Saturday 3 November 2012

အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တစေ့တစောင်း

-WFWW- 
၁၁.၀၃.၂၀၁၂

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။ ဒီအပတ် အစီအစဉ် မှာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့  ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြောင်း သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။ 

၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဟာ ၃ ရက် သာ လိုပါတော့တယ်။  အမေရိကန် နိုင်ငံရေး သမိုင်းမှာ စိမ်ခေါ်တဲ့ သမ္မလောင်းတွေ ဟာ လက်ရှိသမ္မတ ကို အနိုင်ရရှိရန် မဲ အပြတ်အသတ် ရရှိဖို့လိုအပ်ပါတယ်။ လက်ရှိသမ္မတ တွေ ဟာလည်း ဒုတိယ သက်တမ်း တွေ မှာ ဆက်လက် အနိုင်ရရှိဖို့ အခွင့်အလမ်း အသာစီး ရှိခဲ့ကြတယ်။ ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ လက်ရှိ  ယှဉ်ပြိုင်နေကြတဲ့ သမ္မတလောင်း နှစ်ဦးဟာ ပြည်တွင်း စီးပွားရေး နှင့် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာတွေ မှာ သိသာ ကွဲပြားခြားနားမှုတွေ သိပ် မတွေ့ရပေမဲ့၊ လုပ်နည်းလုပ်ဟန်တွေ နှင့် နည်းပရိယာယ်တွေ မှာတော့ သိသိသာသာ ကွဲပြားခြားနား နေတာ ကိုတွေ့ရတယ်။

 ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ အမေရိကန်လူဦးရေ ၃၁၄ သန်း အနက် သန်း ၂၄၀ ကျော် မဲပေးဖို့ ခန့်မှန်းထားကြတယ်။ ပြည်နယ်ပေါင်း ၅၀ နှင့် ဗဟိုခရိုင်တခု က နေ မဲပေးသူတွေ က သူတို့ရဲ့ ကိုယ်စလှယ်လောင်းတွေ ကို ပြည်နယ်အသီးသီး မှာ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ဟာ Electoral မဲပေးကောက်ခံတဲ့ စနစ်ဖြစ်တာကြောင့် ပြည်နယ် မှာ အနိုင်ရှိတဲ့ ပါတီ ဟာ အဲဒီပြည်နယ် မှာ သတ်မှတ်ထားတဲ့ Electoral မဲ အရေအတွက် ( Winner gets all) အားလုံး ကို ရရှိမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကြတဲ့ သမ္မတaလာင်း နှစ်ဦး စလုံးဟာ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိဖို့ Electoral မဲ အရေ အတွက် ၂၇၀ ရရှိဖို့ လိုအပ်တယ်။ 



US Electoral Vote Map

၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း နှစ်ဦးဟာ ပြည်နယ် ၇ ခု မှာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပြီး၊ အဆုံး အဖြတ် ပေးနိုင်တဲ့ ဒီပြည်နယ်တွေကတော့ အိုဟိုင်းယိုး ( Electoral မဲအရေ အတွက် ၁၈)၊ ဗာဂျီးနီးယား ( Electoral မဲအရေ အတွက် ၁၃) ၊ ဖလော်ရီဒါ ( Electoral မဲအရေ အတွက် ၂၉) ၊ ကော်လိုယားဒိုး (Electoral မဲအရေ အတွက် ၉)၊ ၊ ၀င်ကွန်စင်( Electoral မဲအရေ အတွက် ၁၀)၊ အိုင်အိုဝါ ( Electoral မဲအရေ အတွက် ၆) နှင့် နီဗားဒါး ( Electoral မဲအရေ အတွက် ၆) ပြည်နယ်များဖြစ်ကြတယ်။ ဒီပြည်နယ် ၇ ခု ရဲ့ ( Electoral မဲအရေ အတွက် စုစုပေါင်းစာ ၈၅ ရှိနေတာကြောင့် ဒီပြည်နယ်တွေ မှာ အနိုင်ရရှိ သူတွေ ဟာ ၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ သမ္မတ ဖြစ်လာဖို့ရှိပါတယ်။ 

တကယ်လို့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မဲ့ သမ္မတ နှစ်ဦးစလုံးရဲ့ စုစုပေါင်း Electoral မဲ အရေအတွက် က ၂၆၉ မဲ တူညီခဲ့မယ်ဆိုလျှင် သမ္မတ ကို အောက်လွှတ်အမတ်များ က ရွေးချယ်တင်မြောက်ရမှာဖြစ်ပြီး၊ ဒုသမ္မတ ကို အထက်လွှတ်တော် ဆီးနိတ် ကိုယ်စလှယ်တွေ က ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ 

သင်ကော - ဘယ်သူ ကို မဲထည့် မလဲ။ နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၆ နာရီ အထိ ဒီ စာမျက်နှာ မဲ ပေးနိုင်တယ်။

5 comments :

Anonymous said...

အဲ့ဒါ မင်းတို့နဲ့ ဘာဆိုင်လို့လဲ....သြော်..ဒါနဲ့ ဘယ်သူတက်လာရင် အနေအစားပိုချောင်မလဲလို့ တွေးမှာပေါ့နော်..

Anonymous said...

you guys live in republican state that's why some of you vote romney,right?

My vote goes to Obama because his administration did a lot of significant things for Burma.If he won for second term,he can do a lot more for Burma again(i am pretty sure Obama & Clinton will support more for Burma).

I don't believe romney. he will neglect issue for Burma.

Anonymous said...

အပေါ်ကကွန်မင့်ရေးတဲ့ငတုံးရေ။ အမေရိကန်ဒီမိုကရေစီဆိုတာ တကမ္ဘာလုံးက အတုယူနေရတာကွ။ သူတို.ဒီမိုကရေစီရဲ. သမတရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးပုံတွေကို တို.တိုင်းပြည်အတွက် လေ့လာတာဘာမှားလည်း။ ညံ့ပါ့ခွေးခြေရာခွက်ထဲက ငတုံးရေ။

Anonymous said...

That's your choice Mr. Bolo Talk. They can pick up the one that they like. That's their rights.

It is not wise to put assumption on someone's idea or choice.
(you guys live in republican state that's why some of you vote romney,right?)
Pity on you.

Anonymous said...

အလွန် ဆင်းရဲကျပ်တည်းသော ကျွန်ုပ်အနေဖြင့် သုံးနှစ်တခါ စီးတော်ယာဉ်အသစ်မလဲနိုင်ပါ။ အိမ်တွင်း ရေကူးကန်ပါသော အိမ်တော်ဖြင့် မနေနိုင်သေးပါ။
ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ လူတန်းစား ဘ၀ အပေါ်အခြေခံ၍ ဒီမိုကရက်တစ်ပါတီ နှင့် ၄င်း၏ သမ္မတမင်းကို သာလျှင် မဲပေးမည့်သူဖြစ်ပါသည်။
ကျွန်ုပ်နားမလည်နိုင်သည်မှာကား ကိုယ်နှင့်မဆိုင်သည့် လူ တန်းစား တစ်ရပ် ကို စိတ်ကူးဖြင့် ပေါင်းဖက်ရင်း ရီပတ်ဘလစ်ကင် ဦးထုတ်ဆောင်းကာ ကွန်ဆာဗေးတစ် ဘလေဇာကုတ်နှင့်
အလုပ်လက်မဲ့လုလုဖြစ်နေသူများအားဖြစ်ပါသည်။

အမှန်တကယ်တွင်မူကား ကျွန်ုပ်အနေဖြင့် အိုဘားမား ဟူသည့် ဆရာသမားအား ပေလယျကံသဘောထားသော်ငြား မစ်ရွန်မနေ ကို လေးဆယ့်ငါးမိနစ်အတွင်း
၂၇ ခါ လိမ်နိုင်သည့် ဖိုးတွမ်တီးတို့ ဘိုးအေ ၊ လူလိမ်နေအေး၏ လက်ဦးဆရာ အဖြစ် မြင်လိုက်ရသည်လည်းရှိသည်နှင့်အညီ ၊
မိမိ၏ လူတန်းစား ဘ၀ကို လည်း ကိုယ်စားမပြုသည်လည်း ဖြစ်ပေ၍ ဒီမိုကရက်တစ်ပါတီကိုပင် ဆက်လက် ထောက်ခံ အားပေးနေပါဦးမည် ဖြစ်ကြောင်း
ရီပတ်ဘလစ်ကင်အိပ်မက်ဖြင့် ဗိုက်ကြီး ၊ ထိပ်ပြောင် ၊ ကပ်စီးနဲ၊ သောက်စားကြီး ၊ သောက်ပျင်းကြီး၊ သောက်ပြောကြီးနေကြသော POLITICAL RETARDS များအား
အသိပေးသတင်းကောင်းပါးလိုက်ပါသည်။

အို-----ကျူရွှီ---- ၀မ်ဆွေ့ ---၀မ်ဆွေ့ --- ၀မ်-- ၀မ်-- ဆွေ့ ----ဟု သုံးကြိမ်သုံးခါ သုံးလီ ကျူးရင့်၍ သင်တို့၏ ပေါကြောင်ကြောင် PANEL DISCUSSION မကျ TALKSHOW မမည် ရုပ်မြင်သံကြားအစီအစဉ်ကြီးအား
စိတ်ပျက်လက်ပျက် ဖြင့် ပေါရဲလိုက်ကြတာဟု ပြောမည့်အစား ရွှီးရဲလိုက်ကြတာ ဆရာတို့ရယ်ဟုသာ။

အချင်း မြန်မာပြည်သား တို့ ...

သင်တို့ တနှစ် ၀င်ငွေ အမေရိကန် အသပြာ ၂၅၀,၀၀၀.၀၀ ကျော်လျှင်မူကား ရီပတ်ဘလစ်ကင် ပါတီ ၏ သမ္မတလောင်းများအား သာ မုချမသွေ ဘုတ်ကြပေတော့ သို့မဟုတ်လျှင်မူကား ဆန်မရှိသောက်စားကြီး အဖြစ်ကို အမှန်စင်စစ်ရှက်ကြပေလော့။

ယခု နာရီပိုင်းသာ ကျန်တော့သော ဘုတ်အရေးတွင် စိတ်အေးလက်အေးနှင့် ပြောလိုသည်မှာကား ရီတ်ပတ်ဘလစ်ကင် ညစ်လုံးဖြစ်သော VOTER SUPPRESSION အား ၄င်းတို့ ပီပီပြင်ပြင်မလုပ်နိုင်လျှင် အိုဘားမားသာလျှင်နိုင်မည် ဖြစ်ကြောင်း
ကြိုတင်၍ သတင်းကောင်းပါးလိုက်ပါသည။်


ပုံ

ခပ်ညံ့ညံ့မဟုတ်တဲ့ ခပ်ထုံထုံကောင်