Saturday 13 October 2012

မြန်မာ လူမျိုးတိုင်း မြန်မာပြည် ကို ချစ်ပါသည်။




-WFWW-

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။

 ဒီအပတ် အစီအစဉ် မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကို ကိုယ်တိုင် ကိုယ်ကျ လေ့လာရေး သွားရောက်ခဲ့ကြတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစု တွေ ရဲ့ မြန်မာပြည် ခရီးစဉ်အပေါ် ဝေဖန် သုံးသပ်ဆွေးနွေးတင်ပြထားတာဖြစ်ပါတယ်။

 ဒုတိယ ကမ္ဘာစစ်ပြီးနောက် အစ္စရေး နိုင်ငံ ကို တည်ထောင်ခဲ့ရာမှာ နိုင်ငံ အသီးသီး က ဂျူးလူမျိုးတွေ ကို ဖိတ်ခေါ်ခဲ့တယ်။ ဘယ်နိုင်ငံ မှာ ရောက်ရောက် ၊ ဘယ် လို အခြေအနေ မျိုး မှာ ရင်ဆိုင်နေရ ၊နေရ ဂျူးလူမျိုးတွေ ဟာ ဂျူးလူမျိုးတွေ အတွက် ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ နဲ့ အစ္စရေးနိုင်ငံ ကို ပြန်လည် တည်ဆောက်ခဲ့ကြတယ်။ ယနေ့ အစ္စရေးနိုင်ငံ ဟာ အာရပ်နိုင်ငံတွေရဲ့ အကြားမှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ခဲ့တယ်။

ကိုရီးယား စစ်ပွဲပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လမ်းတွေပေါ် မှာ အလောင်းကောင်တွေ၊ ခွေးသေကောင်တွေ၊ သွေးညှီနံ့တွေနဲ့ မြို့တော်ဟာ င်္သချိုင်းကုန်း သဖွယ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံ အသီးသီးက ကိုရီးယားလူမျိုးတွေဟာ ကိုရီးယားမှာ နိုင်ငံရေး အာဏာ ကို ရယူဖို့ လုံးဝစိတ်မကူးခဲ့ဘူး၊ ကိုရီးယားပြည်သူတွေနဲ့ လက်တွဲပြီး၊ ဆိုးလ်မြို့တော်ကြီး ကို ကမ္ဘာ့ မြို့တော်ကြီး အဖြစ် ပြန်လည် တည်ဆောက်ခဲ့ကြတယ်။

တရုတ်နိုင်ငံ ရဲ့ အာဏာ ရှင် စနစ်ကြောင့် နိုင်ငံ အသီးသီး ကို ထွက်ပြေးခဲ့ကြရတဲ့ တရုတ်လူမျိုးတွေ ဟာ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်နဲ့ ခေတ်မှီတိုးတက်နေတဲ့ ထိုင်ဝမ်နိုင်ငံ ကို တည်ဆောက်ခဲ့ကြတယ်။ ပြည်ပ နိုင်ငံ အသီးသီး က ပြန်လာကြတဲ့ တရုတ်လူမျိုးတွေ ဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီ နိုင်ငံ ပြန်လည်ထူထောင်ရေး ကို ပြည်သူတွေနဲ့ ကြမ်းတမ်းစွာလျှောက်လှမ်းခဲ့ကြတယ်။

မြန်မာလူမျိုးတွေ ဟာ ဂျူးလူမျိုးတွေ၊ ကိုရီးယားလူမျိုးတွေ၊ ထိုင်ဝမ်လူမျိုးတွေ ရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို သင်ခန်းစာ ယူသင့် နေပြီလို့ ဒီအပတ် ဆွေးနွေးမှု မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

No comments :