Tuesday, 25 December 2012

ပုဂံလေကြောင်း က လေယျဉ်တစီး ဟဲဟိုးလေဆိတ် အဆင်းတွင် ပျက်ကျ


အဲယားပုဂံလေယာဉ်ခရီးစဉ်အမှတ် W9- 011 ၊ ATR 72 အမျိုးအစားလေယာဉ်သည် ဟဲဟိုးလေဆိပ်ရောက်ရန် ၂မိုင်ခန့်အလိုတွင်မီးလောင်ပြီး ပြောင်းဖူးခင်းအတွင်းသို့အရေးပေါ်ဆင်းသက်ခဲ့ရပြီး လမ်းပေါ်ရှိ
မီးတိုင်များကိုတိုက်မိသောကြောင့် ဒေသခံအချို့ ထိခိုက်ဒါဏ်ရာရကြောင်းသိရသည်။ အဲယားပုဂံ Facebook စာမျက်နှာတွင် ခရီးသည်လေယာဉ်ဝန်ထမ်းများ၊ခရီးသည်များအသေအပျောက်မရှိဟုသာဖေါ်ပြထားပြီး ထိခိုက်ဒါဏ်ရာရမှုအခြေအနေကိုဖေါ်ပြထားခြင်းမရှိပေ။
(https://www.facebook.com/AirBagan?ref=stream)
ဖုန်းဖြင့်ကြားသိရသည်မှာ ဧည့်လမ်းညွှန်လေးဦး တောင်ကြီးစပ်စံထွန်းဆေးရုံတွင်အရေးပေါ် ရောက်နေကြောင်းနှင့် မြေပြင်ရှိေ၏သခံအချို့သေဆုံးမှုရှိကြောင်းသိရှိရသည်။ ကမ္ဘာလှည့်ခရီးသွားများထိခိုက်မှုအခြေအနေကိုမသိရှိရသေးပေ။ လေယာဉ်မီးလောင်မှုကြီးမားကြောင်းပြောဆိုနေကြသည်။
 

No comments :