Saturday, 15 September 2012

ထိုင်း တောင်သူလယ်သမားတွေ အတွက် အတိုးမယူတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အစီအစဉ်


လယ်ယာမြေအတွက် တိုက်ပွဲ ၀င်နေကြတဲ့ မြန်မာတောင်သူ  လယ်သမားများ

-မြတ်စိုး-
၉-၁၅.၂၀၁၂

မြန်မာနိုင်ငံ မှာ ထွန်တုံးတိုက်ပွဲတွေ၊ လယ်ယာမြေ အတင်းအဓ္ဓမ သိမ်းယူခံရမှု ဆန္ဒပြပွဲတွေ နှင့် လုံးထွေး ပတ်ချာလည်နေတဲ့ အချိန်မှာ ပဲ၊ အိမ်နီးချင်း ထိုင်း နိုင်ငံ မှာ ထိုင်းတောင်သူလယ်သမားတွေ အတွက် အမတော်ကြေး အပြင်၊ ၅ လ အတွင်း ချေးငွေ အပေါ် အတိုးမယူတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အဖြစ် ထောက်ပံ့ကူညီပေးသည့် အစီအစဉ် အသစ်ကို စတင် အကောင်အထည်ဖော်နေကြပါပြီ။ ထိုင်း တောင်သူ လယ်သမားတွေ အတွက်တော့  ၀မ်းသာစရာ သတင်းထူးပါ။

တကယ်တော့ ဒီ အစီအစဉ်ဟာ ထိုင်းနိုင်ငံ ရှိ Pheu Thai Party     က ရွေးကောက်ပွဲ မှာ  လယ်သမားတွေ အတွက် ကူညီထောက်ပံ့ပေးမယ် လို့ မဲဆွယ် စဉ်က ဂတိပြု ပြောကြားခဲ့ကြတာဖြစ်ပြီး၊ မဲဆွယ် မှု မှာ ဂတိပေးထားတဲ့ အတိုင်း  ရွေးကောက်ပွဲ မှာ အနိုင်ရရှိတဲ့ ပါတီနဲ့ ဖွဲ့စည်းခဲ့တဲ့  လက်ရှိအစိုးရ အဖွဲ့ က ဂတိ အတိုင်း တာဝန်ယူ ဆောင်ရွက် ခဲ့ ကြတာဖြစ်တယ်။

ထိုင်း နှင့် အင်္ဂလိပ်ဘာသာတွေနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေ နဲ့ ရုပ်မြင်သံကြားမီဒီယာတွေက နေ  ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံမှာ ထိုင်းလယ်သမားတွေဟာ အတိုးနှုန်းမယူတဲ့  စိုက်ပျိုးစရိတ် ချေးငွေအဖြစ် အကြွေးယူ သုံးစွဲနိုင်နိုင်တဲ့  ခရစ်တစ်ကတ် ၂ သန်းကျော် ရှိလာတော့ မယ်လို့ ထိုင်းလယ်ယာစိုက်ပျိုးရေးဘဏ်  အကြီးအကဲ Arun Lertwilai က ဂုဏ်ယူ ၀ံ့ကြွားစွာ ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒီ အစီအစဉ် ကို လာမည့် ဧပြီလ မှာ စတင်အကောင်အထည် ဖော် မယ်လို့ အတည်ပြုပြောဆိုခဲ့တယ်။ 

လက်ရှိ တနိုင်ငံလုံး မှာ  ဒီ လို စိုက်ပျိုးစရိတ် ချေးငွေအဖြစ် အကြွေးယူသုံးစွဲနိုင်တဲ့ ကတ်မျိုးး ထိုင်းလယ်သမားပေါင်း ၈၀၀, ၀၀၀  ကျော် က သုံးစွဲနေကြပြီး၊ တကယ်လိုအပ်တဲ့ မျိုးစေ့၊ ပိုးသတ်ဆေး၊ မြေသြဇာတွေနဲ့ စိုက်ပျိုးရေး ဆိုင်ရာ ကရိယာတွေ ၀ယ်ယူသုံးစွဲဖို့  လယ်သမားတွေ က ချေးငွေအဖြစ် သုံးစွဲခဲ့ကြတာဖြစ်တယ်။ လက်ရှိ ထိုင်းလယ်ယာစိုက်ပျိုးရေးဘဏ်  က စိုက်ပျိုးစရိတ်ချေးငွေ ဘတ် သန်း ၅၀၀ က နေ ၁၃ ဘီလီယံ ဘတ်အထိ စိုက်ပျိုးစရိတ်ချေးငွေ အဖြစ် တိုးမြင့်ထုတ်ချေးပေးခဲ့တယ်။

၂၀၁၄ ခုနှစ် မှာ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် အကြွေးယူ သုံးစွဲနိုင်နိုင်တဲ့  ခရစ်တစ်ကဒ် ၄ သန်းကျော် ရှိလာဖို့ ကျိုးစားနေကြတယ်လို့ ထိုင်းလယ်ယာစိုက်ပျိုးရေးဘဏ်  အကြီးအကဲ ထုတ်ဖော်ပြောဆို ခဲ့တယ်။ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ အမျိုးသား စီမံကိန်းဌာနကြီး ရဲ့  လေ့လာ ကောက်ခံတဲ့ စစ်တမ်း စာရင်းအရ ထိုင်းနိုင်ငံမှာ လယ်သမား ၅. ၈ သန်း ကကျော်ရှိတယ်လို့ ဆိုတယ်။ လက်ရှိ ထိုင်းနိုင်ငံ မှာ အကြွေးဝယ်ယူနိုင်တဲ့ ခရစ်တစ်ကဒ် သုံးစွဲ သူ ၁၅. ၄၃ သန်းကျော်ရှိနေပြီး၊ တကယ်လို့ သာ ထိုင်း တောင်သူလယ်သမား အားလုံး စိုက်ပျိုးစရိတ်ချေးငွေအဖြစ် အကြွေးယူ သုံးစွဲနိုင်နိုင်တဲ့  ခရစ်တစ်ကတ်ကို သုံးစွဲလာကြမယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍ ဟာ ထိုင်းနိုင်ငံ အတွင်း အကြွေးယူ သုံးစွဲနိုင်နိုင်တဲ့  ခရစ်တစ်ကတ် စနစ် မှာ  ခရစ်တစ်ကတ် အများဆုံးသုံးစွဲလာမဲ့ ကဏ္ဍ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

 စိုက်ပျိုးစရိတ် ချေးငွေတွေ ကို စနစ်တကျ ၀န်ဆောင်မှုပေးနိုင်ဖို့ နှင့် ထင်သာမြင်သာရှိစေဖို့ ထိုင်းလယ်ယာစိုက်ပျိုးရေး ဘဏ် ဘုတ်အဖွဲ့ က ဘဏ်နည်းပညာ ပိုင်းဆိုင်ရာတွေ နှင့် ဘဏ်ဝန်ဆောင်မှု အပိုင်း မှာ တိုးတက်မှုတွေ ရှိလာအောင် ဘတ်ငွေ ၂၃၁ သန်း သုံးစွဲဖို့ အတည်ပြုခဲ့ပြီးဖြစ်တယ်။

လက်ရှိ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် အကြွေးယူ သုံးစွဲနေကြတဲ့ ထိုင်းတောင်သူဦးကြီးတွေ ဟာ လယ်ယာမြေထွက်ကုန် ကုန်ကျစရိတ်တွေအပေါ် ချေးငွေတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော် သုံးစွဲနေကြပြီး၊ ၅ လ အတွင်း ချေးငွေ ပြန်ဆပ်မယ်ဆိုလျှင် စိုက်ပျိုးစရိတ်ချေးငွေအတွက် အတိုးပေး စရာမလိုကြောင်း  စိုက်ပျိုးစရိတ်ချေးငွေ ဆိုင်ရာ ဥပဒေ မှာ အတည်ပြု ပြဌာန်းပေးထားတယ်။

မြန်မာနိုင်ငံမှာ တော့  လယ်သမားတွေ က လယ်မပိုင်ပဲ ၊ ငွေရှင်ကြေးရှင် ခရိုနီတွေ က လယ်ယာမြေတွေ အတင်းအဓ္ဓမ သိမ်းယူနေတာတွေကြောင့် မြန်မာတောင်သူဦးကြီးတွေ  စိုက်ပျိုးဖို့ လယ်မြေမရှိတဲ့ ပြဿနာ တွေနဲ့ ရင်နင့်စွာ ခံစားနေရဆဲ၊ အားကိုးရာမဲ့ ဖြစ်နေဆဲပါ။

No comments :