Monday 3 December 2012

သမတ ဦးသိန်းစိန် ဘရူးနိင်း သို့ သွား


" ဦးသိန်းစိန် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ"

နေပြည်တော် ဒီဇင်ဘာ ၃


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦ

းသိန်းစိန်သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီဟာဆာနယ် ဘိုလ်ကီးယားမူအစ်ဇာဒင် ဝါဒိုလာ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန
်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထင်အောင်၊ ဒေါက်တာ ဘရွှေ၊ ဒေါက်တာဝင်းမြင့်၊ ဦးဆက်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။

Popular Myanmar News Journal

No comments :