Sunday 18 November 2012

Talk Show: Obama trip to Burma: Golden Moon TV (Burmese Program)



-WFWW-
 ၁၁.၁၈.၂၀၁၂ 

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။ ဒီအပတ် အစီအစဉ် မှာ အမေရိကန်သမ္မ အိုဘားမား မြန်မာနိုင်ငံ ကို သွားရောက်လည်ပတ်မည့် ခရီးစဉ် အပေါ် လေ့လာ သုံးသပ်ဆွေးနွေးတင်ပြထားပါတယ်။ 

အမေရိကန် သမ္မတ တဦးမြန်မာ ပြည်ကိုသွားရောက်လည်တာဟာ အေဒီ ၁၀၄၄ ခုနစ် ပထမ မြန်မာနိင်ငံ ကိုစတင်တည်ထောင်ကတည်းက ဒါဟာ မြန်မာသမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။ 

အမေရိကန်သမ္မ အိုဘားမား ဟာ အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ဖို့ သွားရင်း မြန်မာနိုင်ငံ ကို ၀င်ရောက်လည်ပတ် တာဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ ခရီးစဉ် အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်းတွေ ရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့ ၊ အမေရိကန် သမ္မတ အိုဘားမား ကတော့ သူ့ရဲ့ ခရီးစဉ်ဟာ လက်ရှိ အစိုးရ ကို ထောက်ခံဖို့ သွားခဲ့တာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေး ကို တွန်းအားပေးဖို့ သွားခဲ့ခြင်းတာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကျေညာချက်ထဲ မှာ ဖော်ပြထားပါတယ်။ 

အာဆီယံ ညီလာခံ ကို သွားတက်ရောက်မည့် အမေရိကန်သမ္မ အိုဘားမား မြန်မာနိုင်ငံ ကို သွားရောက်တဲ့ အခါမှာမြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှု မွေးဖွားစတင်ခဲ့တဲ့ သမိုင်းဝင် အထိမ်းအမှတ် မှတ်တိုင် နေရာ တရပ်ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်မှာ မြန်မာ လူထု ကို မိန့်ခွန်းပြောကြားမယ်လို့ သတင်းဌာန တွေ မှာ ဖော်ပြနေကြတယ်။ 

ဒါဟာ ထူးခြားမှု တခု ဖြစ်ပြီး၊ ဒီခရီးစဉ်မှာ အမေရိကန်သမ္မတ အိုဘားမား က မြန်မာ့ ဒီမိုကရေစီရေး ကို ထောက်ခံကြောင်းပြသတဲ့ အရေးပါတဲ့ သင်္ကေတ တရပ်ဖြစ်တယ်လို့ လေ့လာသုံးသပ်သူများ က တွက်ဆ ပြောဆိုနေကြပါတယ်။

No comments :