Thursday 29 November 2012

ဒေါ်အောင်ဆန်းစုကြည်မုံရွာသို့ သွား နေပြီဟုသိရ


ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ မုံရွာမြို့သို့ ယာဉ်တန်းဖြင့် ထွက်ခွာလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲ အချိန်ခန့်တွင် စစ်ကိုင်းနှင့် အုန်းတောအကြားရှိ ကံတလူဘုရားအနီးတွင် ကြိုဆိုနေသည့် ဒေသခံပြည်သူများအား နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို့ လေကြောင်းခရီးဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ထိုမှ မုံရွာသို့ ယာဉ်တန်းဖြင့် သွားရောက်နေခြင်း ဖြစ်သည်။ မူလသိရှိရသော အစီအစဉ်အရ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (နိုဝင်ဘာ ၂၉)တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင် လူထုဟောပြောပွဲ ပြုလုပ်မည်ဟု သိရသည်။
EMG

1 comment :

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုကို ဝေဖန်ချင်ပါတယ်။
"အကောင်အထည်ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို"
Freedom News Group (http://freedomnewsgroup.com/2012/11/28/amusay-latpandaung/)

ဒီအဆိုကို ဝေဖန်ချင်ပါတယ်။

အဆိုတခုက တနေရာမှာ မှန်ပေမယ့်၊ တနေရာမှာ မမှန်တတ်ပါဘူး။
တရုတ်ရဲ့ အာဏာရှင်အားကိုးစီးပွါးရှာနေတဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ဝေဖန်နေတာလဲ ကြာပါပြီ။ အာဖရိက ပြည်သူတွေဆို ခံရပေါင်းမနည်းတော့ပါဘူး။


ဒါကြောင့်၊ တရုတ်လုပ်ငန်း အားလုံးကိုမဆိုလိုပါ။ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ လက်ပံတောင်းတောင် စီမံကိန်းလို၊ မြစ်ဆုံစီမံကိန်းလိုဟာတွေကို ပြည်သူ့ဆန္ဒအရ ရပ်ဆိုင်းလိုက်ရလို့ နိုင်ငံတကာ ရဲ့ ယုံကြည်မှု မဆုံးရှုံးပါ။

အဘယ်ကြောင့်ဆိုသော်....

၂၀၁၁ ခုနှစ်မှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတုန်းကလဲ နိုင်ငံတကာက အထင်မသေးတဲ့ အပြင် ၀ိုင်းအားပေးခဲ့ကြပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲလာတဲ့ အချက်ကို ပြည်သူ့ဆန္ဒသဘောအရ မြစ်ဆုံရပ်ဆိုင်းခြင်းနဲ့ တိုင်းတာ ခဲ့ကြပါတယ်။

တကယ်လို့ ပြည်သူက ဒီလောက်တောင်းဆိုနေလျှက် လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာတယ် ဆိုတဲ့အချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။

ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်သူက အဓိကပါ။ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီဘူး ဆိုရင် ဘယ်လောက်ကြီးတဲ့ လုပ်ငန်းဖြစ်ဖြစ် ရပ်ဆိုင်းရတာတွေ အများကြီးပါ။ ဒီလိုရပ်ဆိုင်းလို့ အဲဒီ နိုင်ငံရဲ့ ယုံကြည်မှု ရော့ကျမသွားပါဘူး။

ဥပမာ.. ထိုင်း နိုင်ငံ၊ ရာယောင်းခရိုင်က စက်မှုဇုန်တွေ ဒေသခံပြည်သူများရဲ့ ကျန်းမာရေးကို ထိခိုက်တယ် ဆိုပြီး ၀ိုင်းကန့်ကွက်လို့ ဖြုတ်သိမ်းလိုက်ရတယ်။ ထိုင်းနိုင်ငံ ပိုလို့တောင် စီးပွါးတက်လာပါသေးတယ်။

စင်ကာပူနိုင်ငံ အခြေစိုက် နိုင်ငံတကာ စီးပွါးရေး ရင်းနှီးမြုပ်နှံမှု စိတ်ချရတဲ့ နိုင်ငံ အဆင့်သတ်မှတ်ပေးလျှက်ရှိတဲ့ Vriens & Partners ရဲ့ ၂၀၁၁ အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမှတ်ပေးထားတဲ့ အချက်မှာ မြစ်ဆုံစီမံကိန်းကို ပြည်သူ့ဆန္ဒအရ ရပ်ဆိုင်းလိုက်ခြင်း ဆိုတဲ့အချက် ထည့်ထားပါတယ်။ (http://www.vrienspartners.com/wp-content/uploads/2012/02/VP-2011-Good-Governance-for-International-Business-Index.pdf).

ဒါတွေကို ကြည့်ခြင်းအားဖြင့် စီးပွါးရေး စီမံကိန်း ရပ်ဆိုင်းမှုတိုင်းအတွက် နိုင်ငံတကာကြည့်တာ မဟုတ်ပါ။ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်ပြီးမှ ဆုံးဖြတ်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဟာ တခြားနေရာမှာ မှန်နိုင်ပေမယ့်၊ ပြည်သူ့ဆန္ဒမပါတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းတဲ့ နေရာအတွက်တော့ မှားပါတယ်။
Du Wa at 10:12 PM