Wednesday 28 November 2012

လက်ပဒေါင်း တောင် ( လက်ပံတောင်း တောင်) သတင်း

ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း
........................................
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်
၂၆ရွာမှရွာသူရွာသားများနှင့် တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း၂၆ရွာမှတစ်ရွာလျှင်၂ ယောက်နှုန်းဖြင
့်ကိုယ်စားတက်ရောက်လာသ ည့် ကျေးရွာသားများနှင့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှ တာဝန်ခံ ဦးမြင့်အောင်၊

ဦးပိုင် ကုမ္မဏီမှ လူများနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို မိုက်ရိုင်းခက်ထန်သည် စကားလုံးများကြောင
့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ။ ၀က်မှေးကျေးရွာသူမသွဲ့သွဲ့ဝင်းမှစံပယ်တောင်ကြေးစီမံကိန်းကြောင့်ဆိုးကျိုးခံစားရသည့်အနီးပတ်ဝန်းကျင်ရွာများတွင် သောက်ရေတွင်းများ သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့်ကြောင့် အချဉ်ဓါတ်များပြီ သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ မယုံရင် လိုက်သောက်ကြည့်ပါ အမှန်တကယ့်ကို တွေ့ရလိမ့်မည်ဟု ဆွေးနွေးပြောဆိုခြင်းပေါ် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း။ ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ် ခွေးတောင်မသောက်ရေကို ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံသည်.. သတင်းနှင့်ဓာတ်ပုံ..Aung nay myo

No comments :