Thursday 27 September 2012

မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ် အရေးယူ မှု အပေါ် သုံးသပ်ဆွေးနွေးချက်


Talk Show: US will ease import ban on Burma goods 


ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။ 

ဒီအပတ် အစီအစဉ် မှာ အမေရိကန် အစိုးရ က မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ် အရေးယူ မှု အပေါ် ပြည်ပ ရောက် ၈၈ ကျောင်းသားများ တချို့ ရဲ့ အမြင်များ ကို သုံးသပ်တင်ပြထား ပါတယ်။

 မြန်မာနိုင်ငံ ဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲမှုမှာ စစ်မှန်တဲ့ လမ်းကြောင်း ကို ရောက်ရှိနေပြီလား၊ အလောင်းကောင် ကို မိတ်ကပ်ဖို့တဲ့ ဟန်ပြ အတုအယောင် အဆင့်မှာ ပဲရှိနေသေး သလားဆိုတာ ကို လည်း ထည့်သွင်း သုံးသပ်ဆွေးနွေးထားတယ်။

 မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဟာ ကမ္ဘောဒီးယား နိုင်ငံ အဆင့်သို့ ဦးတည်နေသလား၊ အင်ဒိုနီးရှား နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းလို ဦးတည် သွားမလားဆိုတာ က တော့ လက်ရှိမြန်မာနိုင်ငံ ကို အုပ်ချုပ်နေကြတဲ့ သူတွေ ဖြေဆိုရမည့် မေးခွန်းဖြစ်နေတယ်။

 မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အာဏာရှင်စနစ်အောက်မှာ မြန်မာ နိုင်ငံ အပေါ် မည်သည့် နိုင်ငံ က မှ စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့ ထားမှုတွေ မရှိပေခဲ့မဲ့၊ ကိုယ်တိုင် တံခါးပိတ် ၀ါဒ ကို ကျင့်သုံးခဲ့မှု၊ စီးပွားရေး စီမံကိန်း အုပ်ချုပ်မှု ရေးရာ မှာ ညံ့ဖျင်းမှုတွေ ကြောင့် မြန်မာပြည် ဖွံ့ဖြိုးတိုးတက် မှု အနိမ့်ဆုံး အထိ ကို ရောက်ရှိခဲ့ဘူးတယ်။

1 comment :

Anonymous said...

ဟုတ်တယ်၊ သူတို့ ဆရာကြီးလေသံတွေ နဲ့ ပြောနေတာဟုတ်တယ်၊ ဘေးထိုင် ဘု ပြောမယ်၊ စပ်မိစပ်ရာ ကွိစိကွစ ပေါ့ !!!!