Friday, 17 August 2012

မတရားမှု သတင်း

အစိုးရရုံးစိုက်ရာနေပြည်တော်တွင် သားအဖ ၂ ဦး မတရား မှုကိုခံနေရ 

by Myanmar Mediamm on Friday, August 17, 2012 at 7:09am ·
နိုင်ငံတော်အကြီးအကဲများရုံးစိုက်ရာ နေပြည်တော်ပျဉ်းမနားတွင် ကြားဖြတ်ရွေးကောက်ပွဲကာလ NLD ပါတီအနိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ပေးခဲ့သော ဦးနိုင်ငံလင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒက္ခိဏသိရီမြို့ နယ် ရွှေအင်းဂံကျေးရွာအုပ်စု ရွှေအင်းဂံကျေးရွာမှ အောင်နိုင်ရေးအဖွဲ့ ဝင်များဖြစ်သည် ဦးစံအေး နှင့် သားဖြစ်သူကိုရောင်ခြည်ဦးတို့  ကို ရွှေဂဲအင်းကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှုဖြစ်သူ ဦးရန်နိုင်မှ တရားလိုပြုလုပ်ကာ ဒက္ခိဏသိရီမြို့ နယ်တရားရုံးတွင် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေမှု ပုဒ်မ-၅ ဃ ဖြင့်တရားစွဲဆိုထားခဲ့ပါတယ် ။


ခင်ပွန်း နှင့် သားပါတရားစွဲခံထားရသည့် ဦးစံအေး၏ ဇနီး

          ယခုကဲ့သို့  ပြည်သူအများအထိတ်တလန့်ဖြစ်စေခဲ့ခြင်းကြောင့်ဟုဆိုကာ ဖြစ်ပွားရာ ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ ရွှေဂဲအင်းကျေးရွာတွင်နေထိုင်သော ကျေးရွာဥက္ကဌှ ဦးရန်နိုင်မှ တရားလိုပြုလုပ်တ၇ားစွဲဆိုခဲ့သော်လည်း ၎င်း တင်ပြထားသော သက်သေများနှင့်ရွာသူရွာသားများ၏ ပြောကြားချက်အရ အသံချဲစက်အသုံးပြု၍ရပ်ရွာတွင်း ဆက်သွယ်ရေးတရပ်အနေနှင့်အသုံးပြုကြသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ခန့်ပင်ရှိပြီဖြစ်ကြောင်း ၊ ယခင်ကာလများတွင် ကျွဲပျောက် ၊ နွားပျေက်ရှာကြသူများ အား ရှာဖွေသည့် ကျွဲနွားများအိမ်သို့  ပြန်လည်ရောက်ရှိနေပါက အသံချဲစက်ဖြင့်တော အုပ်ဖက်သို့  လှည့်ကာ  ကျွဲနွားများပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ၊ အလှူအတန်းများတွင်လည်းသုံးစွဲကြကြောင်း ၊ ယခုကာလတွင် အိမ်တိုင်းနီးပါး အသံချဲစက်များကိုမိမိတို့  နေအိမ်များတွင် တပ်ဆင်ထားကြောင်း တယ်လီဖုန်း လာ၍ ခေါ်ဆိုခိုင်းရာတွင်ပင် အသံချဲ့စက်ဖြင့် မည်သူ မည်ဝါ တယ်လီဖုန်းလာနေသည့်အတွက် လာရောက်ပြောကြာရန်ကိုပင် အသံချဲစက်ဖြင့် ဟစ်အော်၍ ပြောကြသည်မှာ ရပ်ရွာဓလေ့ပင်ဖြစ်နေကြောင်း ကို ကျောက်ခဲအင်းကျေးရွာသူရွာသားများနှင့်ကျောက်ခဲအင်းရွာသားဖြစ်သူ ဦးသန်းဝင်းမှ ပြောပါသည်။


ကျောက်ခဲအင်းရွာသားဦး သန်းဝင်း

          ယခုအမှုအား လေးလကျော်ကြာမြင့်နေပြီဖြစ်ပြီး တရားလိုပြသက်သေ ( ၁၅ ) စစ်ဆေးပြီးဖြစ်သည့်အပြင် ဦးတရားစွဲခံရသူ ဦးစံအေးမှာ ယခင်ရောဂါဟောင်းဖြစ်သည့် ရင်ကျပ်ပန်းနာ ရောဂါပြန်လည် ခံစားနေရပြီး ၊ ယားနာရောဂါများပါ ထပ်မံခံစားနေရသဖြင့် ပျဉ်မနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီး ရောဂါမှာ သက်သာခြင်းမရှိသေးဟု တရွာတည်းသာဖြစ်သူ ကိုနေမင်းစိုး၏ပြောပြချက်အရသိရပါသည် ။


ကိုနေမင်းစိုး

          ယခုဖြစ်ရပ်အားအသေးစိတ်သိရှိလိုပါက ကျောက်ခဲအင်းရွာသားတဦးဖြစ်သည့် ကိုကျော်လှိုင် ( ဖုန်း - ၀၉ ၄၂၀၇၁၁၁၈၁ ) သို့  ဆက်သွယ်မေးမြန်းနိုင်သလို ဦးစံအေး၏သမီးဖြစ်သူ မသဇင်နွယ် ( ဖုန်း - ၀၉ ၄၃၀၉၇၈၇၇ ) သို့  လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည် ။

No comments :