Friday 2 November 2012

ကမ္ဘာ့ဘဏ် က မြန်မာ ကို ငွေချေးမည်။ ချေးငွေတွေကို ထိထိရောက်သုံး အောင် စောင့်ကြည့် ကြဖို့  လိုပါကြောင်း







ကမ္ဘာ ဘဏ် က မြန်မာ နိင်ငံကို ငွေချေးဖို့  ကတိပြုလိုက်ပါတယ်။ အမေရိကန် ဒေါ်လာ ၂၄၅ သန်း ချေးမှာဖြစ်ပါတယ်။ ဒီငွေကို  နိင်ငံတော်အဆောက်အအုံဖြစ်တဲ့ ကျောင်း၊ တံတား၊လမ်းတွေဖေါက်ဖို့ ကျေးရွာဖွင့်ဖြို့ ရေးတွေလုပ်ဖို့ ဖြစ်ပါတယ်။၂၅ နှစ်အတွင်းမှာ ဒါဟာ 
ပထမ ဆုံးချေးလိုက်တာဖြစ်ပါတယ်။ ဒီချေးငွေတွေကို အစိုးရ ထိထိရောက်သုံးစွဲဖို့ ပဲလိုပါတယ်။
မြန်မာ ပြည်ဟာ ရစရာမရှိအောင် ဆင်းရဲမွဲတေနေပါတယ်။ ကမ္ဘာဘဏ် လို နိင်ငံတကာ ငွေကြေး အင်အားစုတွေရဲ့ ထောက်ပံပေးမှု အထူးလိုအပ်နေပါတယ်။ ပေးဖို့ လဲ 
ကျနော်တို့ တိုက်တွန်းလိုပါတယ်။ 

အရင် အစိုးရတုန်းကိုလို လဘ်စားမှုတွေမဖြစ်အောင် ခုကတည်းက နိင်ငံသားတွေက ငွေ တပြားခြင်းဘယ်လိုသုံးစွဲ မလဲ ဆိုတာကို အဆက်မပြတ်စောင့်ကြည့်ကြဖို့  လိုပါတယ်။ 



1 comment :

Anonymous said...

မိုးသီးနဲ့ အဖွဲ့အစည်းတွေဆီ နည်းနည်းမျှဝေလိုက်ပါဗျာ..ပါးစပ်တွေ ပိတ်သွားပါလိမ့်မယ်