Wednesday 31 October 2012

၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ




National
Mitt Romney
49%
Barack Obama
47%
Undecided
3%
Other
2%
Barack Obama
50%
Mitt Romney
45%
Barack Obama
49%
Mitt Romney
49%
 

-WFWW-
၁၀.၃၁.၂၀၁၂

အမေရိကန် နိုင်ငံ အရှေ့ပိုင်းဒေသ ကို တိုက်ခက်ခဲ့တဲ့ ဟာရီကိန်း စန္ဒီ ကြောင့် မုန်းတိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်နယ်တွေ ရဲ့ ဒေသတချို့ မှာ ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့လို့  ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နေ့ ကို ပြောင်းလဲ လာနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေကြတယ်။ မုန်းတိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်နယ်တွေရဲ့ ဒေသ တချို့နေရာတွေ မှာ လျှပ်စစ်ပြတ်တောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ၊ စားဝတ်နေရေးပြဿနာတွေ ကို ဖြေရှင်းနေရတဲ့ ပြည်သူတွေဟာ မဲပေးဖို့ ခက်ခဲမှုတွေရှိနေပြီး၊ မဲရေတွက်မှုတွေ မှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ပြောဆိုနေကြတယ်။

 ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ အမေရိကန်လူဦးရေ ၃၁၄ သန်း အနက် သန်း ၂၄၀ ကျော် မဲပေးဖို့ ခန့်မှန်းထားကြတယ်။ ပြည်နယ်ပေါင်း ၅၀ နှင့် ဗဟိုခရိုင်တခု က နေ မဲပေးသူတွေ က သူတို့ရဲ့ ကိုယ်စလှယ်လောင်းတွေ ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ဟာ Electoral မဲပေးကောက်ခံတဲ့ စနစ်ဖြစ်တာကြောင့် ပြည်နယ် မှာ အနိုင်ရှိတဲ့ ပါတီ ဟာ အဲဒီပြည်နယ် မှာ သတ်မှတ်ထားတဲ့ Electoral မဲ အရေအတွက် ( Winner gets all) အားလုံး ကို ရရှိမှာ ဖြစ်ပါတယ်။ သမ္မတ နှစ်ဦးစလုံးဟာ မဲအနိုင်ရရှိဖို့ Electoral မဲ အရေ အတွက် ၂၇၀ ရရှိဖို့ လိုအပ်တယ်။ 

၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရက် ပိုင်း သာ လိုတဲ့ အချိန် မှာ ခန့်မှန်း လေ့လာ ကောက်ခံတဲ့ စစ်တမ်းများ အရ မဲအရေအတွက် ဟာ ပြည်နယ် တိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်နေရတာလို့ သုံးသပ်နေကြတယ်။ သမိုင်း အစဉ်အလာများ အရ စိမ်ခေါ်တဲ့ သမ္မတ ဟာ လက်ရှိ သမ္မတ ကို အနိုင်ယူဖို့ မဲရာခိုင်နှုန်း အပြတ်အသတ် ရရှိဖို့ လိုအပ်ပါတယ်။ 

သမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ် အဆုံး အဖြတ် ပေးနိုင်တဲ့ ပြည်နယ်တွေဟာ အိုဟိုင်းယိုး ( Electoral မဲအရေ အတွက် ၁၈)၊ ဗာဂျီးနီးယား ( Electoral မဲအရေ အတွက် ၁၃) ၊ ဖလော်ရီဒါ၊နီဗားဒါး ( Electoral မဲအရေ အတွက် ၂၉) ၊ ကော်လိုယားဒိုး (Electoral မဲအရေ အတွက် ၉)၊ ၊ ၀င်ကွန်စင်( Electoral မဲအရေ အတွက် ၁၀)၊ အိုင်အိုဝါ ( Electoral မဲအရေ အတွက် ၆) နှင့် နီဗားဒါး ( Electoral မဲအရေ အတွက် ၆) ပြည်နယ်များဖြစ်ကြတယ်။ ဒီပြည်နယ် ၇ ခု ရဲ့ ( Electoral မဲအရေ အတွက် စုစုပေါင်းစာ ၈၅ ရှိနေတာကြောင့် ဒီပြည်နယ်တွေ မှာ အနိုင်ရရှိ သူတွေ ဟာ ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ သမ္မတ ဖြစ်လာဖို့ရှိပါတယ်။ 

၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကို လေ့လာသုံးသပ် စစ်တမ်းကောက်ခံနေကြတဲ့ သတင်းဌာနတွေ က တော့  ရီပါပလင်ကင် သမ္မတ လောင်း မစ်ရော်နီဟာ မဲအရေ အတွက် စုစုပေါင်း ( Popular Votes) မှာ အနိုင်ရရှိ ပေမဲ့ Electoral မဲ အရေအတွက် မှာ လက်ရှိ သမ္မတ အိုဘားမား ကို ရှုံးနိမ့်လိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ လောလောဆယ် စစ်တမ်းအရ ရီပါပလင်ကင် သမ္မတ လောင်း မစ်ရော်နီဟာ က ၄၈ ရာခိုင် နှုန်း၊ ဒီမိုကရက်တစ် ပါတီ က လက်ရှိ သမ္မတ အိုဘားမား က ၄၉ ရာခိုင်းနှုန်း ရရှိနေပေမဲ့၊ စုစုပေါင်း Electoral မဲ အရေအတွက် မှာ တူညီသွားနိုင်တယ်လို့ ခန့်မှန်းတွက်ဆမှုတွေလည်း ရှိနေကြတယ်။ 

တကယ်လို့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မဲ့ သမ္မတ နှစ်ဦးစလုံးရဲ့ စုစုပေါင်း Electoral မဲ အရေအတွက် က ၂၆၉ မဲ တူညီခဲ့မယ်ဆိုလျှင် သမ္မတ ကို အောက်လွှတ်အမတ်များ က ရွေးချယ်တင်မြောက်ရမှာဖြစ်ပြီး၊ ဒုသမ္မတ ကို အထက်လွှတ်တော် ဆီးနိတ် ကိုယ်စလှယ်တွေ က ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ 

လက်ရှိ အမေရိကန်သမ္မတ အောက်လွှတ်တော် မှာ ရီပါပလက်ကင်ပါတီ က ကိုယ်စလှယ်အများစုရရှိနေပြီး၊ ဆီးနိတ်အထက်လွှတ်တော် မှာ ဒီမိုကရက်တစ်ပါတီ က နေရာ အများဆုံးရရှိနေတာကြောင့် သမ္မတ ဟာ ရီပါပလင်ကင်ပါတီ က မစ်ရော်နီ ဖြစ်လာမှာ ဖြစ်ပြီး၊ ဒုသမ္မတ ဟာ ဒီမိုကရက်တစ်ပါတီ က ဂျိုး ဘိုင်ဒန် ဖြစ်လာမှာ ဖြစ်ပါတယ်။ 

 တကယ်လို့ သာ မထင်မှတ်ပဲ  ဒီလိုဖြစ်လာခဲ့ရင် အမေရိကန် သမိုင်းမှာ ပထမ ဦးဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရ ကို ပါတီ နှစ်ခု က ရွေးချယ်ကြရမှာ မို့ ၊ အစိုးရ ဖွဲ့ဖို့ အခက်အခဲတွေ၊ ပြဿနာတွေ နဲ့ ရင်ဆိုင်ဖြေရှင်းသွားကြ ရတော့မှာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆို သုံးသပ်မှု တွေလည်းရှိကြတယ်။

No comments :