Saturday 22 September 2012

ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ ဖို့ဝိန်းမြို့ ပြင်ဆင်



 -မြတ်စိုး-
၉.၂၂.၂၀၁၂

မြန်မာမိသားစု များ အများဆုံးနေထိုင်တဲ့ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက် အင်္ဂါနေ့ မှာ မြန်မာမိသားစုများ ကို လာရောက် တွေ့ဆုံဖို့ရှိပါတယ်။  အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ကို ၁၉၈၈ ခုနှစ်  အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေရရှိရေး တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာကျောင်းသားများ  ၁၉၉၂ ခုနှစ် မှာ  စတင် လာရောက် အခြေချနေထိုင်ခဲ့ကြပြီး၊ ယခုအခါ ABSDF အဖွဲ့ဝင်ဟောင်းများ အများစု နေထိုင်ရာ မြို့ဖြစ်လာခဲ့တယ်။ 

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ကို လာရောက်လည်ပတ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် ဖို့ဝိန်းမြို့ရှိ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်များ၊ အထက်တန်းကျောင်များ တချို့ ကို ပိတ်ပေးခဲ့ပြီး၊ မြန်မာ လူမျိုးများ အလုပ်လုပ်ကိုင်နေကြသည့် ကုမ္ပဏီ နှင့် စက်ရုံတချို့ကို လည်း ပိတ်ပေးခဲ့ကြောင်း၊ အင်ဒီယားနားပြည်နယ် ဒီမိုကရက်တစ်နှင့် ရီဘာပလင်ကင်ပါတီ မှ ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ ဆီနိတ်တာများ၊ မြို့တော်ဝန်များ၊ အင်ဒီယားနား၊ ပါဒူး တက္ကသိုလ် မှ ကျောင်းသားကျောင်းသူများ၊ ပညာရှင်များ၊  စီပွားရေးလုပ်ငန်းရှင်များ လည်း တက်ရောက်ဂုဏ်ပြုကြဖို့ ရှိကြောင်းသိရှိရပါသည်။

အမေရိကန် အင်ဒီယားနားပြည်နယ် ဆီနိတ်လွှတ်တော် အမတ် ရစ်ချက်လူဂါဟာ မြန်မာ့ဒီမိုကရေစီရေး မှာ တက်ကြွစွာဦးဆောင်ပါဝင်ခဲ့တဲ့ လွှတ်တော်အမတ်ဖြစ်ပြီး၊   လွှတ်တော်အတွင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေ ကို အဆိုပြုတင်သွင်းရေးဆွဲခဲ့သူလည်းဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုများ နှင့်တွေ့ဆုံပွဲကို PBS သတင်းဌာန မှရုပ်မြင်သံကြား က နေ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း လည်း သိရှိရပါသည်။

တွေ့ဆုံပွဲ အစီအစဉ်  ၉ နာရီ မှာ စတင်ပေမဲ့ ၊ ၇ နာရီ မိနစ် ၃၀ က နေ စတင် ၀င်ရောက်ခွင့်ပြုမှာ ဖြစ်ပြီး၊ ဦးရာစနစ်ဖြင့် လူဦးရေ ၁ သောင်းထိ အခမဲ့ဝင်ရောက်ခွင့်  ပြုသွား မယ်လို့ ကြိုဆိုရေး အခန်းအနား စီစဉ်သူတွေ က တဆင့် သိရှိရပါတယ်။   ကြိုဆိုရေး အစီအစဉ်အတွက် ကုန်ကျ စရိတ်ကို 
Indiana University- Purdue University Fort Wayne က တာဝန်ယူ သွားမှာဖြစ်ပြီး၊၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် အစိုးရ ဌာန များ က လည်း ပါဝင်ထည့်ဝင် ကူညီပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ကို မြန်မာလူမျိုး ဦးသိန်းထွန်း ဟာ  ၁၉၆၂ ခုနှစ် မှာ ပထမဦးဆုံး မြန်မာလူမျိုး အဖြစ် အခြေချနေထိုင်ခဲ့ သူအဖြစ် မှတ်တမ်းများ အရသိရှိရပြီး၊ ၁၉၈၈ ခုနှစ် ဇွန်လ အရေးအခင်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်  ကိုချမ်းအေး (ခေါ်) ကိုကြည်ဝင်း က ၁၉၉၂ ခုနှစ်မှာ ဖို့ဝိန်းမြို့  မြန်မာမိသားစုများ ကို တည်ထောင်ခဲ့ သူ အဖြစ် ဖို့ဝိန်းမြို့ မှတ်တမ်းများ အရ သိရှိရပါသည်။ ၁၉၉၃ မှ ၁၉၉၅ ခုနှစ်  အတွင်း အမေရိကန်နိုင်ငံ သို့   မြန်မာကျောင်းသားခေါင်းဆောင်များ အများစု လာရောက်အခြေချ နေထိုင်ခဲ့ကြသည့် မြို့အဖြစ် ထင်ရှားလာခဲ့ပြီး၊  ယခုအခါ မြန်မာလူမျိုး ၈၀၀၀ ကျော် လာရောက် အခြေချနေထိုင်နေကြောင်း သိရှိရပါသည်။


No comments :