Friday 26 October 2012

လက်ပံတောင်း ကြေးနီတောင် စီမံကိန်း က ပေးတဲ့ သင်ခန်းစာ

Changes require actions on the ground, not on media or speeches.
 " The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power."

-WFWW-

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။ ဒီအပတ် အစီအစဉ် မှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆားလင်းကြီး မြို့နယ်ရှိ ကြေးနီတောင် စီမံကိန်း ကို ဖျက်သိမ်းပေးရေးနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ခံစားချက်တွေ နဲ့ လက်ရှိ အစိုးရ ရဲ့ အရေးယူဆောင်ရွက်မှုတွေ အပေါ် လေ့လာ သုံးသပ်တင်ပြထားပါတယ်။ 

လက်ပံတောင်း ကြေးနီတောင် စီမံကိန်းဟာ ယခင် မြန်မာ စစ်အစိုးရ လက်ထက် က ဖွဲ့စည်းခဲ့တဲ့ ဦးပိုင်လီမီတက် (Myanmar Economic Holdings Ltd- MEHL) နှင့်တရုတ် နိုင်ငံ ၀မ်ပေါင် ကုမ္ပဏီ တို့ အကြားချုပ်ဆိုခဲ့ တဲ့ စီးပွားရေး စီမံကိန်းတခုဖြစ်တယ်။ ဒီ စီမံကိန်းရဲ့ ဆိုးကျိုး၊ ကောင်းကျိုး အကျိုးရလာဒ်တွေ မြန်မာပြည်သူတွေအပေါ် ဘာ သင်ခန်းစာတွေ ပေးခဲ့သလဲ ဆိုတာတွေ ကို သုံးသပ်ဆွေးနွေးတင်ပြထားတာ  ဖြစ်ပါတယ်။ 

ယခင် မြန်မာ စစ်အစိုးရ အောက် က ဦးပိုင်လီမီတက် (Myanmar Economic Holdings Ltd- MEHL) ရဲ့ စီးပွားရေး စီမံကိန်းတွေ ဟာ ထင်သာမြင်သာရှိ မှု နှင့် တာဝန်ယူမှု တွေ ကင်းမဲ့နေတာကြောင့်၊ လက်ရှိ ဒီမိုကရေစီလမ်းကြောင်း ကို ဦးတည်သွားနေရင်   ဦးပိုင်လီမီတက် (Myanmar Economic Holdings Ltd- MEHL) ရဲ့ စီးပွားရေး စီမံကိန်းတွေအပေါ် လက်ရှိ ပြည်သူ့ လွှတ်တော် မှာ ပြန်လည် ဆန်းစစ် လေ့လာ သုံးသပ်ဖို့ နှင့် စီမံကိန်းတွေ ကို ပြန်လည် လေ့လာ သုံသပ် ဆန်းစစ်ရာ မှာ ဒေသခံပြည်သူတွေနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်မျိုးတွေ ကို လက်ရှိ ဦးသိန်းစိန် အစိုးရ က တာဝန်ယူ ဖွဲ့စည်းပြီး၊ စစ်တမ်းတွေ ကောက်ခံကာ ဆွေးနွေး အဖြေရှာ ပေးသင့်ကြောင်း အကြံပြု တိုက်တွန်းထားတယ်။ 

ဒါ့ အပြင် ပြည်သူ က ရွေးချယ်တင်မြောက်ခဲ့ကြတဲ့ ပြည်သူ့ ကိုယ်စလှယ်တွေ ဟာ ပြည်သူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နှင့် နိုင်ငံရဲ့ အကျိုး စီးပွား အပေါ် မှာ မားမားမတ်မတ် ရပ်တည်တည်ပြီး၊ အမြန်ဆုံး တာဝန်ယူ အဖြေရှာဖွေ သင့်ကြောင်း တင်ပြဆွေးနွေးထားတယ်။ 

 နောက်ဆုံး အနေနဲ့ လက်ပံတောင်း ကြေးနီတောင် စီမံကိန်းဟာ လက်ရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိမလဲ၊ လက်ရှိမြန်မာ နိုင်ငံရေး ပြောင်းလဲမှုတွေ အပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိမလဲဆိုတာတွေ ကို လည်း သုံးသပ်တင်ပြထားပါတယ်။

1 comment :

Anonymous said...

တောပြောတောင်ပြောတွေကို ချယ်နယ်လ် တစ်ခုလုပ်ပြီးလွှင့်ထားရတယ်လို့ကွာ..ဘယ်သူမှလည်းနားထောင်တာလဲမဟုတ်ဘူး...