Thursday 11 October 2012

မိုးသီးဇွန် (သို့) တောထဲက ဘလူးစ်



ငယ်စဉ်ကျောင်းသားဘ၀ကတည်းက လက်ဝဲစာပေတွေနဲ့ ကြီးပြင်းလာခဲ့တဲ့လူတစ်ယောက်။
သမိုင်းတစ်ကွေ့ရဲ့ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်ခဲ့ရင်း အနှစ် ၂၀ကျော်မှ ဇာတိမြေကို ပြန်ရောက်ပြီး အားအင်အသစ်တွေနဲ့ နိုင်ငံသစ်ကြီးတစ်ခု တည်ဆောက်ချင်နေတဲ့သူ။
အိုင်ဒီရော်လော်ဂျီတိုက်ပွဲထဲကနေ တော်လှန်ရေးသမားဖြစ်လာခဲ့တဲ့ သူ။
သွေးမုန်တိုင်းတွေကြား၊ တိုက်ခိုက်မှုတွေကြားမှာ ထနောင်းပင်တွေလို လေပူ၊ နေပူအောက်မှာ မားမားကြီးရပ်ရင်း နိုင်ငံရေးအတွက် စိတ်ဆုံးဖြတ်ထားသူတစ်ယောက်ရဲ့ ဖျတ်ခနဲ ရုပ်ပုံကားချပ်။
ကမာရွတ်မီဒီယာက အောက်တိုဘာ ဒုတိယပတ်ထဲမှာ ထုတ်လွှင့်မယ့် "မိုးသီးဇွန် (သို့) တောထဲက Blues"

9 comments :

Anonymous said...

Dr Zaw Min,Born in feb1960 ,Mahlaing.Became doctor and studied communist books since 1997.1984,got contact U.G communist Tin Myint and went to communist party main office,Pan Sa
n.1987,he became a leader cell.
Who really create the 8888?
ဗကပသည် သူတို့ဖြစ်ချင်သည်များကို တိုက်ရိုက် အမည်မခံဘဲ ငယ်ရွယ်ကြွတက်ပြီး တိုင်းပြည် အတွက်ဆိုလျှင် အသက်ပင် စွံ့ ရဲသော်လည်း နိုင်ငံရေး အတွေ့အကြုံ နုနယ် သေးသည့် ကျောင်းသားထု တွင်း သို့ထိုးဖေါက်ပြီး ၀ါဒရေးရာများနှင့် မစည်းရုံးဘဲ ဖြစ်စေချင် သည်များကို ကျောင်းသားသမဂ္ဂ အမည်နှင့် ကြေငြာချက်များ ထုတ်ခဲ့သည်။
သီအိုရီအရ (၈၈၈၈)ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကို ကျောင်းသားအင်အားစုက စတယ် မှန်ပါတယ်၊ ကျောင်းသားဆိုတဲ့ သဘာဝအတိုင်း တက်ကြွတဲ့လူငယ်လူရွယ်တွေ မတရားတာမကြိုက်အမှန်တရားမြတ်နိုးတဲ့အရွယ် လူစုလူဝေးနဲ့ ရှိနေချိန်(လူစုလူဝေးရဲ့သဘောအရ လူများရင် စိတ်ကြွတဲ့ သဘောရှိ) ဒီလို လူငယ်တွေက ပြည်သူ့အုံကြွမှုကို ရုပ်ပိုင်းဆိုင်ရာအရ စတင်ကြတာ သီအိုရီအရ အမှန်ပါ၊ (မှတ်ချက်။ ။ လူ့သဘောအရ အသက်အရွယ်လိုက် အပြောင်းအလဲရှိသည်)။ ဒီရုပ်ပိုင်းဆိုင်ရာတွေကို စတင်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာက စတင်ရတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ဘယ်သူတွေလုပ်ဆောင်ကြသလဲဆိုရင် မှန်မှန်ကန်ကန်ဝံခံရဲကြရင် (ဗကပ)တွေ မြုတ်နှံထားတဲ့ (ယူဂျီ)တွေက ဖေါ်ဆောင်တယ်ဆိုတာ ၀န်ခံရပါလိမ့်မယ်။

ဗကပသည် ဦးနေ၀င်း လုပ်မည့်ရွေးကောက်ပွဲကို သူတို့မပါဝင်ရ၍ ရွေးကောက်ပွဲသည် အတ
ုအယောင်ကြီး သာဖြစ်ကြောင်း စစ်မှန်သော ရွေးကောက်ပွဲ ရရန် ကြားဖြတ် အစိုးရဖွဲ့ပြီး ထိုအစိုးရက တရားမျှတသော ရွေးကောက်ပွဲကို ဆောင်ရွက်ပေးပြီး အနိုင်ရ ပါတီကိုလွှဲပေးရမည် ဖြစ်ကြောင်း ကြားဖြတ်အစိုးရ ကို တောင်းဆိုရန် လူထုကို မြောက်ပင့်ပေး လေတော့သည်။

ဦးနေ၀င်းအနေနှင့် ကြားဖြတ် အစိုးရကို လက်ခံလျှင် သူကြိုးစင် တက်ရမည် ဖြစ်သဖြင့် လုံးဝ လက်မခံနိုင်ပါ။
ကြားဖြတ် အစိုးရရရန် ၀န်ကြီးဌာန အားလုံး အထွေထွေ သပိတ်မှောက်ရန် ဗကပသည် လူထုကြီးကို သွေးထိုး သောကြောင့် ၈၈၈၈ စတင်လေတော့သည်။
ကြားဖြတ်အစိုးရကို ဦးနေ၀င်းလက်ခံလျှင် ကြိုးစင်တက်ရမည် ဖြစ်ရု လက်မခံနိုင်သည်ကို လူတိုင်းအသိဖြစ်သည်။
ဦးနေ၀င်းထံတွင် စစ်တပ်ရှိ၍ မိမိထံတွင် အပ်တို တစ်ချောင်းမရှိဘဲ ဗကပ သွေးထိုးမှု့ကြောင့် ဦးနေ၀င်း ကိုထွက်ပေါက် မပေးဘဲ ဂျောင်ပိတ် တိုက်ခြင်းသည် မိမိအမှားဖြစ်သည်။

Anonymous said...

မန်မာနိုင်ငံတွင်လွတ်လပ်ရးမရမီကပင် ဗ.က.ပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပေါ်ထွန်းခဲ့သည်၊
ယနေ့အထိလည်း အသက်ရှည်ဆဲပင်ဖြစ်သည်၊
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံဖြစ်ရန် နည်းစုံဘက်စုံဖြင့် ကြိုးစားခဲ့ကြသည်၊
လူထုအုံကြွမှု့၊ ဆန္ဒပြပွဲကြီးများ အမျိုးမျိုးကိုလည်း ဗ.က.ပ မြေအောက်ယူဂျီများက ပြုလုပ်ခဲ့ကြသည့် သာရကများလည်း အထင်ကရရှိခဲ့ပါသည်၊

ကျောင်းသား၊ အရပ်သား၊ ဘုန်းကြီး၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း စသည့် ဘက်စုံဒေါင်
့စုံမှ လူထုလူတန်းစား အသီးသီးထဲတွင် ဗ.က.ပ ယူဂျီများရှိခဲ့ပါသည်၊

သူတို့၏ ကြိုးပမ်းမှု့များကြောင့်လည်း လူထုလှုပ်ရှားမှု့ သပိတ်တိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ကြပါသည်၊
ဗိုလ်ပြုတ်ကြီး မောင်ခင်ညွှန့်တို့ အဖွဲ့က ထုတ်ဝေခဲ့သည့် အာဏာသိမ်းရန်ကြံစည်သူများ (စာအုပ်အနီ)မှာ အထင်အရှား လေ့လာနိုင်ပါသည်။

ဗ.က.ပ ယူဂျီများ ဖန်တည်းသည့် ဆန္ဒပြပွဲများနှင့် ဗ.က.ပ များပါဝင်ပါတ်သက်လာသည့် ဆန္ဒပြပွဲများသည် လူထု၏ ဆန္ဒထက် ဗ.က.ပ တို့၏ ဝါဒစွဲရည်ရွယ်ချက်များက ပိုမိုလွှမ်းမိုးနေသဖြင့် အောင်မြင်မှု့များ မရခဲ့ကြပါ၊
အကျိုးထက် အဆိုးက ပိုများကာ အရှုံးထွက်ပြီး လူထုပင် နစ်နာခဲ့ရသည့် ဆန္ဒပြပွဲများဖြစ်ခဲ့ကြရသည်မို့ အထူးပင် သတိထားရမည့် ကိစ္စဖြစ်ပါသည်။

လူထု၏မကျေနပ်ချက်ကို ထုတ်ဖေါ်ဆန္ဒပြရန်ကိစ္စမှာ လှုံ့ဆော်သူ၊ ဦးဆောင်ဦးရွက်ပြုသူ၊ အနစ်နာခံသူရှိဖို့လည်း လိုပါသည်၊
သို့သော် ထိုဦးဆောင်သူသည် ဗ.က.ပ ဖြစ်ခြင်း၊ ဗ.က.ပ လိုလားသူဖြစ်နေသည်က အရေးမကြီးသေးပါ၊
အရေးကြီးတာက ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးနှင့် ကွန်မြူနစ်နိုင်ငံဖြစ်လာရေး စသည့် ပရောဂများပါလာပါက ၎င်းဆန္ဒပြပွဲမှာ ကျရှုံးမည်သာ ဖြစ်ပြီး၊ အကျိုးမဖြစ်ထွန်းပါ၊
အကြောင်းမှာ ကမ္ဘာသူကမ္ဘာသားများသည် မာက္စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို လုံးဝလက်မခံကြတော့သောကြောင့်ဖြစ်ပါသည်၊
ထို့ကြောင့် ယနေ့ခေတ်ဆန္ဒပြပွဲများတွင် ဝါဒစွဲ ကင်းရှင်းရန်လုံးဝအရေးကြီးပါသည်။(Pho Thar Aung)Hittaing

Anonymous said...

http://www.facebook.com/photo.php?fbid=233297020126132&set=a.233297016792799.49678.100003375077075&type=1&theater
Dr Zaw Min biography.

Anonymous said...

http://www.facebook.com/photo.php?fbid=233297993459368&set=a.233297016792799.49678.100003375077075&type=1&theater
http://www.facebook.com/photo.php?fbid=233298146792686&set=a.233297016792799.49678.100003375077075&type=1&theater
The best communist party U.G Thet Khine biography.

Anonymous said...

Thanks,Ko Moe Tee.U put all my comments.This is Democracy.Thanks again.

Anonymous said...

တစ်ပြည်လုံး လူထုဆနခံယူပွဲကျင်းပရာမှာမဲပေးရာတွင် အဆင်ပြေမှု့၊ မဲပြားများ ထုတ်လုပ်ရေးပြည့်စုံမှု့ စသည်တို့ကို စီစဉ်ရန် သင့်တော် သည့်အချိန်လိုအပ်ပါသည်။

အကြမ်းဖျင်းပြောရရင် စက်တင်ဘာလကုန်အထိသာ သတ်မှတ်သင့်ပါသည်။ ဖြစ်နိုင်လျှင် အဲ့ဒီရက်ထက် စောပြီးကျင်းပ ပေးသင့်ပါသ
လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း
http://www.hittai.net/index.php?show=rm&fileid=126&t=home6&id=6

Anonymous said...

ဘာဘဲဖြစ်ဖြစ် နေ၀င်းအစိုးရပြုတ်ကျခဲ့လို့ သာ အခုလို အခြေအနေရောက်လာတာပါ... နောက်မို့ ဆိုရင် တန်းစီပြီး စားရတဲ့ ဘ၀က လွတ်မှာမဟုတ်ပါ.. ကိုမိုးသီးဇွန်ကိုအမြဲတမ်းလည်း လေးစားပါတယ်.. လက်ခံပါတယ်... ဆက်လက်ပြီး ပြည်သူအတွက် အကျိုးပြုလုပ်ငန်းတွေဆက်လက် လုပ်စေချင်ပါတယ်.. ဗွီဒီယိုကိုကြည့်ပြီး ( မိသားစုတွေ ပြန်တွေ့ ကြတဲ့ မြင်ကွင်းကို မြင်ပြီး မျက်ရည်တောင် ၀ဲမိပါတယ်) ... ကွန်မြူနစ်ဝါဒကိုတော့ လုံးဝ မကြိုက်ပါ...

Anonymous said...

တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့ ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက အများကြီးစောတယ်။

ဦးအောင်ကြီး လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့ သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။

ဦးအောင်ကြီးတက်လျှင် ဦးနေ၀င်းသည် ဦးအောင်ကြီးကို တိုင်းပြည်စီးပွါးရေး ဦးစီးခိုင်းမယ်။
ဦးအောင်ကြီးအာဏာရလာလျှင်လည်း တိုင်းပြည် ဒီမိုကရေစီ၆၀%ရလာမယ်။

အဓိကအချက်ကတော့ ဦးနေ၀င်းက အရာရာကို နောက်ကွယ်မှ ကြိုးမကိုင်တော့ဘဲ ဦးအောင်ကြီးကို စီးပွါးရေး လွတ်လပ်ခွင့် ပေးကာ သူ့အသက်ရွယ်အရ အနားယူချင်တာ သူ၏ အသက်လုံခြုံရေး ကိုသာ အဓိကထား မှာဖြစ်တယ်။

ဒါကို ဗကပ-က လဲ သိတယ်။
ဗကပ-က ဦးအောင်ကြီးကို မလိုချင်ဘူး။ တချိန်က သူတို့ ရန်သူဟောင်း။

ဒါ ကြောင့် လူထုဆန္ဒ ထောက်ခံရေး အဖွဲ့ကို တခါထဲ ဖျက်သိမ်းပြီး အမြန်ဆုံး ရွေးကောက်ပွဲလုပ်ရန်ဆိုလာတယ်။
နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ၊ အင်အယ်လ်ဒီကို ၀န်းရံကြ ဆိုပြီး ဗကပ-တို့ တစခန်း ထလာ တော့တယ်။
http://www.hittai.net/index.php?show=rm&fileid=88&t=home4&id=4

Anonymous said...

Remove background song will gonna be perfect clip.So disturb for audience.