန်လှသလောက် အလွန်ရှုပ်ထွေးပါတယ်။ တကယ်တမ်းက ကြိုက်တဲ့ နိုင်ငံပြောင်းပါ.. လူဆိုတိုင်း အခွင့်အရေးအပြည့်မရပါဘူး။ သူတို့ နိုင်ငံသားနဲ့ တန်းတူ မရပါဘူး။ ယနေ့ အင်တာနက်ခေတ်ကြီးမှာ လေ့လာကြည့်ရင်သိနိုင်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ရထား သူ နှင့်နိုင်ငံသားနှင့်တောင် အခွင့်အရေးမတူပါဘူး။ ဘီဘီစီ အခြေ စိုက်ရာ ဗြိတိန်နိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားနဲ့ ပါတ်သက် လာရင် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါတောင် သူတို့ ဟာ နေထိုင်ခွင့် မပေးသင့်တဲ့ လူတွေကို နေထိုင်ခွင့်ပေးမိ၊ နိုင်ငံသားမပေးသင့်တဲ့ လူတွေကို နိုင်ငံသားပေးမိတဲ့ အတွက် ယနေ့ အခါမှာ UK မှာ Sxxxxa ဘာသာရေး ဥပဒေ ရှိရမယ် ဘာညာဆိုပြီး အကြပ်ကိုင် တောင်းဆိုတာ၊ အကြမ်းဖက်သမားမှန်းသိသိကြီးနဲ့ နိုင်ငံကနေ နှင်ထုတ်လို့ မရတာ စသည်ဖြင့် ကိုယ့်ကြိုးနဲ့ ကိုယ့်လည်ပင်းကို ပတ်မိနေပါတယ်။ အချုပ်ဆိုရမယ်ဆိုရင် လူ့ အခွင့်အရေးဆိုတာ ဟာ ကောင်းတာမှန်ပေမယ့် နေရာတကာ သုံးလို့ မရတဲ့ one size fits all မဟုတ်ကြောင်းနဲ့ သူ့နေရာ သူ့ဒေသ လူတွေရဲ့ အကျင့် အနေ အထိုင်ပေါ်မှာသာ လျှော်ညီအောင် ကျင့်သုံးသင့်ပါကြောင့် သမတကြီး တွေ့ တွေ့ မတွေ့တွေ့ အကြံပေးလိုက်ရပါတယ်။
Post a Comment