Tuesday 27 November 2012

ဆန္ဒပြသူ များကိုအရေးယူ

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်သူများ တရားစွဲခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရန်ကုန် မြို့တော် ခန်းမ အနီးတွင် နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက လက်ပန်တောင်း တောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် စီတန်း လှည့်လည် ဆန္ဒ ပြ ခဲ့ကြသူ များမှ ကိုရဲလင်း ကိုဝေဠု၊ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ (ခေါ်) နန်းဦးလွင်၊ ဦးမျိုးချစ်နှင့် ကိုရဲမင်းဦး တို့ကို ကျောက်တံတား မြို့နယ် နှင့် ပန်းပဲတန်း မြို့နယ် ရဲစခန်းတို့က ပြစ်မှု

ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့် ဥပဒေ ပုဒ်မ ၁၈ဖြင့် အမှုဖွင့် တရားစွဲဆိုပြီး အင်းစိန် အကျဉ်း ထောင်သို့ ယနေ့ နံနက်ပိုင်းက ပို့ဆောင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်မှု တွင် ပါဝင် ခဲ့သူ များက ပြော ကြားသည်။ 


အဆိုပါ ဖမ်းဆီး ခံရသူ ၅ဦးကို ကျောက်တံတား ရဲစခန်း အပြင် ပန်းပဲတန်း ရဲစခန်း ကပါ ထပ်မံ တရား စွဲဆို သွားရန် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။


ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရ ကိုဖြစ်စေ၊ ငြိမ်ဝပ် ပိပြားရေး ကိုဖြစ်စေ ထိခိုက် စေရန် တစ်ဦး တစ်ယောက် သော သူက ကျူးလွန် လာချင်အောင် အများ ပြည်သူ ကိုလည်းကောင်း၊ လူတစ်စု ကို သော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိန်လန့်ခြင်း သို့မဟုတ် တစ်ခုခု ဖြစ်စေရေး အတွက် အကြံဖြင့် ဆောင်ရွက်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆို ထားပြီး ပြစ်မှု ကျူးလွန် သူကို ထောင်ဒဏ် ကိုဖြစ်စေ ငွေဒဏ်ကို ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ခုလုံး ကိုဖြစ်စေ ချမှတ် နိုင်ကြောင်း တရား လွှတ် တော် ရှေ့နေ တစ်ဦးက ပြောကြားသည်။

ရန်ကုန် မြို့တော်၌ လက်ပန် တောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒ ဖော်ထုတ် ပွဲကို ဒုတိယမြောက် နေ့အဖြစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅နာရီ ခန့်က ရန်ကုန် မြို့တော်ခန်းမ အနီး၌ ပြုလုပ်ရန် စီစဉ်ထား သော်လည်း ဦးဆောင် သူများ မရှိသဖြင့် မဖြစ်မြောက် ခဲ့ကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက် က သတင်း ပေးပို့သည်။

No comments :