Saturday 1 December 2012

စစ်ကိုင်း ဒေသပါတီ ဥက္ကဌ သာအေးကို သံဃာများ စတင်ကံဆောင်နေပြီ

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးမှ မုံရွာမြို့ ဇောတိကကျောင်း တိုက်ရှိ သံဃာတော်များအား ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ တွင် နေ့ဆွမ်း ကပ်လှူခဲ့ရာတွင် ကျောင်းတိုက် သံဃာတော်များက လက်ခံခဲ့ခြင်း မရှိကြောင်း အဆို
ပါကျောင်း တိုက်ရှိ ဆရာတော် ဦးပညာသာမိက ရန်ကုန်မီဒီယာ ဂရုပ်သို့ အတည်ပြု မိန့်ကြားသည်။

"ဦးသာအေးက နေ့ဆွမ်းလာကပ်တာကို ငြင်းဆန်လိုက်တာ မှန်ပါတယ်။ ဒါက ဒီကျောင်းတိုက်မှာရှိတဲ့ သဘောထားဆန္ဒပါ အဓိကကတော့ လက်ရှိဖြစ်နေတဲ့ လက်ပံတောင်းတောင်အရေးမှာ သူ့ဟာတာဝန်အရှိဆုံး လို့ယူဆတဲ့အတွက်ပါ''ဟု ဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။

ဆရာတော် ဦးပညာသာမိက ဆက်လက်မိန့်ကြားရာတွင် ''နောက်ပြီး တကယ်ကြည်ညိုတဲ့ သဘောမဆောင်ဘဲ ပြယုဂ်သက်သက်လို့လဲ မြင်လို့ပါ။ ဦးဇင်းတို့ ဆေးရုံကိုသွားတော့ သံဃာတွေ အနာတရ ဖြစ်နေတာ ကြည့်ရတာ တကယ်စိတ်မကောင်းစရာပဲ " ဟု မိန့်သည်။

အဆိုပါဆွမ်းကပ်လှူခြင်းသည် ယမန်နှစ်မှ စာအောင်သံဃာများ အတွက် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲဖြစ်ပြီး ယင်းအစီအစဉ် ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ဦးသာအေးမှလည်း နှစ်စဉ်နီးပါး ဆွမ်းဆက်ကပ်လေ့ရှိကြောင်း သိရသည်။

ယင်းနေ့၏ နေ့ဆွမ်းဆက်ကပ်မှု ကို ကျောင်းတိုက်မှ တာဝန်ယူ ကာဘုံဆွမ်းဆက်ကပ်ခြင်းဖြစ်သာ ဆောင်ရွက်ခဲ့ကြောင်း ယင်းကျောင်းတိုက်မှ တာဝန်ရှိဆရာတော်ဂါရ၀ ကမိန့်ကြားခဲ့သည်။

"ဦးသာအေးက နှစ်တိုင်းနီးပါးကပ်တယ် ဒီနှစ်တော့ အောက်ငယ်သား သံဃာတွေ ရဲ့ သဘောထားဆန္ဒအတိုင်း ဆရာတော်ကြီးက ငြင်းလိုက်တယ် " ဟု ဦးပညာသာမိက ထပ်မံမိန့်ကြားသည်။

လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်ပွဲတွင် မုံရွာမြို့ ဇောတိက ကျောင်းတိုက် မှ ထိခိုက်ဒဏ်ရာရသည့် သံဃာတော် ၃၂ ပါးရှိပြီး ၁၆ ပါးမှာ မုံရွာမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ကုသမှု ခံယူနေကြောင်း သိရသည်။

No comments :