Monday 10 December 2012

ပုသိမ်လူငယ်များ ဆန္ဒထုတ်ဖေါ်

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ပုသိမ်တွင် ဆန္ဒဖော်ထုတ်

MONDAY, DECEMBER 10, 2012  အိမ့်သံစဉ်  

စစ်ကိုင်းတိုင်း၊ မုံရွာအနီးရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် ပုသိမ်မြို့ရှိ တက်ကြွ လှုပ်ရှား သူများက ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ထဲသို့လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

လှုပ်ရှားမှုအား နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေဝါရောင်ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးဇင်း 
နိုင်ကြီး က ဦးဆောင်ကာ တက်ကြွလှုပ်ရှားသူ ၂၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။ 

တက်ကြွလှုပ်ရှားသူများက ပုသိမ်မြို့တောင်ဘက်ရှိ တဂေါင်းဘုရားအနီးမှ နံနက် ၉ နာရီခန့်က စတင်ကာ 

“၀မ်ပေါင်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး”၊ 

“သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပပျောက်ရေး”၊

 “ပြည်သူပိုင်ပစ္စည်းနှင့် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း - အလိုမရှိ” စသဖြင့် ကြွေးကြော်ကာ ပုသိမ်မြို့ထဲ သို့ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

လှုပ်ရှားသူများသည် “ဒေါ်နော်အုန်းလှ၊ ကိုဝေလု၊ ကိုညီညီလွင်၊ ဦးမျိုးချစ်၊ ကိုရဲလင်း နိုင်ငံရေးသမားများ ချက်ခြင်းလွှတ်”၊ ”သာသနာတော်ကိုကာကွယ် စောင့်ရှောက်ရေး”၊ ”ဒဏ်ရာရ သံဃာတော်များအား တာဝန်ရှိသူများမှ ၀န်ချတောင်းပန်ရေး” စသည့်ပိုစတာများ ကိုင်ဆောင်ကာ ပုသိမ်မြို့၏ အထင်ကရနေရာ များဖြစ်သည့် ရွှေမုဋ္ဌောဘုရား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ တရားလွှတ်တော်ရုံး စသည့်နေရာများသို့ လှည့်လည်ခဲ့သည်။ 

ထို့ပြင် ရွှေပြည်သာဈေးကြီး၊ အောင်သီရိဈေး၊ မြို့သစ်ဈေး၊ ဘူတာဈေး၊ မြို့တော်ခန်းမ၊ စသည့် လူ စည် ကားသည့်နေရာများသို့လည်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ စတင်လှည့်လည်စဉ်က လှုပ်ရှားသူ ၂၀ ဦးဖြင့် စတင်ခဲ့သော်လည်း မြို့ထဲသို့ ရောက်ရှိချိန်တွင် မြို့ခံလူထု ၁၀၀ ခန့်အထိ ဆန္ဒဖော်ထုတ်မှုတွင် လိုက်ပါ လာခဲ့သည်။ 

ဆိုက်ကားစီးကာ ဆန္ဒဖော်ထုတ်မှုတွင် လိုက်ပါလာသူ မသန်စွမ်းသူတဦးက “ဘုန်းတော်ကြီးတွေ မီးလောင် တဲ့ ဒဏ်ရာတွေမြင်ရတော့ ဦးလေး အရမ်းခံစားရတယ်။ ပြည်သူလူထုသဘောမတူတဲ့ ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်”ဟု မျက်ရည်သုတ်ရင်း ပြောသည်။ 

တက်ကြွလှုပ်ရှားသူများက ၄ နာရီခန့်ကြာအောင် လက်ပံတောင်းတောင်အရေးကို ပုသိမ်မြို့တွင်း၌ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နေ့လည် ၁ နာရီခန့်တွင် တဂေါင်းဘုရား၌ပင် ဆန္ဒဖော်ထုတ်မှုကို အဆုံးသတ်ခဲ့သည်။ 

ဆန္ဒဖော်ထုတ်မှုအား ယခုလ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ရန် စီစဉ် ထားပြီး နောက်ရက်များတွင် ပုသိမ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှုကွန်ရက်အဖွဲ့များပါ ပူးပေါင်းဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း ဦးဆောင်သူ ဦးတေဇောဘာသက ပြောသည်။

 ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ဖမ်းဆီးထိမ်းသူများ ပြန်လွှတ်ပေးရေး ပုသိမ်မြို့ ဆန္ဒပြမြင်ကွင်း၊ ဓာတ်ပုံ- သန့်စင်ငြိမ်းချမ်း/ ဧရာဝတီ

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ပုသိမ်တွင် ဆန္ဒဖော်ထုတ်

MONDAY, DECEMBER 10, 2012 အိမ့်သံစဉ်

စစ်ကိုင်းတိုင်း၊ မုံရွာအနီးရှိ လက်ပံတောင်းတောင်ကြေးနီစီ
မံကိန်း ရပ်ဆိုင်းပေးရန် ပုသိမ်မြို့ရှိ တက်ကြွ လှုပ်ရှား သူများက ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ထဲသို့လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

No comments :