Sunday 25 November 2012

ပျောက်ဆုံးတော့မဲ့ တောင်တော်ရွှေပုပ္ဗပါး



မြန်မာ့အနုစာပေစတင်ဖွဲ့စပ်ရာ ကဗျာတောင်။ပရဆေးမျိုးစုံပေါက်ရောက်ရာ ဆေးတောင်။
ရှားပါးမျောက်မျိုးစိတ်နှင့် အခြားတိရစ္ဆာန်တို့ပေါက်ဖွားပျော
်မြူးရာ သားပျော်တောင်၊ ကျေးပျော်တောင်။
မြန်မာ့ကိုးကွယ်ယုံကြည်မှုတို့ မြစ်ဖျားခံရာ အမြင့်တောင်။ အခေါင်တောင်။

ထိုတောင် ဤတောင် ကျုပ်တို့ယဉ်ကျေးမှုတောင်ကို ဘာမဟုတ်တဲ့ ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် တောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။ မကြာခင်မှာ တောင်ကြီးပြိုလဲသွားတော့မှာပါ။


မြန်မာ့ကိုးကွယ်ယုံကြည်မှုကြီးပြ
ိုလဲသွားတော့မှာပါ။ အဓိဋ္ဌာန်ပြု တရားရှာသူတို့နေရာ ပျောက်သွားတော့မှာပါ။

ထိုစက်ရုံကို မြန်မာ့ယဉ်ကျေးမှုနဲ့ သယံဇာတတွေဖျက်ဆီးရာမှာ၊ မြန်မာ့အနာဂတ်ကို ချိန်းချောက်ရာမှာ၊ မြန်မာ့ဂေဟစနစ်ကို ဖျက်ဆီးရာမှာ၊ မြန်မာ့သွေးကြောတွေကို ခုတ်ထစ်ရာမှာ အလွန်နာမည်ကျော်တဲ့ လျှပ်စစ်ဝန်ကြီးဌာနကတည်တာပါ။


ဆည်တွေဆောက်ရာမှာ အဲဒီအမှုန့်တွေသုံးဖို့ပါတဲ့။ တနည်းအားဖြင့်ပြောရရင် ပုပ္ပါးတောင်ကို ဖျော်ပြီး ဆည်ဆောက်မလို့တဲ့။ တိုက်ဆောက် ကားစီးမလို့တဲ့။ တင်ဝင်းထွန်းကလဲ လက်ဖက်စိုက်ခင်းတွေနဲ့ အားဖြည့်ပါတယ်။ အဲဒီအတွက် သစ်မာတွေကို ဖျက်ဆီးပါတယ်။ စကားဝါ တွေလဲ ပါသွားမှာပေါ့။


တချို့လဲ နဂါးမောက်စိုက်ခင်းတွေဝင်လာတယ်။
အဲဒီစကား ငှက်ပျောတွေဖျက်ခံရတယ်။ ပုပ္ပါးရဲ့ဂေဟစနစ်တွေ ပျက်ရှာပြီ။ ကျောက်ပန်း တောင်းမြို့နဲ့ ရွာတွေကို ရေပေးနေတဲ့ ရေထွက်ပေါက်တွေလဲ လျော့နဲသွားပြီ။ လုံးလုံးကွယ်ပျောက် ရေဒုက္ခရောက်ကြတော့မယ်။

စိမ်းလန်းစိုပြေမှုတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပုပ္ပါးတောင်ရဲ့အထိမ်းအမှတ်စကားဝ
ါပင်တွေကုန်တော့မယ်လေ။ ပုပ္ပါးနတ်တောင်ဟာ အခေါင်မမြင့်နိုင်တော့။ စုံတောလဲမပြား၊ နံ့ရှားလဲမကြိုင်၊ အခါတိုင်လဲပွင့်တော့မယ်မဟုတ်။ အရပ်ကတို့ ကယ်တော်မူကြပါခင်ဗျာ။

နိုဝင်ဘာ ၂၃၊ ၂၀၁၂

မိုးမခ

1 comment :

Anonymous said...

လုပ်ပြန်ပီ.....pozolan ထုတ်နေတာ ၁၀ နှစ်လောက်ရှိပီ....ခုမှဖွပြန်ပီ.....ရဲ၇ွာ ဆည်ကို ဒါနဲ့ ပဲ ဆောက်တာဘဲ...