Sunday, 23 December 2012

နိင်ငံရေးအကျဉ်းသားဟောင်းများ ညီလာခံခေါ်ရန်ကြိုးပန်း

နိုင်ကျဉ်းညီလာခံခေါ်ဖို့ရှိ
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ညီလာခံခေါ်ဖို့ နဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို အကူအညီပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ကနေ ရန်ပုံငွေရှာ စာအုပ်မိတ်ဆက် ရောင်းချပွဲတစ်ခု ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှာရှိတဲ့ City Star Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီစာအုပ်တွေကတော့ ဆရာ စံ-ဇာဏီဘိုရေးသားထားတဲ့ ၁ ထောင် ၅-ည ပုံပြင်များနဲ့ ဆရာ မြင့်ဝင်းမောင် (AZ) ရေးသားထားတဲ့ အနာဂတ်မြန်မာနိုင်ငံ ခေတ်သစ်လွန်လှု့အဖွဲ့အစည်းနှင့် ဒီမိုကရက်တစ် နိုင်ငံရေး သမားကောင်း ဆိုတဲ့ စာအုပ်တွေဖြစ်ပါတယ်။ဒီစာအုပ် မိတ်ဆက်ပွဲကို စာပေချစ်မြတ်နိုးသူတွေ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအဝင် လူဦးရေ ၇၀ လောက် တက်ရောက် လာခဲ့ကြပါတယ်။ အဲဒီလိုပဲ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဟာ မကြာသေးခင်ကပဲ ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ဖို့ စီစဉ်ထားတဲ့အပေါ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်လို့ဆိုပြီး ခွင့်ပြုချက်ချမပေးခဲ့တာကြောင့် ဂီတရန်ပုံငွေရှာပွဲပျက်ခဲ့ရသလို ပွဲလုပ်ဖို့ စရံပေးထားတဲ့ ငွေ ၅သိန်းလည်း ဆုံးမလိုဖြစ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။

No comments :