Saturday, 8 September 2012

နိုင်ငံခြား ရင်းနှီးမြုပ်နှံ ဆိုင်ရာ အခွင့်အလမ်းများ နှင့် မဟာဗျူဟာ များ အပေါ် သုံးသပ်ဆွေးနွေးချက်

Foreign Direct Investment in Burma: Investment Opportunities and Strategies 


အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။

ဒီအပတ် အစီအစဉ် မှာ မြန်မာနိုင်ငံ အတွင်း ၀င်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံများး ဆိုင်ရာ အခွင့်အလမ်းများ နှင့်  မဟာဗျူဟာများ ကို သုံးသပ် ဆွေးနွေး ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး နှင့် ပက်သက်သည့် ဆွေးနွေးချက်များ ကို လည်း ဆက်လက်တင်ပြသွားဖို့ရှိပါတယ်။                          

ဒါ့အပြင် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရ ဟာ တိုင်းပြည် အတွင်း နိုင်ငံခြားသား ရင်နှီးမြုပ်နှံမှုများ နှင့် စီးပွားရေး အခွင့်အလမ်းတွေ ကို လက်လွှတ် မဆုံးရှုံးသွားစေဖို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ နှင့် လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဖို့ ကိုလည်း တိုက်တွန်း အကြံပြု  ဆွေးနွေးထားတာဖြစ်ပါတယ်။

1 comment :

Maung Maung said...

ကိုမြတ်စိုး ဆိုတဲ့ လူ က (ခုနကပြောတဲ့) ဆိုတဲ့ စကား ကို အကြိမ်ပေါင်းမြောက်များစွာ သုံးစွဲနေတာ ကို နားထောင်ရတာ စိတ်ပျက်စရာပါ၊ ဗမာစကားတွေ ကို မေ့ ကုန်လို့များ အဲမျိုး ဖြစ်နေတာပါလား