Friday 14 December 2012

ဒီကေ ဘီ အေ ကန့် ကွက်ဆနပြ

7Day News Journal's photo.
လက်ပံတောင်းတောင်သပိတ်စခန်းများအား အစိုးရက ကိုင်တွယ်ခဲ့ပုံများနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကို ကန့်ကွက်သည့်အနေဖြင့် ဒီကေဘီအေ(ကလို့ထူးဘော)တပ်ဖွဲ့ဝင်များက ကရင်ပြည်နယ် မြ၀တီမြို့အတွင်း ယနေ့(ဒီဇင်ဘာ ၁၄ ရက်) နံနက်ပိုင်းတွင် လှည့်လည်ဆန္ဒပြခဲ့ကြောင်း မြ၀တီမြို့ခံများကပြောသည်။

ဗိုလ်မှူးကြီးစောဆန်းအောင် အပါအ၀င် အင်အား ၁၀၀ ကျော်ခန့်သည် ကား ၁၀ စီးခန့်ဖြင့် နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲဝန်းကျင်ထိ ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဒေသခံများကပြောသည်။ ဆန္ဒပြသူများသည် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မြ၀တီဈေးအနီး တောရကျောင်းလမ်း အ၀င်မုခ်ဦးဝမှ စတင်ထွက်ခွာခဲ့ကြောင်း ဒေသခံများကဆိုသည်။

၎င်းတို့သည် “ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ချက်ချင်းရပ်ပေးပါ”၊ “သံဃာတော်တွေနဲ့ ပြည်သူလူထု တောင်းဆိုချက်များကို လိုက်လျောပေးပါ” အစရှိသည့်စာတန်းများ ကိုင်ဆောင်၍ လှည့်လည်ခဲ့ကြသည်။
လက်ပံတောင်းတောင်သပိတ်စခန်းများ
အား အစိုးရက ကိုင်တွယ်ခဲ့ပုံများနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကို ကန့်ကွက်သည့်အနေဖြင့် ဒီကေဘီအေ(ကလို့ထူးဘော)တ
ပ်ဖွဲ့ဝင်များက ကရင်ပြည်နယ် မြ၀တီမြို့အတွင်း ယနေ့(ဒီဇင်ဘာ ၁၄ ရက်) နံနက်ပိုင်းတွင် လှည့်လည်ဆန္ဒပြခဲ့ကြောင်း မြ၀တီမြို့ခံများကပြောသည်။

No comments :