Thursday 6 December 2012

ရေဆိုး ပြသနာ

ရေဆိုးစွန့်ပစ်မှုနည်းလမ်းမှန်ကန်နိုင်ရန်လိုအပ်လျက်ရှိ
 

မုံရွာ၊ ဒီ ၆
 

ချင်းတွင်းမြစ်ရေအား သောက်သုံးရေအဖြစ်အဓိထားသုံးစွဲနေရသူ များစွာရှိသော်လည်း မုံရွာမြို့တွင်းရှိ ရေဆိုးများအား မြစ်ကြောင်းအတွင်းသို့ စည်းကမ်းမဲ့စွာစွန့်ထုတ်လျက်ရှိသည့်အတွက် မြစ်ရေညစ်ညမ်းမှုတစ်ရပ် ဖြစ်ပွားရသည်ဟု မြစ်ရေသုံးစွဲနေသူများက ပြောပြသည်။
မုံရွာမြို့၏လက်ဘက်ရည်ဆိုင်အများစုနှင့် မြို့ရေ ပေးဝေးရေးလက်လှမ်းမမီသော ၊ အော

င်ဇေယျုံရပ်ကွက်၊ မုံရွာတောင်ရပ်ကွက် နှင့် ပိတောက်ကုန်ရပ်ကွက်နေ ပြည်သူအချို့သည် ချင်းတွင်းမြစ်ရေအား သောက်သုံးရေအ ဖြစ် အဓိကထားသုံးစွဲလျက်ရှိရာ မြို့တွင်းမှ ရေဆိုးများအား မြစ်ကြောင်းအတွင်းသို့ စည်းကမ်းမဲ့စွာ စွန့်ပစ်နေမှု ကြောင့် မြစ်ရေသုံးစွဲသူအချို့ သောက်သုံးရေသုံးစွဲနိုင်ရန် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်းသိရှိရသည်။
အညစ်အကြေးပေါင်းစုံ၊အနံ့အသက်ပေါင်းစုံပါဝင်သော မြို့တွင်းမှရေဆိုးများသည် ရေဆိုးမြောင်းလက်တံ များမှတဆင့် ချင်း တွင်းမြစ်တွင်းသို့ စည်းကမ်းမဲ့စွာစွန့်ထုတ်နေခြင်းသည် မြစ်ရေအားညစ်ညမ်းစေပြီး၊သောက်သုံး ရေအဖြစ် မြစ်ရေအားသုံးစွဲနေရသူများအဖို့ လွန်စွာအခက်ကြုံနေရသည်ဟုသိရှိရသည်။
မြစ်ကြောင်းအတွင်းသို့ ရေဆိုးများစွန့်ထုတ်မည်ဆိုပါက မြစ်ရေညစ်ညမ်းမှုမဖြစ်ပေါ်စေရန် သက်ဆိုင်ရာမှ ရေဆိုးသန့်စင်စက်များတပ်ဆင်အသုံးပြု၍ ရေဆိုးစွန့်ပစ်ခြင်းသည် မြစ်ရေအားသောက်သုံးရေအဖြစ်သုံးစွဲသူများ အတွက်ထောက်ကူဖြစ်စေနိုင်သည်ဟု ပညာရှင်များက ဝေဖန်ပြောဆိုလျက်ရှိကြောင်းသိရှိရသည်။

No comments :