Monday 26 November 2012

မုံရွာမြို့၊ဇောတိကရာမကျောင်းတိုက်မှ သံဃာတော်အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်.....




မုံရွာမြို့၊ဇောတိကရာမကျောင်းတိုက်မှ သံဃာတော်အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်ရန် အတွက်နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီးအတိုင်းချင်းတွင်းမြစ်ဆိပ်ကမ်
း နန်ချွန်ဇက်ကူးတို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။

“နန်ချွန်ဇက်ကူးတို့ဆိပ်အရောက်မှာ မုံရွာဘက်ကမ်းက စက်လှေတွေ အနောက်ဘက်ကိုအမြန်ဆုံးမောင်းသွားတယ်။သက်ဆိုင်ရာက အနောက်ဘက်ကမ်းကိုမသွားဖို့လာတားတယ်။ကားနဲ့သွားဖို့ စီစဉ်တော့လည်းတားတယ်။
တားတဲ့သူကိုယ်တိုင် လာတောင်းပန်မှပြန်ကြွမယ်။မတောင်းပန်မချင်း
နန်ချွန်ဆိပ်မှာထိုင်ပြိးသပိတ်မှောက်သွားမယ်”ဟုနန်ချွန်ဇက်ဆိပ်တွင် လက်ပန်းတောင်းတောင်အရေးတောင်းဆိုနေသော ဆရာတော် တစ်ပါးက မိန့်ကြားသည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက်
ဆန္ဒထုတ်ဖော်ရန်ကြွှရောက်သောဆရာတော်များအားသက်ဆိုင်ရာက တားမြစ်ခဲ့ပြီးနောက်မုံရွာမြို့နန်ချွန်ဇက်ကူးတို့ဆိပ်တွင် သပိတ်စခန်း ဖွင့်၍ တောင်းဆိုဆန္ဒထုတ်ဖော်နေကြောင်းသတင်းရရှိသည်။
ဓာတ်ပုံ-မျိုးမင်းဦး
7Day News Journal

2 comments :

Anonymous said...

မန်မာနိုင်ငံတွင်လွတ်လပ်ရးမရမီကပင် ဗ.က.ပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပေါ်ထွန်းခဲ့သည်၊
ယနေ့အထိလည်း အသက်ရှည်ဆဲပင်ဖြစ်သည်၊
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံဖြစ်ရန် နည်းစုံဘက်စုံဖြင့် ကြိုးစားခဲ့ကြသည်၊
လူထုအုံကြွမှု့၊ ဆန္ဒပြပွဲကြီးများ အမျိုးမျိုးကိုလည်း ဗ.က.ပ မြေအောက်ယူဂျီများက ပြုလုပ်ခဲ့ကြသည့် သာရကများလည်း အထင်ကရရှိခဲ့ပါသည်၊

ကျောင်းသား၊ အရပ်သား၊ ဘုန်းကြီး၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း စသည့် ဘက်စုံဒေါင်
့စုံမှ လူထုလူတန်းစား အသီးသီးထဲတွင် ဗ.က.ပ ယူဂျီများရှိခဲ့ပါသည်၊

သူတို့၏ ကြိုးပမ်းမှု့များကြောင့်လည်း လူထုလှုပ်ရှားမှု့ သပိတ်တိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ကြပါသည်၊
ဗိုလ်ပြုတ်ကြီး မောင်ခင်ညွှန့်တို့ အဖွဲ့က ထုတ်ဝေခဲ့သည့် အာဏာသိမ်းရန်ကြံစည်သူများ (စာအုပ်အနီ)မှာ အထင်အရှား လေ့လာနိုင်ပါသည်။

ဗ.က.ပ ယူဂျီများ ဖန်တည်းသည့် ဆန္ဒပြပွဲများနှင့် ဗ.က.ပ များပါဝင်ပါတ်သက်လာသည့် ဆန္ဒပြပွဲများသည် လူထု၏ ဆန္ဒထက် ဗ.က.ပ တို့၏ ဝါဒစွဲရည်ရွယ်ချက်များက ပိုမိုလွှမ်းမိုးနေသဖြင့် အောင်မြင်မှု့များ မရခဲ့ကြပါ၊
အကျိုးထက် အဆိုးက ပိုများကာ အရှုံးထွက်ပြီး လူထုပင် နစ်နာခဲ့ရသည့် ဆန္ဒပြပွဲများဖြစ်ခဲ့ကြရသည်မို့ အထူးပင် သတိထားရမည့် ကိစ္စဖြစ်ပါသည်။

လူထု၏မကျေနပ်ချက်ကို ထုတ်ဖေါ်ဆန္ဒပြရန်ကိစ္စမှာ လှုံ့ဆော်သူ၊ ဦးဆောင်ဦးရွက်ပြုသူ၊ အနစ်နာခံသူရှိဖို့လည်း လိုပါသည်၊
သို့သော် ထိုဦးဆောင်သူသည် ဗ.က.ပ ဖြစ်ခြင်း၊ ဗ.က.ပ လိုလားသူဖြစ်နေသည်က အရေးမကြီးသေးပါ၊
အရေးကြီးတာက ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးနှင့် ကွန်မြူနစ်နိုင်ငံဖြစ်လာရေး စသည့် ပရောဂများပါလာပါက ၎င်းဆန္ဒပြပွဲမှာ ကျရှုံးမည်သာ ဖြစ်ပြီး၊ အကျိုးမဖြစ်ထွန်းပါ၊
အကြောင်းမှာ ကမ္ဘာသူကမ္ဘာသားများသည် မာက္စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို လုံးဝလက်မခံကြတော့သောကြောင့်ဖြစ်ပါသည်၊
ထို့ကြောင့် ယနေ့ခေတ်ဆန္ဒပြပွဲများတွင် ဝါဒစွဲ ကင်းရှင်းရန်လုံးဝအရေးကြီးပါသည်။(Pho Thar Aung)Hittaing
We need to find find out who is behind.

Anonymous said...

ကြားဖြတ်အစိုးရကို ဦးနေ၀င်းလက်ခံလျှင် ကြိုးစင်တက်ရမည် ဖြစ်ရု လက်မခံနိုင်သည်ကို လူတိုင်းအသိဖြစ်သည်။
ဦးနေ၀င်းထံတွင် စစ်တပ်ရှိ၍ မိမိထံတွင် အပ်တို တစ်ချောင်းမရှိဘဲ ဗကပ သွေးထိုးမှု့ကြောင့် ဦးနေ၀င်း ကိုထွက်ပေါက် မပေးဘဲ ဂျောင်ပိတ် တိုက်ခြင်းသည် မိမိအမှားဖြစ်သည်။
If u want to go back to zero,do like this.