Monday, 20 August 2012
ကိုမိုးသီး နဲ့  နေ့ သစ် အင်တာဗျူး
နေ့ သစ်- ကိုမိုးသီးခင်ဗျား ကို အောင်မိုးဝင်း ဆိုတဲ့သူက တိုက်ခိုက်ထားတယ်။ ငွေကိစ္စ၊လူသတ်မှုကိစ္စနဲ့  ခင်ဗျားအကြောင်းကို သိနေတဲ့ကျနော်တို့ က စိုးရိမ်တယ်။ ကိုမိုးသီးရဲ့  သမိုင်းကြောင်းကိုလေးစားတဲ့ သူတွေက စိုးရိမ်မကင်းနဲ့ ကျနော်တို့ ကိုမေးလာကြတယ်။ နောက်ပြီးတော့အခုကာလက ခင်ဗျားက တိုင်းပြည်ငြိမ်းချမ်းရေးရအောင်ကြိုးပန်းဆောင်ရွက်နေတဲ့ကာလဆိုတော့ ဒါကို မနာလိုတဲ့သူတွေရှိနေတဲ့အဖျက်အမှောက်တွေရှိနေတယ်။ ဒီကိစ္စတွေကို ခင်ဗျားဘာပြန်ပြောချင်သလဲ။
မိုးသီး- ကြေးစည်သံကြားတော့ခွေးတွေအူတာပေါ့လေ။ ကောင်းမှုကိုသာဓုမခေါ်နိင်ဘူးပေါ့။
ခွေးဟောင်တိုင်းထကြည့်ရင် အိပ်ရေးပျက်ယုံရှိမပေါ့။ ကဲပါလေ လိုရင်းပဲပြောကြတာပေါ့။
ပီနန်ဆရာတော်ဘုရားကြီးက ကျနော်ကိုသိပ်ချစ်ခင်ပါတယ်။ ကျနော်ကလဲ သူကိုလေးစားကြည်ညိုတယ်။ ဆရာတော်ကြီးကိုလေးစားကြည်ညိုရတဲ့အကြောင်းကတော့
ဆရာတော်ဘုရားကြီးရဲ့  အမြင်ကျယ်တဲ့ တိုးတက်တဲ့ အမြင်တွေကို တခါဖူးတိုင်းတခါကြားရတယ်။ ဟိုတလောက ကျနော် တို့ နယူးယောက်ကမိတ်ဆွေတယောက်နဲ့ ဆွမ်းကပ်ဖြစ်သေးတယ်။
၂၀၀၇ ခုနစ်သံဃာ့လှုပ်ရှားမှုကြီးဖြစ်တော့  ကျနော်ကိုပီနန်လာဦးဆိုလို့ ကျနော်သွားရပါတယ်။
ဘာတွေဖြစ်နေလဲ။ ဘာတွေလုပ်နေလဲမေးမယ်။ ကျနော်ပြန်လည်တင်ပြခဲ့တယ်။
သူက ရံပုံငွေလှူ ဒါန်းပါတယ်။  ငွေဘယ်လောက်လှူ သလဲ ။ ဒီငွေတွေကို ကျနော်က အဖွဲ ကို ပြန်အပ်ရပါတယ်။ အဖွဲ့ ကတော့ People Action Committee –PAC လို့ ခေါ်ပါတယ်။
တခြားလူတွေလည်းအများကြီးပဲ ကျနော်တို့ ကိုပေးကြတယ်။ လျူကြတယ်။
( ပြီးခဲ့တဲ့ လ က ပီနန်းဆရာတော်ဘုရားကြီးကို နယူးယောက်မှာ ဖူးတွေ့  ခဲ့စဉ်က ) 
ကိုဌေးနိင်  ကိစ္စကို   
သူကိုတာဝန်ယူထိမ်းသိမ်းကြရတဲ့ ကိုဝင်းနိင်ဦး၊ကိုဆလိုင်း၊ကိုကျော်ကိုကိုဝင်း တို့ ကို မေးမြန်းနိင်ကြပါတယ်။ တခြားရဲဘော်တွေလဲအများကြီးရှိသေးတယ်။  ကျနော်လည်းသတ်ဖို့ အမိန် မပေးဘူး။  ဒီရဲဘော်တွေကလဲ ဒီလိုမျိုးမလုပ်ဘူး။ သူတို့ ရဲ့  လေးစားစရာကောင်းတဲ့အရည်အသွေးတွေကိုသူတို့ နဲ့ရင်းနှီးတဲ့သူတိုင်းသိကြပါတယ်။
တော်ထဲမှာကိုယ်ကိုသတ်သေတဲ့ရဲဘော်တွေ ၄ ၊ ၅ ယောက်လောက်ရှိပါတယ်။ လူဟာအကျဉ်းအကြပ်ထဲကြသွားတဲ့အခါမှာ ဖြစ်တတ်လေ့ရှိတာတွေပါ။
 ကျနော်တို့ တော်လှန်ရေးလုပ်ခဲ့ကြရတာပဲဗျာ။
ဘယ်သူကိုမှာလာကြလို့  ကျနော်တို့ မခေါ်ခဲ့ကြဘူး။  ကိုယ်အသိစိတ်နဲ့ကိုယ်လာတယ်။
တော်လှန်ရေးတရပ်မှာဘာတွေကြုံနိင်တယ်။ ဘာတွေဖြစ်နိင်တယ်ဆိုတာ အားလုံးသိကြတာပဲ။  နိင်ငံတကာတော်လှန်ရေးသမိုင်းတွေကိုကြည့်ရင် တော်တော်ကိုစိုးစိုးဝါးဝါးတွေဖြစ်ကြလေ့ရှိတယ်။ တော်လှန်ရေးတို့ ရဲ့  မိခင်ကြီးဖြစ်တဲ့
ပြင်သစ်တော်လှန်ရေးကြီး ကနေ အမေရိကန်တော်လှန်ရေး၊ ရုရှားအလယ်၊ တရုပ်၊ဗီယက်နမ်၊
အားလုံးဟာသွေးချောင်းစီးခဲ့ကြရတယ်။
ညီအကိုချင်းတောင်သတ်ခဲ့ကြ၊သားအဖချင်းသတ်ခဲ့ကြတာတွေဖြစ်ခဲ့ကြတယ်။  The revolution devours its own children  လို့ တောင် ဆိုစကားအဖြစ်ကျန်ရစ်ခဲ့တယ်။ ကျနော်ဦးဆောင်ခဲ့တဲ့ ကျောင်းသားတပ်မတော်မှာ အဖိတ်အစင်တယောက်ဖြစ်ခဲ့တယ်။
ကျနော်မှာတာဝန်ရှိတာပေါ့။ ဒါပေမဲ့ကျနော်တို့ သတ်ဖို့ အမိန်မပေးခဲ့ဘူးဆိုတာ ရဲဘော်တိုင်းသိတယ်။ ကိုယ်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးတယ်။
ကျနော်ဘ၀မှာ ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေး အုပ်စုတွေနဲ့  ခင်းခဲ့ရတဲ့စစ်ပွဲကအရှည်ကြာဆုံး အခက်ခဲဆုံး။ သူတို့ ကျနော်ကိုတိုက်ခိုက်တာမှာရစရာမရှိဘူး
တော်လှန်ရေးကြီးကို အစအဆုံးမမှီတဲ့ကလေးတွေ၊ တချို့ လူတွေတော့ ဒါတွေကိုမသိကြဘူးပေါ့။ အခုခေတ်လို ဖေစ်ဘုတ်မပေါ်သေးဘူး။ အင်တာနက်မီဒီယာမပေါ်သေးဘူး။  မြက်ခင်းသစ်ဆိုတဲ့ မဂဇင်းကို ဗိုလ်ချုပ်ခင်ညွန့် ကိုတိုင်း
ဦးဆောင်ပြီး ကြီးကြပ်ထုတ်ဝေတယ်။ ဒီထဲမှာ ကျနော်ကို တိုက်ခိုက်ထားတာတွေက
လူသတ်ကောင်၊မုဒိန်းကောင်၊ မိန်းမလိုက်စားသူ၊ ငွေအလွဲသုံးစား စတာတွေပေါ့ ။ ဓါတ်ပုံတွေကာတွန်းတွေဝေေ၀ဆာဆာပေါ့။  ဒီစာအုပ်ကိုလစဉ်ထုတ်တယ်။ ဝေတယ်။
အမေရိကန်နဲ့အင်္ဂလန် က တချို့  ဖုန်းကြီးကျောင်းတော်တော်များများ မှာတောင်ဒီစာအုပ်တွေကို ဖြန့် ဝေပေးကြတယ်။  အသံလွင့်ဇတ်တွေလုပ်တယ်။
ကျနော့်ကိုလူဆိုးနေရာထားပြီး ရုပ်ရှင် နှစ်ကားရိုက်တယ်။  တကားက ပါပီမဆိုတဲ့ကား
ကျနော်လေးစားတဲ့ ချစ်ခင်တဲ့ စိုင်းထီးဆိုင် ကျနော်ကိုတိုက်ခိုက်တဲ့အထဲမှာ ၀င်ပြီးဝါဒဖြန့် ပေးခဲ့ရသေးတယ်။ ကျနော်သူကိုမေတ္တမပျက်ပါဘူး။
ငယ်ငယ်က ရုပ်ရှင်မင်းသားကြီး ညွန့် ဝင်းကို ကျနော်သဘောကျတယ်။ သူရိုက်တဲ့
ဗန်တိုလူလေးနဲ့သူဇာ ဆိုတဲ့ဇတ်ကားကိုခုထိမှတ်မိသေးတယ်။  ၈၈ ဖြစ်တော့ သူက လူထုဖက်မရပ်တည်ဘူး။ ကျောင်းသားလေးတွေသူ ခြံထဲဝင်ပုန်းတာကို မောင်းထုတ်တယ်။
ကလေးတွေအဖမ်းခံရ အနိပ်စက်ခံရတွေဖြစ်ကုန်တယ်။  နောက်တော့ ဗိုလ်ချုပ်ခင်ညွန့် က စည်းရုံးပြီး သူကိုရုပ်ရှင်ရိုက်ခိုင်းတယ်။  လူဆိုးကြီး မိုးသီး ကို သူကဦးဆောင်ပြီးနိမ်နင်းတယ်။
ရုပ်ရှင် ထဲမှာ ညွန့် ဝင်း ပြစ်လိုက်တဲ့ကျည်ဆံနဲ့ ကျနော်ကသေ၊အလောင်းရေထဲမျော်ပေါ့။
ကျနော်ညွန့် ဝင်းကိုမေတ္တာမပျက်ပါဘူး။ ပြည်သူကတော့သူကိုမုန်းသွားတယ်။ 
ကျနော်တို ဘ၀မှာ ဗိုလ်ချုပ်ခင်ညွန့် နဲ့  အပြန်အလှန် စစ်ခင်းတဲ့ပွဲကအခက်ခဲဆုံးပဲ။  သူလက်ချက်နဲ့  အေဘီကွဲ၊  ကရင်နှစ်ဖွဲ့ ကွဲ ။မနပုလောကျဆိုတော့
ကျနော်သူကို ကိုင်တွယ်ဖို့  ပြင်ဆင်ခဲ့ကြတယ်။ ၄ နှစ်လောက်ချိန်ယူလုပ်ခဲ့ကြတာ။
 သူအဖမ်းခံရထောင်ကျ၊ သူတဖွဲ့လုံးခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်
ဆိုတာ နည်းနည်းနှောနှောအောင်ပွဲလား။ 
 အမေရိကန် က အသင်းတော်ကြီးတခုကလဲ ငွေကူရှာပါတယ်။ တန်ပြန်စစ်ဆင်ရေးလုပ်ခဲ့ရသပေါ့။ တချိန်ကြရင်တော့အသေးစိတ်ကို ကျနော်စာအုပ်ရေးပါမယ်။
တခါ မနပုလောကျသွားတော့။ ကျနော်တို့ တပ်တွေဟိုး မြန်မာပြည်တောင်ပိုင်းကိုဆုတ်ရတယ်။  ၉ ၅ ခုနစ်လောက်ပေါ့။ ရဲဘော် ၃ ထောင်လောက်။
စားစရာရိက္ခာကုန်သွားတယ်။ တောကြီးကတောတောနက်တယ်။ သေမင်းတောင်မတွေ့ နိင်တော့ဘူးလို့ ရဲဘော်တွေပြောကြတယ်။ မိုးကကောင်းလိုက်တာ တနစ်လုံးရွာနေတယ်။ ဆင်ရိုင်းတွေအကောင်တထောင်ကျော်ရှိတယ်။
ကျားတွေလဲရှိတယ်။  ကျနော်တို့ ဒီနေရာကိုရောက်သွားတယ်။  တောထဲမှာ ပြန်လည်အသက်ရှင်နိင်ဖို့   ပင်လယ်ထဲမှာစစ်ဆင်ရေး စလုပ်ရတယ်။ ရှင်းရှင်းပြောရရင်တော့ ငါးခိုးဖမ်းနေတဲ့ ထိုင်းငါးဖမ်းလှေတွေကို ဓမြတိုက်ကြရတာပေါ့ဗျာ။ ဒီလုပ်ငန်းမှာဆိုမားလီးယားတွေက ကျနော်တို့ ထက်နောက်ကြတာပေါ့။
့ ထိုင်းအာဏာပိုင်တွေ ထဲမှာလဲ ငါးဖမ်းလုပ်ငန်းမှာ တော်တော်ပါထားကြတယ်။
ဒီတော့ အာဏာပိုင်တွေရော၊ လူဆိုးဂိုဏ်းတွေနဲ့ရော စစ်ခင်းကြရတော့တာပေါ့။
ကျနော်ဓါတ်ပုံတွေကို ဒွန်မောင်းလေဆိပ်ကနေ နယ်ခြား ရဲစခန်းမှန်သမျှချိတ်ထားတယ်။
အလိုရှိတယ်ပေါ့။ ဒီတုန်းကလောက်အန္တရယ်များခဲ့တာ ကျနော်ဘ၀မှ မရှိခဲ့ဘူး။
ရှေ့ ကရန်သူနဲ့တိုက်နောက်က ထိုင်း လူဆိုးအဖွဲ့ ပေါင်းစုံနဲ့ဆော်ပေါ့။ သူတို့ ငါးဖမ်းသဘောင်္အစီး တဒါဇင်လောက်နှစ်မြှုပ်လိုက်ပြီးတဲ့အခါမှာ ဒီစစ်ပွဲမှာ
ကျနော်တို့ အနိင်ရခဲ့တယ်။ထိုင်းငါဖမ်းလုပ်ငန်းရှင်တွေက ယဉ်ကျေးပါတယ်။
 တလကို ဒေါ်လာ တသိန်းလောက် လာပေးပြီး စစ်ပြေငြိမ်းကြရပေါ့။ 
ကျနော်တို့ လည်း ရိက္ခာတွေ၊လက်နက်၊ဆေးဝါးတွေ ပြည့်ပြည့်စုံစုံပြန်ဖြစ်တယ်။ 
ကျနော်ဆိုလိုခြင်တာကတော့ ကျနော်ဟာ ကိုယ်အကျိုးတွက်လုပ်ခဲ့တာမရှိဘူး။
ဒါကြောင့် ဘာကိုမှာ ကျနော်မကြောက်ဘူး။  ကျနော်တို့ မြန်မာပြည်သူတွေ အဖိနိပ်ခံဘ၀ကလွတ်မြောက်ဖို့  ဘယ်လိုခြိမ်းခြောက်မှုကိုမှ ကျနော်ဟာတုန်လှုပ်ခဲ့ပါဘူး။ 
ကျနော်အခက်ခဲဆုံး အကြမ်းတမ်းဆုံးအချိန်မှာ ကျနော်နဲ့  အတူ တသားတည်းရပ်တည်ခဲ့ကြတဲ့ ကိုအောင်သူ၊ ကိုဝင်းမင်း၊ ကိုဝင်းနိင်ဦး ၊ ကိုအောင်နိင်ဦး၊ကိုကျော်ကို၊ ကိုဆလိုင်း တို့ နဲ့တကွ ရဘော်အပေါင်းကို မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။ 
( ဒုတိယပိုင်းကိုဆက်လက်ဖေါ်ပြပါမယ်။)
7 comments :
Anonymous said...
http://www.myanmarpyitharblog.blogspot.sg/2012/08/blog-post_9799.html#more
Anonymous said...
မိုးသီးမြေမြိုတော့မယ်
http://www.myanmarpyitharblog.blogspot.sg/2012/08/blog-post_9799.html#more
Anonymous said...
မိုးသီးမြေမြိုတော့မယ်
http://www.myanmarpyitharblog.blogspot.sg/2012/08/blog-post_9799.html#more
Anonymous said...
Yes, student generation suffered in the hands of Khin Nyint and all so called MI who protected Ne Win.
Ko Moe Thee, You are very brave and still deserve respects more than those MI and all the corrupt people inside Burma ( officials and cronies) and outside Burma ( you know who you are ).
Anonymous said...
ဒီအင်တာဗျူးကို နေ့ သစ်မှာသွားရှာတာမတွေ့ ပါလားဗျ
Anonymous said...
ဒီအင်တာဗျူးကို နေ့ သစ်မှာသွားရှာတာမတွေ့ ပါလားဗျ
Anonymous said...
အောင်မိုးဝင်းက ဘာဖြစ်ချင်နေတာလဲ၊ ဒီကောင့်ကြည့်ရတာ သူ့စော်ကြီး ကို မှန်မှန်မပေးနိုင်တော့ပဲ စိတ်ကစဥ့်ကလျားတွေဖြစ်ပြီး
ကိုသန်းဝင်းတို့ လို လူပေါနဲ့အဖွဲ့ ကျသွားတဲ့အခါ သူ့ ကိုယ်သူ မင်းတုန်းမင်းလောက်ထင်သွားတယ်ထင်တယ်။
ဌေးနိုင် ညီ ဌေးတင့်ကတော့ မဟာချိုင်မှာ မြန်မာအလုပ်သမားတွေကို ရင့်ခဲ့ကြောခဲ့လုပ်စားခဲ့ယုံမက အလုပ်သမားမိန်းကလေးတွေကိုပါ
မဟားဒရားလုပ်ခဲ့တဲ့ကောင် ၊ အဲဒီကောင်ဌေးတင့်ကိုပါ ထိုင်းမှာ သတ်ခဲ့သင့်တာ။ ဌေးနိုင်သေတာ သူ့ ဟာသူ သတ်သေသွားတယ်ဆိုတာ
သိတဲ့ရဲဘော်တွေ ဒုနဲ့ဒေး ။