ရှစ်လေးလုံး အဓိဋ္ဌန်
(မောင်စွမ်းရည် )
စစ်အစိုးရဟာ ၊ အစိုးရ မစစ်ဘူး
ဒီအစိုးရက အစလဲ
မရိုးဘူး
အလယ်လဲ မရိုးဘူး
အဆုံးကျလဲ လုံးဝ
ရိုးမှာ မဟုတ်ဘူး
လူသတ်ခိုးလု ၊ ကာမေသုနဲ့ 
မုသားဝါဒ ၊ အကုသနဲ့ 
ဘာကမှ မကင်း ၊ သီလသာကင်းတဲ့  ၊ မင်းဆိုးမင်းညစ်
ဖက်ဆစ်အစိုးရ ၊ နအဖကို
ယုတ်လှတဲ့  အမိုက်တွေမို့ 
ဗုဒ္ဒကြိုက်တော် မမူဘူး
ရေ မီး မင်း ခိုးသူ
၊ မချစ်မနှစ်သက်သူ
ရန်သူမျိုးငါးပါး ၊ ဘုရားဟောမှာ
“ မင်း “ ရောပါသမို
့
မင်းဆိုတာ ရေလိုလွှမ်းပြီး
၊ မီးလိုကျွမ်းအောင်
ရမ်းကားရက်စက်
၊ အကြမ်းဖက်တဲ့ 
ဖက်ဆစ်မျိုးမင်း
၊ တရားကင်းတဲ့ 
မတရားမင်းမို
့---
မင်းကျင့်တရား
-ကျင့်ဆယ်ပါးမှာ
တပါးမှမလိုက်
အ၀ိဟိံသ ၊ အ၀ိရောဓနံ
ခန္တီတပံ ၊ တဆံခြည်မကိုက်
ဒီမင်းမိုက်ကို
မကြိုက်လို့ မှ ၊ ဖြုတ်မချရင်
ဗုဒ္ဒအလိုတော်
မညီဘူး ။
“
ပြည်တင်းရင် ၊ မင်းမခံနိုင်ဘူးတဲ့ ”
အထူးဆိုရိုး မငုတ်လျှိုးရအောင်
တို့ စွမ်းဆောင်စို့ 
ဘုရားအလောင်းမင်း
ဝေသန်မင်းလဲ ၊
ပြည်တင်းတဲ့ အခါ
မခံသာလို ၊ ဟိမ၀န္တာသို
့
ပြည်ရွာစွန့် ခွာ
၊ သင်ခန်းစာကို
ဘယ်မှာ မေ့သင့်ပါမလဲ
“
မင်းဆိုသမျှ ကွင်းရှောင်မယ်
ထမင်းတောင် စားချင်ဘုလေး “ လို့ 
ရှေးရှေးတုန်းက ၊ ဦးပုညဟာ
ဘ၀နဲ့ ရင်းပြီး ၊ ရှမ်းတမ်းထုတ်သလို
ဗိုလ်ချုပ်မင်းတွေကိုလဲ
ပြည်သူကတင်း ၊ သွေးနဲ့ ရင်းခဲ့ ပြီး
ငြင်းဆိုခဲ့ ပြီ ။
“ စစ်ဆိုရင် ၊ ရေကိုပင် မစစ်ချင်ဘူး “ လို့ 
စစ်ရူးတွေကို
စက်ဆုပ်
စစ်ဗိုလ်ချုပ်တွေကို
နာကျည်း
စစ်ဒုက္ခတွေကို
ခါးသီး
မုန်းတီးရွံရှာ
အမျိုးသားသင်ခန်းစာကို
ကမ္ဘာမကြေ ၊ ဗမာတွေက
ကမ္ဘာမြေကို ပြလိုက်ပြီ
။
စစ်တပ်ရဲ
့
စစ်ဖိနပ်ကိုမုန်း
စစ်သေနတ်ကိုမုန်း
စစ်အ၀တ်နဲ့  ၊ စစ်ခါးပတ်ကိုလဲမုန်း
အညစ်အပတ် ၊ အညှစ်အသတ်
အကပ်အညှပ်တွေ ၊ အထစ်အဖြတ်တွေနဲ့ 
အပစ်အခတ်တွေကိုလဲ မုန်းလှပြီ ။
စစ်ဗိုလ်က
စစ်ဗိုလ်အလုပ်ကို
မလုပ်
ဓမြဗိုလ်အလုပ်ကိုလုပ်သမို
့ ဖြုတ်ချ
ပြည်သူကကင်း ၊
ပြည်သူကငြင်းလျှက်နဲ့ 
အတင်းမက် ၊ အတင်းစွက်
၊ အတင်းနှက်
အတင်းတက်ပြီး
၊ စစ်မင်းဆက်တည်ထောင်
စစ်မီးတွေလောင်လို
့
ပြည်ထောင်စုပြာပုံဖြစ်
သမိုင်းညစ်အောင်
၊ အရိုင်းခေတ်ကို ဖေါ်ဆောင်
အမှောင်တခေတ်ကို
စစ်ဗိုလ်ချုပ်တွေ
တည်ထောင်လေပြီ ။
ဂငယ်သုံးခု ၊ ဥသျှစ်ထုသလို
ဂငယ်လေးခု ၊ ရှစ်လေးလုံးမှာ
စစ်မင်းဆက် သုဉ်းပြန်ရော့ဟဲ
့လို့ 
ရုန်းကန်တဲ့  လူထုကို
ဗုံးဆန်နဲ့ ထု ၊ ဒုန်းပျံနဲ
့ထု
လုသွားတဲ့ အာဏာ ၊ ပြန်လုဖို
့ ဖီဆန်ရာမှာ
ကျည်ဆန်သာ ပြန်ပေးသမို့ 
သွေးကန်သွေးမြစ်
သွေးပင်လယ် ဖြစ်စေခဲ့ ပါပြီ
၊
“ ဒီမိုကရေစီ ရရှိရေး ၊
ဒို့ အရေး”
“ လူ့ အခွင့်အရေး ရရှိရေး
၊ ဒို့ အရေး “
“ စစ်အာဏာရှင် ဖြုတ်ချရေး ၊ ဒို့ အရေး” လို့ 
ဒို့ ကြွေးကြော်တဲ့  ရှစ်လေးလုံးမှာ
ဘုန်းကြီးတွေလဲပါ
၊ ဘုန်း မကြီးသူတွေလဲ ပါ
သီလရှင်တွေနဲ
့
ဂီတသဘင်အမှု ၊
အယဉ်အနု
ပန်းပုပန်းချီ
၊ ပန်တျာသည်တွေလဲ
ညာခြေဘယ်လက် ၊
ဘယ်ခြေညာလက်နဲ့ 
လမ်းမပေါ်တက် ၊
ချီတက်ကြလေရဲ့  ။
ကျောင်းသားနဲ
့ကျောင်းဆရာတွေလဲ
အဟောင်းအဖေါ်တွေနဲ
့ပေါ့ ၊ ခေါင်းတခါခါနဲ့ 
မညောင်းမညာ၊ ချီတက်လို
့ လာကြတယ်
ကဗျာဆရာ ၊၀တ္တုဆရာ
သတင်းစာဆရာ တွေလဲ
သတင်းစာအဟောင်း
ခေါင်းမှာဆောင်းရင်း
မညောင်းမချင်း
၊ ကသောင်းကနင်း
ဇေါင်းတွင်းကလွှတ်သလို
လွတ်မြောက်ရေးတရား
၊ လမ်းကြားအရောက်ဟောရင်း
မမေနိုင် မပန်းနိုင်
ပန်းတိုင်ရောက်
သွားကြမယ်တဲ့ 
ဆရာဝန် သူနာပြုနဲ
့
ဥပဒေ အကျိုးဆောင်တွေလဲ
မရှောင် မလွှဲဘူး
မပါဘဲ ဘယ်နေမလဲ
သူတို့  အဆွဲကောင်းလို
့
သူတို့ နဲ့  အမြဲပေါင်းတဲ
့
ဖဆပလဟောင်း ၊
ပမညတဟောင်း
မဆလအဟောင်းတွေနဲ
့
ဗကပဟောင်း ၊ ဗကသဟောင်း
တကသဟောင်းတွေလဲ
ချွေးသံတရွှဲရွှဲ
၊ သေးသံနဲ့  ရဲသည်ထိ
လက်တွဲမပျက် ၊
ချီတက်နိုင်တာ
အံ့စရာပါပဲ
အိုးခွက်ပန်းကန် တမမနဲ့ 
ဆန္ဒပြသူတွေဟာ
အိမ်ရှင်မတွေပါပဲတဲ့ 
မျက်မမြင် ဒုက္ခိကလဲ
ဒုတ်ရှိသမျှ တလှမ်းချင်းခေါက်ပြီး
လမ်းဆင်းလျှောက်ကြတာ
ကမ္ဘာ့အံ့ဖွယ် မြင်ကွင်းကျယ်ပ
အလုပ်သမား ၊ လယ်သမားတွေနဲ
့အတူ
တူတံဇဉ်တို့ ရဲ
့ သမီးသား
စစ်သမီး စစ်သားတွေတောင်မှ
မရှောင်မထွက်
လက်နက်တွေပစ်ချ
လမ်းမပေါ်တက် ၊
ပြည်သူ့ ဖက်ကို ပါခဲ့ ပြီ ။
အမြို့ မြို့  အရွာရွာ
ရှိရှိသမျှ လမ်းတွေ လမ်းတွေမှာ
ပန်းတွေ ပန်းတွေ ကြဲ
ရဟန်းတွေလဲ အခန်းမနေ
ဂူမအောင်း
ကျောင်းသားတွေ
လက်ကိုဆွဲ
ပြည်သူနဲ့  လက်တွဲ
၊ လမ်းထဲကိုလျှောက်
အံ့လောက်ဖွယ်
အရေးတော်ပုံကြီးမှာ
မီးတုတ် မီးတုတ်တွေဆိုတာ
အစည်းအထုပ်လိုက်
ရှို့ ကြပါသကော ။
စစ်တပ်ကတော့ စစ်တပ်ပဲ
ပစ်သတ်ဖို့ သာ သိရဲ့ 
သိတဲ့ အတိုင်း၊ ဗိုလ်ချုပ်တွေခိုင်းရင်
ခိုင်းသလို မလွှဲမသွေ
သေနတ်တွေ မိုးထောင်မပစ်
သိုးကောင်တွေကို ၊ မုဆိုးအချောင် ပစ်သလို
ခါးဆစ်ရဲ့ အထက် ၊ လက်ပျဉ်နဲ
့ ရင်ဒူး
နဖူးဆိုနဖူး ၊ နားရွက်ဆို
နားရွက်
တလက်မ တစင်တီ
တဆံခြည်မစောင်း
ချက်ကောင်းကိုပဲပစ်ခဲ
့ပြီ ။
ရဟန်းရှင်လူ ၊ ပြည်သူတွေဟာ
မြေမှာလဲကျ
ငရဲပြေက ၊ မြေလွှာဟက်ပြီး
ငရဲသားတွေ ၊ မြေကခုန်ထွက်
ယမ်းခိုးတွေ မိုးထိတက်ပြီး
သွေးတွေတပွက်ပွက်မှာ
အူထွက်လက်ပြတ်
၊ ခြေကိုရော ဖြတ်လို့ မှ
သေတတ်သေးရင် ၊
သေအောင်ခြေ
ကြေအောင်သတ်
မီးရှို့ သတ်
၊ မြေဖို့ သတ် ၊ လေဆို့ သတ်
ရိုက်သတ် ၊ ညှစ်သတ်
၊ သတ်နည်းအစုံ
သတ်လို့ မှ မကုန်ရင်
၊ မြို့ အစုံ နယ်အစုံ
အပါယ်ဘုံ အကျဉ်းစခမ်းတွေမှာ
ညှဉ်းပန်းနှိပ်စက်
၊ လူ့ ဇတ်ကို ဖျက်သတဲ့ 
လူ့ ဆယ်သက်စာ
နလံမထူဘဲ
ရန်မမူနိုင်တဲ
့ ၊ လူနုံလူဖျင်း
လူ့ အောက်ကို
နိမ့်ဆင်းပြီး
လူချင်းမတူအောင်
၊ လူကိုခွေးဖျက်
ခွေးထက်ယုတ်ကန်း
၊ နှိပ်စက်ခန်းတွေ
တ၀န်းကမ္ဘာ ကျော်ခဲ
့ပြီ ။
အယုတ်တကာ့ ၊ အယုတ်ကတော့
ဗုဒ္ဒသာသနာမှာ ၊ ဗုဒ္ဒဘာသာတွေက
ဗုဒ္ဒသား သံဃာတွေကို
သံခြေချင်းနဲ့ 
သံဃာကိုထောင်သွင်း
၊
ဝါ၀ါဝင်းဝင်း သင်္ကန်းမြေချနင်း
သံဃာကိုသတ်တဲ
့ မင်းရယ်လို့ 
အ၀ီစိကို မဆင်းခင်
သတင်းအပုတ်နံ
့က ဗြဟ္မာ့ဘုံပြန့် ခဲ့ ပြီ ။
ပြည်သူ
့ရင်သွေး
ကျောင်းသားကျောင်းသူလေးတွေရဲ့ 
သွေးချောင်းသွေးမြစ်မှာ
စစ်ဖိနပ်တွေ
ခြေဆေး
စစ်သမိုင်း
ညစ်ထေးကိုလဲ
စစ်ဗိုလ်တွေ ကျည်ဆန်သွေးပြီး
ကျောင်းသားတွေ
လည်ချောင်းသွေးနဲ့ 
စိတ်တိုင်းကျ
ရေးခဲ့ ပါပြီ ။
ညစ်မှောင်တဲ
့ သမိုင်း
အရိုင်းခေတ်
သွေးကြွေး
ဘယ်သူ-ဘာနဲ
့ပေးဆပ်လေမလဲ
ကြွေးတင်ရင် ကြွေးဆပ်ရမှာ-
ကြွေးဥပဒေ မဟုတ်လား
အညစ်အကြေးတင်ရင်
ဆေးကြောသန့် စင်ရမှာ
လူ အစဉ်အလာမဟုတ်လား
အမှောင်ဆိုတာလဲ
အမြဲမမှောင်
အမှောင်ခွင်းပြီး
အလင်းဆောင်ကြရတာ
လူတိုင်းတာဝန်မဟုတ်လား
။
ကဲ-ဝေသန္တရာဇတ်
ပြန်လည်သုံးသပ်ကြရအောင်
ဇါတ်တော်လာ အလောင်းမင်းတောင်မှ
ပြည်တင်းရင် မင်းမခံနိုင်ဘူးတဲ့ 
စစ်ဘီလူး ၊ စစ်သူရဲ ၊ စစ်ငရဲ မင်းတွေလဲ
ပြည်တင်းရင် ဒင်းတို့ ဘာခံနိုင်မလဲ
မင်းဝေသန်က လှူတာ ၊ ယူတာမဟုတ်ဘူး
မင်းကြီးလှူတာက ဆင်ဖြူတကောင်ရယ်
ဒင်းတို့ ယူတာက ဆင်ဖြူဆင်မဲ ကျွဲနွားရာထောင်
တောက်တဲ့ ပုတ်သင် အိမ်မြှောင်
တောတောင် ရေမြေ
ရွှေငွေ ကျောက်သံ
ဘာမှမကျန်အောင်
၊ ရှိသမျှ ပြောင်ပြီ
ပြောင်သမျှ သည်းညဉ်းတာလဲ
၊ ထီးလှန်လို့ 
သည်းခံရတာ ကုန်ပြီ
သည်တချီ ပြည်သူအပေါင်းက
စစ်ဗိုလ်တွေ ယူနီဖေါင်းကို
ဦခေါင်းကချွတ်
ဇေါင်းကနေ လွှတ်ကြစို
့
သွေးစွက်တဲ့ 
ယူနီဖေါင်းကို
ပရိတ်ရေ နာနာလောင်းပြီး
မြစ်ချောင်းမှာသာ
မျောလိုက်ပါစို့  ။
မတရားတာကို
မတရားမှန်းသိလျှက်
မသိဟန်ဆောင်
တရားသယောင်ယောင်နဲ့ 
သင်ရှောင်သူလွှဲ
အသဲကြောင်ရင်
အမဲအမှောင် ခေတ်ဟာ ၊ နှစ်တရာ ကြာအုံးမယ်
ဘာမှမလုပ်ဘဲ
၊ ငုတ်တုတ်ငုံ့ ခံ
မငြင်းဆန်ရင်
၊ မင်းခံပေအုံး တသက်လုံး ။
မရှက်လဲ မရှက်ရင်
၊ မထွက်လဲ မထွက်နဲ့ ပေါ့
ထွက်ရဲလို့ ပဲထွက်ထွက်
၊ မထွက်ရဲဘဲထွက်ထွက်
လမ်းမပေါ်တက်မိရင်
၊ အသက်ပေးတန် ပေးရမယ်
အလေးပြုတာ ခံယူပါလေ
လမ်းပေါ်မတက် ၊
အိမ်ကမထွက်ဘဲ
လှို့ ဝှက်စည်းရုံး
၊ အိမ်တွင်းပုန်းအာခံရင်လဲ
တော်လှန်ရေး တမျိုးပဲလို
့ ၊ တိုးတိုးလေးပြောပါရစေ
ကဲ - ခုပြောသလိုပဲ
သင့်အိမ်ထဲ သင်အောင်း
မကောင်းတာကို
ကောင်းသယောင်နဲ့ 
ဟန်ဆောင်ပြီး
မထောက်ခံရင်လဲ
ဒါသည်ပင် အာခံမှု
-မသေးတဲ့ 
တော်လှန်ရေး ပထမမို
့- စလိုက်ကြစို့ 
မပြုံးချင်တာကို
မပြုံးချင်လို
့ပြုံးမပြရင်လဲ
ပြုံးမပြသူဟာ
တော်လှန်သူတမျိုးပေပ ။
ဒီလိုဆိုရင်
တော်လှန်လိုသူ တော်လှန်ပြ
တော်လှန်ရေးအစ ၊ အိမ်တွင်းကတဲ
့
ဒီနေ့ စချင် ဒီနေ့ စလို
့ ရစတမ်း
ဗိုလ်ချုပ် ဗိုလ်ယုတ်တွေ
ခိုင်းလာရင်
သူ့ တို့ ခိုင်းတာ ငါမလုပ်ဘူး
သူတို့ ပြောတာ
ငါမကြားဘူး
သူတို့ ကျွေးတာ
ငါမစားဘူး
သူတို့ ပေးတာ
ငါမယူဘူး
ဘူးတလုံးဆောင်
ဝေးရာရှောင်ပေါ့
မရှောင်သာရင်
ခေါင်းရမ်းကို ဖမ်းတဲ့  ဥပဒေမရှိဘူး
မရှိဘဲ ဖမ်းလဲ
ရမ်းသာရမ်း
ကြာကြာဖမ်းလို
့ မရဘူး
ခေါင်းရမ်းလို
့ အားမရ
စိတ်ကြွပြီး တောခိုချင်ရင်
ခိုသာခို မပြန်ခဲ
့နဲ့  ၊ ပြန်ခဲ့လို့  ဖမ်းတဲ့ အခါ
နှစ်တရာ ထောင်ချရင်
ထောင်ကထွက်လမ်း မမြင်ဘူး ။
ဒီမှာ
ဗိုလ်ချုပ်ပဲလာလာ
ဗိုလ်စုတ်ပဲလာလာ
အမင်္ဂလာ ၊ အကုသိုလ်တွေ
မျက်နှာချိုမသွေးနဲ
့
တံထွေးကိုသာ တင်းတင်းမာမာ
ထွေးစမ်းပါ ။
ပြင်းပြင်းနာနာ
ထွေးစမ်းပါ
အလှေးအဖျင်း အညစ်အထေးတွေ
ပြည်သူတွေရဲ့  တံထွေးခွက်မှာ
ပက်လက်ရော မှောက်လျှက်ရော
စောင်းလျှက်ရော
ကန်ချပြီး မျှောကြစို
့
မောဟတွေ ကြီး
မနေနဲ့ 
ဒေါသရေစီးမှာ
မျောကြစေသတည်း
မျောကြစေသတည်း မျောကြစေသတည်း ။
မောင်စွမ်းရည်
+
(ခိုင်အောင်ကျော်က
မေတ္တာဖြင့် စာစီရိုက်ပေးပါတယ်။)
No comments :
Post a Comment