Saturday 6 October 2012

ကမ္ဘောဒီယား နိုင်ငံ ကို အတုယူနေတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ


-WFWW-

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။

 ဒီအပတ် အစီအစဉ် မှာ သမ္မတ ဦးသိန်းစိန်ရဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် ဝေဖန် သုံးသပ်တင်ပြထားပါတယ်။ 

ဗီယက်နမ် က ကျောထောက်နောက်ခံပေးခဲ့တဲ့ ကွန်မြူနစ် လိုလားတဲ့ ခေမာနီ ခေါင်းဆောင် က နေ ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဟွန်ဆန် အစိုးရ ဟာ ကမ္ဘောဒီးယား မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ကို ပြုလုပ်နေပြီလို့ ကမ္ဘာ ကို အသိပေးခဲ့တယ်။ 

မြန်မာနိုင်ငံ မှာလည်း မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ၊ အာဏာသိမ်း စစ်အစိုးရ က နေ ခေါင်းဆောင်ဖြစ်လာတဲ့ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် ဟာ နိုင်ငံ အတွင်း ဒီမိုကရေစီ အရေး အတွက် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ကို ကို ပြုလုပ်နေပါပြီလို့ ကမ္ဘာ ကို အသိပေးခဲ့ပြန်တယ်။ 

ဒီနှစ်နိုင်ငံရှိ လက်ရှိ အာဏာရ အစိုးရ တွေ ဟာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ကို လက်တွေ့ လုပ်ဆောင်နေရာမှာ ဒုတိယ ကမ္ဘာစစ်ပွဲ ကာလ က ချစ်တီး နိုင်ငံရေး အဆင့် ကနေ မကျော်လွန်နိုင် ကြသေးဘူးလို့ နိုင်ငံရေး အကဲခတ်တွေ က သုံးသပ်နေကြတယ်။

 ဒီ နှစ် နိုင်ငံ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲနေမှုတွေ ဟာ  အမှား ကို ၀န်ခံခြင်းမရှိပဲ၊  စည်းမျဉ်းခံ အာဏာရှင်စနစ်ကို ဆက်လက် ဦးတည်နေကြတာမို့ အသွင်တူနေတဲ့ နှစ်နိုင်ငံ အဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီး က စိတ်ဝင်တစား စောင့်ကြည့်လေ့လာ နေကြတယ်။

1 comment :

Anonymous said...

SOUT YUU THA ...MA NAY NAE ..