Thursday 4 October 2012

လူထုရှေ့မှောက် မှာ စကားစစ်ထိုး ခဲ့ကြတဲ့ ၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ


-WFWW -
၁၀.၄.၂၀၁၂

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အိုဘားမား နှင့် ရီဘာပါလင်ကင်ပါတီ မှ ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရတဲ့ သမ္မတလောင်း မစ်ရွန်မနီ တို့ ရဲ့ လူထုရှေ့မှောက် မှာ ပထမအကြိမ် စကားစစ်ထိုးပွဲ ကို တနိုင်ငံလုံး က ပြည်သူတွေ ကြည့်ရှု့ သုံးသပ်ဆုံးဖြတ်နိုင်ရန် အမေရိကန် ရုပ်မြင်သံကြားဌာနများ ကနေ မနေ့ က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြတယ်။

 စောင့်ကြည့်လေ့လာသူတွေရဲ့ ဆန္ဒတွေ ကို ကောက်ခံခဲ့ရမှာ စကားအလွန် အပြောကောင်းပြီး၊ မိန့်ခွန်းအလွန်အပြောကောင်းလေ့ရှိတဲ့ လက်ရှိ သမ္မတ အိုဘားမား ကို သမ္မတလောင်း မစ်ရွန်မနီ က အနိုင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 စကားစစ်ထိုးပွဲ ဟာ မိနစ် ၉၀ ကြာမြင့်ခဲ့ပြီး၊ မိမိ တို့ ယုံကြည်စွာ လျောက်လှမ်းမည့် အစီအစဉ်တွေ နှင့် လုပ်ဆောင်ကြမည့် စီးပွားရေးဆိုင်ရာ မှုဝါဒတွေ အပေါ်  သမ္မတ လောင်းနှစ်ဦးရဲ့ မတူ ကွဲပြားခြားနားမှု အမြင် တွေ ကို တတိုင်းပြည်လုံးရဲ့ ရှေ့မှောက် မှာ အပြန်အလှန် ငြင်းခုံချေပ ဆွေးနွေးခဲ့ကြ တာဖြစ်တယ်။

လူထုရှေ့မှောက် မှာ ပထမအကြိမ် ကျင်းပခဲ့တဲ့  ၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ စကားစစ်ထိုးပွဲ  မှာ ပြည်တွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ နှင့် လက်ရှိ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပြဿနာ တွေ အပေါ် မှာ သမ္မတ လောင်း နှစ်ဦး က ကျနော်တို့ အကောင်းဆုံးဖြစ်အောင် အတက်နိုင်ဆုံးကျိုးစားပါ့မယ်၊ ကူညီပေးပါ့မယ် ပြောဆိုတာထက်၊ သူတို့ အနိုင်ရရင် ဘယ်လို ကိုင်တွယ်  ဖြေရှင်းကြမယ်ဆိုတာ ကို အဓိက ထားပြီး အသေးစိတ် အချက်အလက်တွေ တင်ပြပြီး ဆွေးနွေးတင်ပြခဲ့ကြတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဟာ အမေရိကန်ပြည်သူတွေ က တိုက်ရိုက်တင်မြောက်တဲ့ စနစ်ဖြစ်တာကြောင့် ပြည်သူရဲ့ ထောက်ခံမှု ရရှိဖို့ ဟာ အမင်တန် မှ အရေးကြီးလှတယ်။ ပြည်သူတွေ က လည်း သမ္မတလောင်းနှစ်ဦး တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ အခွန် ကောက်ခံရေး ၊ ကြွေးမြီပြဿနာ နဲ့ အစိုးရ အခန်းကဏ္ဍတွေအပေါ်မှာ ထင်သာမြင်သာရှိရှိ၊ တာဝန်ယူမှုရှိရှိ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာ မှုတည်ပြီး မဲပေးကြမှာဖြစ်တယ်။

No comments :