Thursday, 29 November 2012
Subscribe to:
Post Comments
(
Atom
)
စစ်အစိုးရ က အုပ်ချုပ်မှု ရပ်ဆိုင်းရေး
လူထုအစိုးရပေါ်ပေါက်ရေး
3 comments :
“ဥပေက္ခာဒေဝီ”
အလုပ်သမားတွေ လုပ်ခတိုးရရေး ဆန္ဒပြပွဲမှာ….
လူထုခေါင်းဆောင်ဆိုသူဟာ
မဆိုင်သလိုသာ နေခဲ့တယ်။
ပြည်သူတွေ လျှပ်စစ်မီးမှန်မှန်ရရှိရေး ဆန္ဒပြပွဲမှာ….
လူထုခေါင်းဆောင်ဆိုသူဟာ
မဆိုင်သလိုသာ နေခဲ့တယ်။
လယ်သိမ်းခံလယ်သမားတွေရဲ့ ဆန္ဒပြပွဲမှာ….
လူထုခေါင်းဆောင်ဆိုသူဟာ
မဆိုင်သလိုသာ နေခဲ့တယ်။
ပြည်တွင်းစစ်ငြိမ်းချမ်းရေး ဆန္ဒပြပွဲမှာ…
လူထုခေါင်းဆောင်ဆိုသူဟာ
မဆိုင်သလိုသာ နေခဲ့တယ်။
ရခိုင်ပြည်က လူမျိုးတုန်းသတ်ဖြတ်ပွဲမှာ…
လူထုခေါင်းဆောင်ဆိုသူဟာ
မဆိုင်သလိုသာ နေခဲ့တယ်။
တိုင်းရင်းသားကျောင်းသားတွေရဲ့ ဆန္ဒပြပွဲမှာ
လူထုခေါင်းဆောင်ဆိုသူဟာ
မဆိုင်သလိုသာ နေခဲ့တယ်။
သြော်… နော်အုန်းလှ၊ ကျော်ကိုကို
ကိုဝေဠု၊ ကိုဟန်ဝင်းအောင်၊
မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ရဲ့
ခြေဖျားက မြေမှုန်လောက်တောင်
အဖိုးမထိုက်တော့တဲ့ လူထုခေါင်းဆောင်ပါတကား။(Aung Naing Moe)
အန်တီလုပ်တာ အန်တီတာဝန်ယူတယ်။ အန်တီမှားရင်အန်တီခံမယ်.Daw Su....အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား”Daw Su but please vote me.
မန်မာနိုင်ငံတွင်လွတ်လပ်ရးမရမီကပင် ဗ.က.ပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပေါ်ထွန်းခဲ့သည်၊
ယနေ့အထိလည်း အသက်ရှည်ဆဲပင်ဖြစ်သည်၊
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံဖြစ်ရန် နည်းစုံဘက်စုံဖြင့် ကြိုးစားခဲ့ကြသည်၊
လူထုအုံကြွမှု့၊ ဆန္ဒပြပွဲကြီးများ အမျိုးမျိုးကိုလည်း ဗ.က.ပ မြေအောက်ယူဂျီများက ပြုလုပ်ခဲ့ကြသည့် သာရကများလည်း အထင်ကရရှိခဲ့ပါသည်၊
ကျောင်းသား၊ အရပ်သား၊ ဘုန်းကြီး၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း စသည့် ဘက်စုံဒေါင်
့စုံမှ လူထုလူတန်းစား အသီးသီးထဲတွင် ဗ.က.ပ ယူဂျီများရှိခဲ့ပါသည်၊
သူတို့၏ ကြိုးပမ်းမှု့များကြောင့်လည်း လူထုလှုပ်ရှားမှု့ သပိတ်တိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ကြပါသည်၊
ဗိုလ်ပြုတ်ကြီး မောင်ခင်ညွှန့်တို့ အဖွဲ့က ထုတ်ဝေခဲ့သည့် အာဏာသိမ်းရန်ကြံစည်သူများ (စာအုပ်အနီ)မှာ အထင်အရှား လေ့လာနိုင်ပါသည်။
ဗ.က.ပ ယူဂျီများ ဖန်တည်းသည့် ဆန္ဒပြပွဲများနှင့် ဗ.က.ပ များပါဝင်ပါတ်သက်လာသည့် ဆန္ဒပြပွဲများသည် လူထု၏ ဆန္ဒထက် ဗ.က.ပ တို့၏ ဝါဒစွဲရည်ရွယ်ချက်များက ပိုမိုလွှမ်းမိုးနေသဖြင့် အောင်မြင်မှု့များ မရခဲ့ကြပါ၊
အကျိုးထက် အဆိုးက ပိုများကာ အရှုံးထွက်ပြီး လူထုပင် နစ်နာခဲ့ရသည့် ဆန္ဒပြပွဲများဖြစ်ခဲ့ကြရသည်မို့ အထူးပင် သတိထားရမည့် ကိစ္စဖြစ်ပါသည်။
လူထု၏မကျေနပ်ချက်ကို ထုတ်ဖေါ်ဆန္ဒပြရန်ကိစ္စမှာ လှုံ့ဆော်သူ၊ ဦးဆောင်ဦးရွက်ပြုသူ၊ အနစ်နာခံသူရှိဖို့လည်း လိုပါသည်၊
သို့သော် ထိုဦးဆောင်သူသည် ဗ.က.ပ ဖြစ်ခြင်း၊ ဗ.က.ပ လိုလားသူဖြစ်နေသည်က အရေးမကြီးသေးပါ၊
အရေးကြီးတာက ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးနှင့် ကွန်မြူနစ်နိုင်ငံဖြစ်လာရေး စသည့် ပရောဂများပါလာပါက ၎င်းဆန္ဒပြပွဲမှာ ကျရှုံးမည်သာ ဖြစ်ပြီး၊ အကျိုးမဖြစ်ထွန်းပါ၊
အကြောင်းမှာ ကမ္ဘာသူကမ္ဘာသားများသည် မာက္စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို လုံးဝလက်မခံကြတော့သောကြောင့်ဖြစ်ပါသည်၊
ထို့ကြောင့် ယနေ့ခေတ်ဆန္ဒပြပွဲများတွင် ဝါဒစွဲ ကင်းရှင်းရန်လုံးဝအရေးကြီးပါသည်။(Pho Thar Aung)Hittaing
We need to find find out who control this behind.
Post a Comment