ဇဝေဇ၀ါ နတ်ဒေ၀ါ
+
လူတွေကဂယောက်ဂယက်
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။
သိကြားနဲ့ အသူရာ
ဘောက်ကျကာစစ်ခင်း
ယောက္ခမ နဲ့ သားမက် ချင်းဆိုတော့
ပျင်းယင်တိုက်ပျော်ယင်တိုက်
ပမ်းတော့နားနေ သူရာနဲ့ဖြေ
နတ်ကျောမွဲတွေသေတာကတော့ ကမ္မသကာပဲလေ။
ခုလဲလေ တန်ဆောင်တိုင်ညမှာ
သံဃာကိုမီးလောင်ဗုံး ပူဇော်ခဲ့သူတွေက
မနောမြေမှာ အမြောက်သံ သေနတ်သံတွေနဲ့
သွေးညှီနံ့လူးလို့ ခရစ္စမတ်ပွဲတော်ကိုဆင်နွဲနေတဲ့
ရွှေမြေကလည်း နတ်ဒေဝါတို့ပွဲလိုပါ့
စစ်မင်း စစ်ကဲတို့ နှစ်ဖက်ညီ
ငြိမ်းရေးတေးသံကို သံပြိုင်ကျူးယင်း
မဲဆောက်ကလူ ရန်ကုန်ရောက်
ရန်ကုန်ကလူမဲဆောက်ရောက်
ရွှေလမ်းငွေလမ်းတွေဖောက်နေလိုက်ြ
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။
သိကြားနဲ့ အသူရာ
ဘောက်ကျကာစစ်ခင်း
ယောက္ခမ နဲ့ သားမက် ချင်းဆိုတော့
ပျင်းယင်တိုက်ပျော်ယင်တိုက်
ပမ်းတော့နားနေ သူရာနဲ့ဖြေ
နတ်ကျောမွဲတွေသေတာကတော့ ကမ္မသကာပဲလေ။
ခုလဲလေ တန်ဆောင်တိုင်ညမှာ
သံဃာကိုမီးလောင်ဗုံး ပူဇော်ခဲ့သူတွေက
မနောမြေမှာ အမြောက်သံ သေနတ်သံတွေနဲ့
သွေးညှီနံ့လူးလို့ ခရစ္စမတ်ပွဲတော်ကိုဆင်နွဲနေတဲ့
ရွှေမြေကလည်း နတ်ဒေဝါတို့ပွဲလိုပါ့
စစ်မင်း စစ်ကဲတို့ နှစ်ဖက်ညီ
ငြိမ်းရေးတေးသံကို သံပြိုင်ကျူးယင်း
မဲဆောက်ကလူ ရန်ကုန်ရောက်
ရန်ကုန်ကလူမဲဆောက်ရောက်
ရွှေလမ်းငွေလမ်းတွေဖောက်နေလိုက်ြ
နတ်ပြည်ခွေးလမ်းပေါက်သလိုပါဘဲလာ
လူတွေကဂယောက်ဂယက်
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။
ရဲဘော်ကျော်သန်း
No comments :
Post a Comment